ချစ်သူနှင့် စေ့စပ်လိုက်ပြီးနောက် ပေါင် ၃ သိန်းတန် တိုက်ခန်းဝယ်ယူလိုက်တဲ့ ဒီဖိုး

ရိန်းဂျားစတားဂျာမိန်းဒီဖိုးဟာချစ်သူနှင့်စေ့စပ်လိုက်ပြီးနောက်ရက်သတ္တပတ်အနည်းငယ်အကြာမှာပေါင်၃သိန်းတန်တိုက်ခန်းတစ်ခန်းဝယ်ယူလိုက်ပါတယ်။

အသက်၃၉နှစ်ရှိအင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဟာဂလက်စကိုမြို့အပြင်ဘက်နားမှတိုက်ခန်းတစ်ခန်းဝယ်ယူလိုက်တာဖြစ်ပါတယ်။သူဟာစကော့တလန်မှာပထမဆုံးပိုင်ဆိုင်မှုအနေဖြင့်ဝယ်ယူလိုက်တာလည်းဖြစ်ပါတယ်။

ဂျာမိန်းဒီဖိုးရဲ့တိုက်ခန်းသစ်ကရိန်းဂျားအသင်းရဲ့အိုင်ဘရော့စ်ကွင်းနဲ့၁၂မိုင်ခန့်အကွာတွင်သာရှိတဲ့ဘုဝဲလ်မှာရှိပါတယ်။

ဒီဖိုးဟာဇွန်လတုန်းကရိန်းဂျားနှင့်ကစားသမား/နည်းပြအဖြစ်လက်မှတ်ထိုးပြီးတဲ့နောက် ဩဂုတ်လတုန်းကအသက်၃၉နှစ်ရှိချစ်သူ Beauty Therapist ဒွန်နာနှင့်စေ့စပ်ခဲ့တာဖြစ်ပါတယ်။

ဒီဖိုးဟာ၂၀၁၉ခုနှစ်တွင်ရိန်းဂျားသို့ရောက်ပြီးနောက်၅၂ပွဲကစားပေးထားသူဖြစ်ပြီးချစ်သူဒွန်နာနှင့်လက်ထပ်ရန်ပြင်ဆင်နေပြီဖြစ်ပါတယ်။

ZawGyi

ခ်စ္သူႏွင့္ ေစ့စပ္လိုက္ၿပီးေနာက္ ေပါင္ ၃ သိန္းတန္ တိုက္ခန္းဝယ္ယူလိုက္တဲ့ ဒီဖိုး

ရိန္းဂ်ားစတားဂ်ာမိန္းဒီဖိုးဟာခ်စ္သူႏွင့္ေစ့စပ္လိုက္ၿပီးေနာက္ရက္သတၱပတ္အနည္းငယ္အၾကာမွာေပါင္၃သိန္းတန္တိုက္ခန္းတစ္ခန္းဝယ္ယူလိုက္ပါတယ္။

အသက္၃၉ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးေဟာင္းဟာဂလက္စကိုၿမိဳ႕အျပင္ဘက္နားမွတိုက္ခန္းတစ္ခန္းဝယ္ယူလိုက္တာျဖစ္ပါတယ္။သူဟာစေကာ့တလန္မွာပထမဆုံးပိုင္ဆိုင္မႈအေနျဖင့္ဝယ္ယူလိုက္တာလည္းျဖစ္ပါတယ္။

ဂ်ာမိန္းဒီဖိုးရဲ႕တိုက္ခန္းသစ္ကရိန္းဂ်ားအသင္းရဲ႕အိုင္ဘေရာ့စ္ကြင္းနဲ႔၁၂မိုင္ခန႔္အကြာတြင္သာရွိတဲ့ဘုဝဲလ္မွာရွိပါတယ္။

ဒီဖိုးဟာဇြန္လတုန္းကရိန္းဂ်ားႏွင့္ကစားသမား/နည္းျပအျဖစ္လက္မွတ္ထိုးၿပီးတဲ့ေနာက္ ဩဂုတ္လတုန္းကအသက္၃၉ႏွစ္ရွိခ်စ္သူ Beauty Therapist ဒြန္နာႏွင့္ေစ့စပ္ခဲ့တာျဖစ္ပါတယ္။

ဒီဖိုးဟာ၂၀၁၉ခုႏွစ္တြင္ရိန္းဂ်ားသို႔ေရာက္ၿပီးေနာက္၅၂ပြဲကစားေပးထားသူျဖစ္ၿပီးခ်စ္သူဒြန္နာႏွင့္လက္ထပ္ရန္ျပင္ဆင္ေနၿပီျဖစ္ပါတယ္။