
တချိန်တုန်းကဗစ်တိုးရီးယားနှင့်ဒေးဗစ်ဘက်ဟမ်းစုံတွဲလက်သစ်ဆိုပြီးတင်စားခြင်းခံခဲ့ရဖူးတဲ့တာမာရာဂေါ်ရိုနှင့်အီဇီကွေးလ်ဂါရေးတို့ဟာဆယ်နှစ်ကြာလက်တွဲလာပြီးနောက်လမ်းခွဲလိုက်ကြပြီဖြစ်ပါတယ်။၎င်းတို့စုံတွဲဟာ၎င်းတို့ရဲ့အိပ်ယာပေါ်မှဘဝကိုလူသိရှင်ကြားဖွင့်ဟပြီးတစ်နှစ်ကျော်အကြာမှာဘဲလမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။
ထိုစဉ်တုန်းကစပိန်မော်ဒယ်၊မင်းသမီးနှင့် Influencer ဂေါ်ရိုကခင်ပွန်းဖြစ်သူဂါရေးနှင့်နေ့စဉ်ရက်ဆက်ချစ်တင်းနှောလွန်းမှုကြောင့်စိတ်ပန်းလူပန်းဖြစ်ခဲ့ရကြောင်းဖွင့်ဟခဲ့တာဖြစ်ပါတယ်။
၂၀၂၁ခုနှစ်တုန်းကအင်တာဗျူးတစ်ခုမှာဂေါ်ရိုက “တကယ်လို့များအရင်တုန်းကလိုလိင်ဆန္ဒရှိသေးလားလို့မေးလာရင်မရှိတော့ဘူးလို့ပဲဖြေရပါလိမ့်မယ်။အချိန်နည်းပါးလို့လား၊ဒါမှမဟုတ်ဆန္ဒနည်းလာလို့လားဆိုတာမသိပါဘူး။ဒါပေမဲ့ဆန္ဒတကယ်မရှိတော့တာတော့အမှန်ပါပဲ။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်မခင်ပွန်းကိုတော့ချစ်တယ်။ဒါပေမဲ့နေ့တုန်းတော့သူနဲ့ချစ်တင်းမနှောချင်ဘူး။ဘာလို့လဲဆိုတော့အရမ်းစိတ်ပန်းလူပန်းဖြစ်ရတယ်”လို့ပြောကြားသွားပါတယ်။
အသက်၃၆နှစ်ရှိအာဂျင်တီးနားလက်ရွေးစင်နောက်ခံလူဟောင်းဟာ၂၀၁၃ခုနှစ်တုန်းကမန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့လုနီးပါးဖြစ်ခဲ့ဖူးသူဖြစ်ပါတယ်။ထိုစဉ်တုန်းကဘင်ဖီကာနှင့်ဗလင်စီယာနောက်ခံလူဟောင်းနှင့်ဂေါ်ရိုတို့ဟာ Posh and Becks လက်သစ်ဆိုပြီးနာမည်ကြီးခဲ့ကြပါတယ်။
ယခုအခါအသက်၃၅နှစ်ရှိဂေါ်ရိုက “ကျွန်မတို့လမ်းခွဲကြတော့မယ်။ကွာရှင်းမယ်လို့ဆိုလိုတာမဟုတ်ပါဘူး”လို့ဆိုသွားပါတယ်။
ဂေါ်ရိုနှင့်ဂါရေးတို့ဟာ၂၀၁၀ခုနှစ်တွင်စတင်ချစ်ကြိုက်ပြီးနောက်၂၀၁၂ခုနှစ်တွင်လက်ထပ်ခဲ့ကြကာ ရှာလာနှင့်အန်တိုနီယိုအမည်ရှိသားသမီးနှစ်ဦးပိုင်ဆိုင်ထားပါတယ်။
ဂါရေးဟာဒဏ်ရာပြဿနာများစွာနှင့်ကြုံတွေ့ခဲ့ရပြီးနောက်၂၀၂၁ခုနှစ်တုန်းကကစားသမားဘဝမှအနားယူခဲ့ရသူဖြစ်ပါတယ်။
ဇနီးသည်ကတင်ထားတဲ့ပို့စ်ကဂါရေးကလည်း “နှုတ်ဆက်တာမဟုတ်ဘူး။ဒါပေမဲ့နောက်ပြီးကျမှတွေ့ကြမယ်။မင်းကိုချစ်တယ်။ဘယ်လိုပဲဖြစ်ဖြစ်မင်းကငါ့ဘဝရဲ့အချစ်ဆုံးပါ”လို့ဆိုသွားပါတယ်။
ဂါရေးဟာအာဂျင်တီးနားအသင်းအတွက်၃၂ပွဲကစားခဲ့သူဖြစ်ပြီးကစားသမားဘဝအတွင်းတွင်ရီးရဲလ်မက်ဒရစ်၊ဘင်ဖီကာ၊ဇင်းနစ်၊ဗလင်စီယာတို့တွင်ကျင်လည်ကစားခဲ့ဖူးပါတယ်။
ZawGyi
ခ်စ္တင္းေႏွာလြန္းလို႔ စိတ္ပန္းလူပန္းျဖစ္ခဲ့ရၿပီးေနာက္ လမ္းခြဲလိုက္ၾကၿပီျဖစ္တဲ့ ဘက္ဟမ္းႏွင့္ဗစ္တိုးရီးယားလက္သစ္ေမာင္ႏွံ
တခ်ိန္တုန္းကဗစ္တိုးရီးယားႏွင့္ေဒးဗစ္ဘက္ဟမ္းစုံတြဲလက္သစ္ဆိုၿပီးတင္စားျခင္းခံခဲ့ရဖူးတဲ့တာမာရာေဂၚ႐ိုႏွင့္အီဇီေကြးလ္ဂါေရးတို႔ဟာဆယ္ႏွစ္ၾကာလက္တြဲလာၿပီးေနာက္လမ္းခြဲလိုက္ၾကၿပီျဖစ္ပါတယ္။၎တို႔စုံတြဲဟာ၎တို႔ရဲ႕အိပ္ယာေပၚမွဘဝကိုလူသိရွင္ၾကားဖြင့္ဟၿပီးတစ္ႏွစ္ေက်ာ္အၾကာမွာဘဲလမ္းခြဲခဲ့ၾကတာျဖစ္ပါတယ္။
ထိုစဥ္တုန္းကစပိန္ေမာ္ဒယ္၊မင္းသမီးႏွင့္ Influencer ေဂၚ႐ိုကခင္ပြန္းျဖစ္သူဂါေရးႏွင့္ေန႔စဥ္ရက္ဆက္ခ်စ္တင္းေႏွာလြန္းမႈေၾကာင့္စိတ္ပန္းလူပန္းျဖစ္ခဲ့ရေၾကာင္းဖြင့္ဟခဲ့တာျဖစ္ပါတယ္။
၂၀၂၁ခုႏွစ္တုန္းကအင္တာဗ်ဴးတစ္ခုမွာေဂၚ႐ိုက “တကယ္လို႔မ်ားအရင္တုန္းကလိုလိင္ဆႏၵရွိေသးလားလို႔ေမးလာရင္မရွိေတာ့ဘူးလို႔ပဲေျဖရပါလိမ့္မယ္။အခ်ိန္နည္းပါးလို႔လား၊ဒါမွမဟုတ္ဆႏၵနည္းလာလို႔လားဆိုတာမသိပါဘူး။ဒါေပမဲ့ဆႏၵတကယ္မရွိေတာ့တာေတာ့အမွန္ပါပဲ။ဒါေပမဲ့ဘယ္လိုပဲျဖစ္ျဖစ္ကြၽန္မခင္ပြန္းကိုေတာ့ခ်စ္တယ္။ဒါေပမဲ့ေန႔တုန္းေတာ့သူနဲ႔ခ်စ္တင္းမေႏွာခ်င္ဘူး။ဘာလို႔လဲဆိုေတာ့အရမ္းစိတ္ပန္းလူပန္းျဖစ္ရတယ္”လို႔ေျပာၾကားသြားပါတယ္။
အသက္၃၆ႏွစ္ရွိအာဂ်င္တီးနားလက္ေ႐ြးစင္ေနာက္ခံလူေဟာင္းဟာ၂၀၁၃ခုႏွစ္တုန္းကမန္ခ်က္စတာယူႏိုက္တက္သို႔ေျပာင္းေ႐ႊ႕လုနီးပါးျဖစ္ခဲ့ဖူးသူျဖစ္ပါတယ္။ထိုစဥ္တုန္းကဘင္ဖီကာႏွင့္ဗလင္စီယာေနာက္ခံလူေဟာင္းႏွင့္ေဂၚ႐ိုတို႔ဟာ Posh and Becks လက္သစ္ဆိုၿပီးနာမည္ႀကီးခဲ့ၾကပါတယ္။
ယခုအခါအသက္၃၅ႏွစ္ရွိေဂၚ႐ိုက “ကြၽန္မတို႔လမ္းခြဲၾကေတာ့မယ္။ကြာရွင္းမယ္လို႔ဆိုလိုတာမဟုတ္ပါဘူး”လို႔ဆိုသြားပါတယ္။
ေဂၚ႐ိုႏွင့္ဂါေရးတို႔ဟာ၂၀၁၀ခုႏွစ္တြင္စတင္ခ်စ္ႀကိဳက္ၿပီးေနာက္၂၀၁၂ခုႏွစ္တြင္လက္ထပ္ခဲ့ၾကကာ ရွာလာႏွင့္အန္တိုနီယိုအမည္ရွိသားသမီးႏွစ္ဦးပိုင္ဆိုင္ထားပါတယ္။
ဂါေရးဟာဒဏ္ရာျပႆနာမ်ားစြာႏွင့္ႀကဳံေတြ႕ခဲ့ရၿပီးေနာက္၂၀၂၁ခုႏွစ္တုန္းကကစားသမားဘဝမွအနားယူခဲ့ရသူျဖစ္ပါတယ္။
ဇနီးသည္ကတင္ထားတဲ့ပို႔စ္ကဂါေရးကလည္း “ႏႈတ္ဆက္တာမဟုတ္ဘူး။ဒါေပမဲ့ေနာက္ၿပီးက်မွေတြ႕ၾကမယ္။မင္းကိုခ်စ္တယ္။ဘယ္လိုပဲျဖစ္ျဖစ္မင္းကငါ့ဘဝရဲ႕အခ်စ္ဆုံးပါ”လို႔ဆိုသြားပါတယ္။
ဂါေရးဟာအာဂ်င္တီးနားအသင္းအတြက္၃၂ပြဲကစားခဲ့သူျဖစ္ၿပီးကစားသမားဘဝအတြင္းတြင္ရီးရဲလ္မက္ဒရစ္၊ဘင္ဖီကာ၊ဇင္းနစ္၊ဗလင္စီယာတို႔တြင္က်င္လည္ကစားခဲ့ဖူးပါတယ္။