ချစ်သူကို သွားမတွေ့ဘဲ မိုင် ၆၆၀ ခရီးသွားကာ လိဂ် ၁ အသင်းပွဲကို သွားကြည့်မှုအတွက် ဒေါသထွက်ခံနေရတဲ့ ပရိသတ်
ရည်းစားကောင်မလေးတစ်ဦးဟာသူမရဲ့ချစ်သူမှာသူမထံသို့လာမတွေ့ဘဲ သူအားပေးတဲ့ဘောလုံးအသင်းရဲ့အဝေးကွင်းပွဲစဉ်ကိုအားပေးရန်မိုင်၆၆၀ခရီးသွားမှုအပေါ်အကြီးအကျယ်ဒေါသထွက်နေပါတယ်။
ဆတ်ရှ်ဟာသူမရဲ့ချစ်သူကောင်လေးနှင့်အတူအချိန်ကုန်ဆုံးလိုနေပါတယ်။ချစ်သူကောင်လေးကသူမနဲ့၈မိုင်အကွာမှာဘဲနေထိုင်တာပါ။သူတို့မဆုံစည်းကြတာတစ်ပတ်ရှိပြီဖြစ်ပါတယ်။
ဒါပေမယ့်ကောင်လေးဟာသူ့ချစ်သူကိုသွားမတွေ့ဘဲချာလ်တန်အသင်းရဲ့မိုးကမ်ဘီနှင့်အဝေးကွင်းပွဲစဉ်ကိုမိုင်၃၃၀ခရီးသွားခဲ့ပါတယ်။
သူဟာကန့်မှ၅နာရီနှင့်၄၅မိနစ်ကြာမီးရထားခရီးရှည်စီးကာချာလ်တန်ရဲ့အဝေးကွင်းပွဲစဉ်ကိုသွားရောက်အားပေးခဲ့ပါတယ်။
သူမကတွစ်တာအကောင့်တွင် “ကျွန်မချစ်သူရဲ့မိုင်အနည်းငယ်အကွာမှာနေတာပါ။သူနဲ့မတွေ့ဖြစ်တာတစ်ပတ်လောက်ရှိပြီ။ဒီနေ့နံနက်၈နာရီလည်းကျရောချာလ်တန်ပွဲကိုကြည့်ဖို့ မိုးကမ်ဘီသို့ပေါင်၃၃၀ခရီးထွက်သွားတယ်။ကျွန်မအရမ်းဒေါသတော့သူအရမ်းအံ့ဩနေတယ်။သူ့ရဲ့အဓိကဦးစားပေးကဘာလဲ”လို့ရေးသားသွားပါတယ်။
ကောင်လေးဟာချစ်သူကောင်မလေးရဲ့ဒေါသထွက်ခြင်းခံနေရပေမယ့်လည်းဘောလုံးပရိသတ်တွေရဲ့အားပေးမှုတော့ရရှိနေပါတယ်။
ပရိသတ်တစ်ဦးက “မိန်းမတွေကရောက်လာပြီးပြန်ထွက်သွားကြတယ်။မင်းရဲ့ပထမအချစ်ကအမြဲရှိနေလိမ့်မယ်။သူ့အပေါ်ကောင်းပါ။မင်းအစားရှက်တယ်”လို့ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “ကောင်မလေးတွေရောက်လာပြီးပြန်ထွက်သွားကြတယ်။မင်းရဲ့ဘောလုံးကလပ်ကတော့အဲဒီလိုမဟုတ်ဘူး”လို့ဆိုသွားပါတယ်။
မိုကမ်ဘီနှင့်ချာလ်တန်ပွဲစဉ်မှာ၂ဂိုးစီသရေကျခဲ့တာကြောင့်မိုင်ခြောက်ရာကျော်ခရီးနှင်ကာလိုက်လံအားပေးတဲ့ပရိသတ်အတွက်အနည်းငယ်ကျေနပ်စရာဖြစ်ခဲ့ပါတယ်။
ZawGyi