ချစ်ပရိသတ်များကို ပါးစပ်အဟောင်းသားဖြစ်လာအောင် လုပ်လိုက်တဲ့ ချာလ်တန်စတားဟောင်းမာဒီလိန်းရိုက်

ချာလ်တန်အမျိုးသမီးစတားဟောင်းအဖြစ်ကနေ OnlyFan မော်ဒယ်အဖြစ်ပြောင်းလဲလိုက်တဲ့မာဒီလိန်းရိုက်ဟာဆန်တိုရီနီခရီးစဉ်အတွင်းရိုက်ကူးထားတဲ့ဓာတ်ပုံများအား သူမရဲ့ပရိသတ်များအတွက်အခမဲ့မျှဝေမှုပြုလုပ်လာပါတယ်။

အသက်၂၂နှစ်ရှိရိုက်ဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းကကားမောင်းနေရင်းရှန်ပိန်သောက်တဲ့ဗီဒီယိုဖိုင် Snapchat တွင်ပေါက်ကြားလာပြီးနောက်ချာလ်တန်အမျိုးသမီးအသင်းမှထုတ်ပယ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

ရိုက်ဟာဂရိကျွန်းသို့ခရီးသွားရောက်ခဲ့ပြီးယင်းတွင်ရိုက်ကူးထားတဲ့ဓာတ်ပုံများကို Followers နှစ်သိန်းကျော်ရှိတဲ့သူမရဲ့အင်စတာဂရမ်အကောင့်ကနေမျှဝေမှုပေးသွားပါတယ်။

သူမဟာချာလ်တန်မှထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် OnlyFan မှာအကောင့်ဖွင့်ကာ သူမရဲ့ဓာတ်ပုံနှင့်ဗီဒီယိုကြည့်လိုသူများကို တစ်လလျှင်၃၃ပေါင်နှုန်းနှင့်ရောင်းချတင်နေသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့သူမဟာအင်စတာဂရမ်အကောင့်မှာဘဲသူမရဲ့အမိုက်စားဓာတ်ပုံများကိုချစ်ပရိသတ်များအခမဲ့ကြည့်နိုင်အောင်တင်လာပြီဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့မတ်လမှစတင်ကာလေ့ကျင့်ခန်းဆင်းမှုများပြန်လည်ပြုလုပ်ကာကလပ်သစ်ရှာဖွေနိုင်ဖို့မျှော်လင့်နေသူလည်းဖြစ်ပါတယ်။

သူမဟာမီဝေါလ်မှာဘောလုံးသမားဘဝစတင်ပြီးနောက်ချာလ်တန်သို့ပြောင်းခဲ့ပြီးနောက်ဒီဇင်ဘာလတုန်းကထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ZawGyi







