ချစ်သူငယ်ချင်းမက်ဆီရဲ့တွဲကစားလိုမှုကြောင့် ဥရောပထိပ်သီးကလပ်ရဲ့ကမ်းလှမ်းမှုကို နှစ်ကြိမ်တိုင်တိုင်ပယ်ချခဲ့တဲ့ အဂွဲရိုး

ဆာဂျီယိုအဂွဲရိုးဟာဘာစီလိုနာသို့ပြောင်းရွှေ့ကာလီယွန်နယ်မက်ဆီနှင့်တွဲကစားလိုမှုကြောင့်ဂျူဗင်တပ်အသင်းရဲ့ကမ်းလှမ်းမှုများကိုနှစ်ကြိမ်တိုင်တိုင်ပယ်ချမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

Sport.Es ရဲ့ဖော်ပြချက်အရအသက်၃၃နှစ်ရှိအာဂျင်တီးနားတိုက်စစ်မှူးဟာလွန်ခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်များကတည်းကဂျူဗင်တပ်ရဲ့ပစ်မှတ်ထားခြင်းခံလာခဲ့ရသူဖြစ်ပါတယ်။ဒါကြောင့်လည်းဂျူဗင်တပ်ဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကအဂွဲရိုးကိုနှစ်ကြိမ်တိုင်တိုင်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့်ပယ်ချခြင်းခံခဲ့ရပါတယ်။

အဂွဲရိုးဟာအာဂျင်တီးနားကစားဖော်လီယွန်နယ်မက်ဆီနှင့်တွဲကစားလိုမှုကြောင့်ဂျူဗင်တပ်ရဲ့ကမ်းလှမ်းများကိုပယ်ချကာဘာစီလိုနာသို့ပြောင်းရွှေ့ခဲ့ပါတယ်။ဒါပေမယ့်အဂွဲရိုးအတွက်ကံဆိုးတာကတော့လီယွန်နယ်မက်ဆီဟာဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရရှိထားပေမယ့်လည်းလာလီဂါရဲ့အသုံးစရိတ်ကန့်သတ်ခြင်းခံရမှုကြောင့်စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိမှုနဲ့အတူပီအက်စ်ဂျီသို့ပြောင်းသွားခဲ့ပါတယ်။

အဂွဲရိုးဟာမက်ဆီနှင့်တွဲကစားလိုကြောင့်ဘာစီလိုနာသို့ပြောင်းခဲ့မှုမှာထင်သလိုမဖြစ်လာပေမယ့်ဘာစီလိုနာသို့ပြောင်းခဲ့မှုအတွက်နောင်တမရပါဘူး။သူဟာဘာစီလိုနာသို့ရောက်လာပြီးနောက်ဒဏ်ရာပြဿနာနှင့်ကြုံရမှုနဲ့အတူအသင်းအတွက်တစ်ပွဲမျှမကစားရသေးပါဘူး။

ဒါပေမယ့်သူဟာယခုအခါဒဏ်ရာမှပြန်လည်ကောင်းမွန်ကာလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်တာကြောင့်ဘာစီလိုနာအတွက်ပထမဆုံးပွဲကစားနိုင်ရန်နီးစပ်နေပြီဖြစ်ပါတယ်။

ZawGyi

ခ်စ္သူငယ္ခ်င္းမက္ဆီရဲ႕တြဲကစားလိုမႈေၾကာင့္ ဥေရာပထိပ္သီးကလပ္ရဲ႕ကမ္းလွမ္းမႈကို ႏွစ္ႀကိမ္တိုင္တိုင္ပယ္ခ်ခဲ့တဲ့ အဂြဲ႐ိုး

ဆာဂ်ီယိုအဂြဲ႐ိုးဟာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကာလီယြန္နယ္မက္ဆီႏွင့္တြဲကစားလိုမႈေၾကာင့္ဂ်ဴဗင္တပ္အသင္းရဲ႕ကမ္းလွမ္းမႈမ်ားကိုႏွစ္ႀကိမ္တိုင္တိုင္ပယ္ခ်မႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

Sport.Es ရဲ႕ေဖာ္ျပခ်က္အရအသက္၃၃ႏွစ္ရွိအာဂ်င္တီးနားတိုက္စစ္မႉးဟာလြန္ခဲ့တဲ့အေျပာင္းအေ႐ႊ႕ေဈးကြက္မ်ားကတည္းကဂ်ဴဗင္တပ္ရဲ႕ပစ္မွတ္ထားျခင္းခံလာခဲ့ရသူျဖစ္ပါတယ္။ဒါေၾကာင့္လည္းဂ်ဴဗင္တပ္ဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကအဂြဲ႐ိုးကိုႏွစ္ႀကိမ္တိုင္တိုင္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေပမယ့္ပယ္ခ်ျခင္းခံခဲ့ရပါတယ္။

အဂြဲ႐ိုးဟာအာဂ်င္တီးနားကစားေဖာ္လီယြန္နယ္မက္ဆီႏွင့္တြဲကစားလိုမႈေၾကာင့္ဂ်ဴဗင္တပ္ရဲ႕ကမ္းလွမ္းမ်ားကိုပယ္ခ်ကာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ဒါေပမယ့္အဂြဲ႐ိုးအတြက္ကံဆိုးတာကေတာ့လီယြန္နယ္မက္ဆီဟာဘာစီလိုနာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိထားေပမယ့္လည္းလာလီဂါရဲ႕အသုံးစရိတ္ကန႔္သတ္ျခင္းခံရမႈေၾကာင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ျခင္းမရွိမႈနဲ႔အတူပီအက္စ္ဂ်ီသို႔ေျပာင္းသြားခဲ့ပါတယ္။

အဂြဲ႐ိုးဟာမက္ဆီႏွင့္တြဲကစားလိုေၾကာင့္ဘာစီလိုနာသို႔ေျပာင္းခဲ့မႈမွာထင္သလိုမျဖစ္လာေပမယ့္ဘာစီလိုနာသို႔ေျပာင္းခဲ့မႈအတြက္ေနာင္တမရပါဘူး။သူဟာဘာစီလိုနာသို႔ေရာက္လာၿပီးေနာက္ဒဏ္ရာျပႆနာႏွင့္ႀကဳံရမႈနဲ႔အတူအသင္းအတြက္တစ္ပြဲမွ်မကစားရေသးပါဘူး။

ဒါေပမယ့္သူဟာယခုအခါဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီျဖစ္တာေၾကာင့္ဘာစီလိုနာအတြက္ပထမဆုံးပြဲကစားႏိုင္ရန္နီးစပ္ေနၿပီျဖစ္ပါတယ္။