ချစ်သူချမ်ဘာလိန်းအတွက် ပထမဆုံးကလေး မွေးဖွားပေးလိုက်တဲ့ ပါရဲအက်ဒ်ဝတ်

ပီရဲအက်ဒ်ဝတ်ဟာချစ်သူ ဘောလုံးသမားအဲလက််စ်အောက်စ်လိုက်ချမ်ဘာလိန်းအတွက်ပထမဆုံးရင်သွေးလေးကိုမွေးဖွားပေးလိုက်ပြီဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိပီရဲအက်ဒ်ဝတ်ဟာသူမရဲ့ပျော်စရာသတင်းကိုကလေးရဲ့ခြေထောက်နဲ့လက်များကိုရိုက်ကူးထားတဲ့အဖြူ/အမည်းဓာတ်ပုံများကိုအွန်လိုင်းတွင်တင်ပြီးအသိရပါတယ်။

၎င်းတို့နှစ်ဦးကိုပရိသတ်များ၊စယ်လီဘရီတီများကဂုဏ်ယူကြောင်းရေးသားခဲ့ကြတာလည်းတွေ့ရပါတယ်။

အသက်၂၈နှစ်ရှိချမ်ဘာလိန်းဟာချစ်သူကလေးမွေးဖွားဖို့ရှိနေတာကြောင့်စနေနေ့တုန်းကဘန်လေအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲကိုဝင်ရောက်မကစားခဲ့ပါဘူး။

ချမ်ဘာလိန်းနှင့်ပါရဲတို့ဟာ၂၀၁၇ခုနှစ်မှစတင်ကာလူသိရှင်ကြားတွဲလာခဲ့ကြသူများဖြစ်ပါတယ်။

၂၀၁၉ခုနှစ်၊ဇွန်လတုန်းကအင်တာဗျူးတစ်ခုတွင်ပါရဲကချမ်ဘာလိန်းမှာသူမအတွက်ပြီးပြည့်စုံတဲ့ချစ်သူတစ်ဦးဖြစ်ကြောင်းပြောကြားခဲ့ဖူးပါတယ်။ယခုအခါမှာတော့သူတို့ရဲ့သံယောဇဉ်ကိုပိုမိုတင်းကျပ်ပေးမယ့်ကလေးတစ်ဦးကမ္ဘာကြီးထဲသို့ရောက်ရှိလာပြီဖြစ်ပါတယ်။

ZawGyi


ပီရဲအက်ဒ်ဝတ်ဟာချစ်သူ ဘောလုံးသမားအဲလက်စ်အောက်စ်လိုက်ချမ်ဘာလိန်းအတွက်ပထမဆုံးရင်သွေးလေးကိုမွေးဖွားပေးလိုက်ပြီဖြစ်ပါတယ်။




