
ဂျာရော့ဒ်ဘိုဝင်းဟာကွင်းထဲတွင်လည်းနှစ်ဂိုးသွင်းပြကာသူ့ရဲ့ကိုယ်ဝန်လွယ်ထားရတဲ့ချစ်သူဒါနီဒိုင်ယာကိုဂုဏ်ပြုခဲ့ပါတယ်။
အသက်၂၆နှစ်ရှိဘိုဝင်းနှင့် Love Island စတားတို့ဟာသောကြာနေ့တုန်းကယခုနှစ်နှောင်းပိုင်းတွင်သူတို့ရဲ့ဘဝထဲသို့အမြွှာပူးရောက်လာတော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။
ဒါနီဒိုင်ယာဟာလည်းသူမရဲ့ကိုယ်ဝန်လွယ်ထားရမှုကိုဓာတ်ပုံရိုက်ကူးပြီးပရိသတ်များကိုချပြလာခဲ့ပါတယ်။
ယင်းနောက်ဘိုဝင်းဟာမနေ့ညတုန်းကတန်းဆင်းဇုန်ပြိုင်ဘက်အဲဗာတန်ကိုမဖြစ်မနေအနိုင်ယူရန်လိုအပ်နေတဲ့ပွဲတွင်အနိုင်ဂိုး၂ဂိုးလုံးကိုသွင်းပြခဲ့ပါတယ်။
ဘိုဝင်းဟာသူ့ရဲ့ယခုရာသီ၆ဂိုးမြောက်ဂိုးကိုသွင်းယူပြီးနောက်အင်္ကျီထဲသို့ဘောလုံးသွင်းကာပြီးလက်မနှစ်ဖက်ကိုပါးစပ်တွင်စုပ်ပြီးအောင်ပွဲခံခဲ့ပါတယ်။
ယင်းနောက်ဘိုဝင်းဟာသူ့ရဲ့ဒုတိယမြောက်ဂိုးကိုနောက်မိနစ်အကြာမှာဂိုးထပ်မံသွင်းယူခဲ့ပါတယ်။
ယခုတစ်ကြိမ်မှာတော့အင်္ဂလန်အတွက်၄ပွဲကစားထားတဲ့ဘိုဝင်းဟာသူ့ရဲ့ပုံမှန်ဂိုးသွင်းအောင်ပွဲခံမှုဖြစ်တဲ့ နားတွင်လက်ကပ်အောင်ပွဲခံခဲ့ပါတယ်။
ဘိုဝင်းရဲ့ချစ်သူဒိုင်ယာတွင် ယခင်အဆက်ဟောင်းဆမ်မီကမ်မင့်နှင့် တစ်နှစ်အရွယ်သားတစ်ဦးပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။
ZawGyi
ချစ်သူဒါနီဒိုင်ယာတွင် အမြွှာပူးလွယ်ထားရကြောင်း ကြေညာပြီးနောက် ကွင်းထဲမှာလည်း ၂ ဂိုးသွင်းပြခဲ့တဲ့ ဘိုဝင်း
ယခုတစ်ကြိမ်မှာတော့အင်္ဂလန်အတွက်၎ပွဲကစားထားတဲ့ဘိုဝင်းဟာသူ့ရဲ့ပုံမှန်ဂိုးသွင်းအောင်ပွဲခံမှုဖြစ်တဲ့ နားတွင်လက်ကပ်အောင်ပွဲခံခဲ့ပါတယ်။