ချစ်သူဂျော့ဂျီနာကို ရိုလွန်းလို့ စုံစမ်းစစ်ဆေးမှုခံနေရတဲ့ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာချစ်သူဂျော့ဂျီနာရိုဒရီဂွက်ဇ်အားရိုလိုက်မှုကြောင့်ကိုဗစ်စည်းမျဉ်းချိုးဖောက်တယ်ဆိုပြီး စစ်ဆေးမှုရင်ဆိုင်နေရပါတယ်။

အီတလီရဲတပ်ဖွဲ့ဟာဂျူဗင်တပ်စူပါစတားတို့ချစ်သူနှစ်ဦးတို့ရဲ့Alps တောင်သို့သွားကာပျော်ရွှင်ကြည်နူးမှုအပေါ်သိ ရှိသွားပြီးနောက်စစ်ဆေးမှုများပြုလုပ်နေတာလည်းဖြစ်ပါတယ်။

အီတလီအစိုးရဟာနိုင်ငံတွင်းကိုဗစ်ကူးစက်မှုမြင့်မားမှုကြောင့်ပြည်နယ်တစ်ခုမှတစ်ခုအကြားခရီးသွားလာမှုပိတ်ပင်ထားပြီးဂျူဗင်တပ်စူပါစတားကတော့တူရင်မှValle d’Aosta သို့သွားရောက်ခဲ့ပါတယ်။

အဆိုပါရေခဲပြင်လျှောစီးအပန်းဖြေစခန်းကခရစ္စတီယာနိုရော်နယ်ဒိုနေထိုင်ရာတူရင်မှကားဖြင့်နှစ်နာရီခရီးအကွာမှာသာရှိပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းကရိုဒရီဂွက်ဇ်ဟာအသက်၂၇နှစ်ပြည့်ခဲ့ပြီးရော်နယ်ဒိုနှင့်အတူကြယ်ငါးပွင့်အဆင့်ရှိ Le Massif ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။၎င်းတို့နှစ်ဦးဟာယင်းဟိုတယ်မှာညစာအတူစားပြီးအိပ်စက်ပြီးနောက် Alpine သို့ သွားရောက်ခဲ့ကြတာပါ။

၎င်းတို့နှစ်ဦးဟာ Alphine အပန်းဖြေစခန်းသို့ ရောက်နေစဉ်အတွင်းရိုက်ကူးထားတဲ့ဓာတ်ပုံကိုပရိသတ်သန်းပေါင်း များစွာရှိနေတဲ့ဆိုရှယ်မီဒီယာများမှာတင်လိုက်မှုနဲ့အတူရဲတပ်ဖွဲ့ကကိုဗစ်စည်းမျဉ်းချိုးဖောက်တယ်ဆိုပြီးအရေးယူဖို့လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

အီတလီရဲတပ်ဖွဲ့ဝင်များဟာကြာသပတေးနေ့တုန်းကခရစ္စတီယာနိုရော်နယ်ဒိုတို့စုံတွဲတည်းခိုခဲ့တဲ့ဟိုတယ်သို့ သွားရောက်ကာစစ်ဆေးမှုပြုလုပ်ခဲ့ရာဟိုတယ်မှာပိတ်ထားကြောင်းတွေ့ရပါတယ်။

ဒါပေမယ့်တကယ်လို့များကိုဗစ်စည်းမျဉ်းချိုးဖောက်တယ်လို့တွေ့ရှိရတယ်ဆိုရင်လည်းခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်စိုးရိမ်စရာမရှိပါဘူး။အီတလီစည်းမျဉ်းအရခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်အရေးယူခံရမယ်ဆိုရင်လည်း ယူရို၄၀၀သာဒဏ်ရိုက်ခံရမယ်လို့သိရပါတယ်။

ZawGyi

ခ်စ္သူေဂ်ာ့ဂ်ီနာကို ႐ိုလြန္းလို႔ စုံစမ္းစစ္ေဆးမႈခံေနရတဲ့ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာခ်စ္သူေဂ်ာ့ဂ်ီနာ႐ိုဒရီဂြက္ဇ္အား႐ိုလိုက္မႈေၾကာင့္ကိုဗစ္စည္းမ်ဥ္းခ်ိဳးေဖာက္တယ္ဆိုၿပီး စစ္ေဆးမႈရင္ဆိုင္ေနရပါတယ္။

အီတလီရဲတပ္ဖြဲ႕ဟာဂ်ဴဗင္တပ္စူပါစတားတို႔ခ်စ္သူႏွစ္ဦးတို႔ရဲ႕Alps ေတာင္သို႔သြားကာေပ်ာ္႐ႊင္ၾကည္ႏူးမႈအေပၚသိ ရွိသြားၿပီးေနာက္စစ္ေဆးမႈမ်ားျပဳလုပ္ေနတာလည္းျဖစ္ပါတယ္။

အီတလီအစိုးရဟာႏိုင္ငံတြင္းကိုဗစ္ကူးစက္မႈျမင့္မားမႈေၾကာင့္ျပည္နယ္တစ္ခုမွတစ္ခုအၾကားခရီးသြားလာမႈပိတ္ပင္ထားၿပီးဂ်ဴဗင္တပ္စူပါစတားကေတာ့တူရင္မွValle d’Aosta သို႔သြားေရာက္ခဲ့ပါတယ္။

အဆိုပါေရခဲျပင္ေလွ်ာစီးအပန္းေျဖစခန္းကခရစၥတီယာႏိုေရာ္နယ္ဒိုေနထိုင္ရာတူရင္မွကားျဖင့္ႏွစ္နာရီခရီးအကြာမွာသာရွိပါတယ္။

ၿပီးခဲ့တဲ့အဂၤါေန႔တုန္းက႐ိုဒရီဂြက္ဇ္ဟာအသက္၂၇ႏွစ္ျပည့္ခဲ့ၿပီးေရာ္နယ္ဒိုႏွင့္အတူၾကယ္ငါးပြင့္အဆင့္ရွိ Le Massif ဟိုတယ္မွာျပဳလုပ္ခဲ့ပါတယ္။၎တို႔ႏွစ္ဦးဟာယင္းဟိုတယ္မွာညစာအတူစားၿပီးအိပ္စက္ၿပီးေနာက္ Alpine သို႔ သြားေရာက္ခဲ့ၾကတာပါ။

၎တို႔ႏွစ္ဦးဟာ Alphine အပန္းေျဖစခန္းသို႔ ေရာက္ေနစဥ္အတြင္း႐ိုက္ကူးထားတဲ့ဓာတ္ပုံကိုပရိသတ္သန္းေပါင္း မ်ားစြာရွိေနတဲ့ဆိုရွယ္မီဒီယာမ်ားမွာတင္လိုက္မႈနဲ႔အတူရဲတပ္ဖြဲ႕ကကိုဗစ္စည္းမ်ဥ္းခ်ိဳးေဖာက္တယ္ဆိုၿပီးအေရးယူဖို႔လုပ္ေဆာင္လာတာလည္းျဖစ္ပါတယ္။

အီတလီရဲတပ္ဖြဲ႕ဝင္မ်ားဟာၾကာသပေတးေန႔တုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုတို႔စုံတြဲတည္းခိုခဲ့တဲ့ဟိုတယ္သို႔ သြားေရာက္ကာစစ္ေဆးမႈျပဳလုပ္ခဲ့ရာဟိုတယ္မွာပိတ္ထားေၾကာင္းေတြ႕ရပါတယ္။

ဒါေပမယ့္တကယ္လို႔မ်ားကိုဗစ္စည္းမ်ဥ္းခ်ိဳးေဖာက္တယ္လို႔ေတြ႕ရွိရတယ္ဆိုရင္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္စိုးရိမ္စရာမရွိပါဘူး။အီတလီစည္းမ်ဥ္းအရခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္အေရးယူခံရမယ္ဆိုရင္လည္း ယူ႐ို၄၀၀သာဒဏ္႐ိုက္ခံရမယ္လို႔သိရပါတယ္။