
မောဆင်ဂရင်းဝုဒ်ဟာကိုယ်ဝန်လွယ်ထားရတဲ့သူ့ချစ်သူနှင့်လက်ထပ်တော့မှာဖြစ်ကြောင်းသိရပါတယ်။
ယူနိုက်တက်တွင်တစ်ပတ်လုပ်ခပေါင်၇၅၀၀၀ရရှိနေတဲ့မေဆင်ဂရင်းဝုဒ်ဟာလာမယ့်နွေရာသီတွင်တက္ကသိုလ်ကျောင်းသူနှင့်ပထမဆုံးကလေးရရှိလာမဲ့သူလည်းဖြစ်ပါတယ်။
၎င်းတို့နှစ်ဦးဟာလန်ဒန်သို့ရောက်နေပြီးလန်ဒန်မြို့လယ်ခေါင်ရှိ တစ်ညလျှင်ပေါင်၆၀၀ပေးရတဲ့ ကြယ်ငါးပွင့်အဆင့်ရှိ Langham Hotel တွင်တည်းခိုနေပါခဲ့ကြပါတယ်။
The Sun ရဲ့ဖော်ပြချက်အရအင်္ဂလန်အတွက်တစ်ပွဲကစားထားတဲ့အသက်၂၁နှစ်ရှိမေဆင်ဂရင်းဝုဒ်ကချစ်သူတက္ကသိုလ်ကျောင်းသူနှင့်လက်ထပ်ရန်စီစဉ်ထားကြောင်းမိသားစုဝင်များကိုအသိပေးလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။
မေဆင်ဂရင်းဝုဒ်ဟာယူနိုက်တက်ရဲ့အလားအလာအကောင်းဆုံးလူငယ်ပါရမီရှင်တစ်ဦးဖြစ်ပေမဲ့လည်း၂၀၂၂ခုနှစ်၊ဇန်နဝါရီလတုန်းကအမျိုးသမီးတစ်ဦးကိုဗလက္ကာယပြုကျင့်ရန်ကြိုးပမ်းမှု၊ထိန်းချုပ်မှု၊အသက်အန္တရာယ်ခြိမ်းခြောက်မှုတို့ဖြင့်ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ယူနိုက်တက်ရဲ့တာဝန်မှရပ်ဆိုင်းခြင်းခံခဲ့ရပါတယ်။
သူဟာဖေဖော်ဝါရီလတုန်းကမျက်မြင်သက်သေများကပူးပေါင်းဆောင်ရွက်ရန်ငြင်းဆိုမှုကြောင့်အမှုအားလုံးမှကွင်းလုံးကျွတ်လွတ်မြောက်သွားခဲ့ပါတယ်။
ဒါပေမဲ့သူဟာယူနိုက်တက်ရဲ့စုံစမ်းစစ်ဆေးခြင်းခံနေရတုန်းဖြစ်ကာကလပ်နှင့်ပတ်သက်ခွင့်ပိတ်ပင်ခံထားရတုန်းဖြစ်ပါတယ်။
သူဟာအဲရစ်တန်ဟက်အပါအဝင်ယူနိုက်တက်ကလပ်တာဝန်ရှိသူများနှင့် တွေ့ဆုံစကားပြောထားပြီးဖြစ်ပေမဲ့လည်းအနာဂတ်မှာမရေမရာဖြစ်နေတုန်းဖြစ်ပါတယ်။
သူဟာဖမ်းဆီးခြင်းမခံရမီတုန်းကပြောင်းရွှေ့ကြေးတန်ကြေးပေါင်သန်း၅၀ရှိကာဥရောပရဲ့အလားအလာအကောင်းဆုံးလူငယ်ပါရမီရှင်အဖြစ်ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမဲ့သူဟာဖမ်းဆီးခြင်းခံရပြီးနောက် Nike ရဲ့စပွန်ဆာဖျက်သိမ်းခြင်းခံခဲ့ရသလို FIFA 22 ဗီဒီယိုဂိမ်းမှလည်းဖယ်ရှားခြင်းခံခဲ့ရပါတယ်။
ZawGyi
ခ်စ္သူႏွင့္ လက္ထပ္ေတာ့မဲ့ ယူႏိုက္တက္ရဲ႕အပယ္ခံ ေမဆင္ဂရင္းဝုဒ္
ေမာဆင္ဂရင္းဝုဒ္ဟာကိုယ္ဝန္လြယ္ထားရတဲ့သူ႔ခ်စ္သူႏွင့္လက္ထပ္ေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။
ယူႏိုက္တက္တြင္တစ္ပတ္လုပ္ခေပါင္၇၅၀၀၀ရရွိေနတဲ့ေမဆင္ဂရင္းဝုဒ္ဟာလာမယ့္ေႏြရာသီတြင္တကၠသိုလ္ေက်ာင္းသူႏွင့္ပထမဆုံးကေလးရရွိလာမဲ့သူလည္းျဖစ္ပါတယ္။
၎တို႔ႏွစ္ဦးဟာလန္ဒန္သို႔ေရာက္ေနၿပီးလန္ဒန္ၿမိဳ႕လယ္ေခါင္ရွိ တစ္ညလွ်င္ေပါင္၆၀၀ေပးရတဲ့ ၾကယ္ငါးပြင့္အဆင့္ရွိ Langham Hotel တြင္တည္းခိုေနပါခဲ့ၾကပါတယ္။
The Sun ရဲ႕ေဖာ္ျပခ်က္အရအဂၤလန္အတြက္တစ္ပြဲကစားထားတဲ့အသက္၂၁ႏွစ္ရွိေမဆင္ဂရင္းဝုဒ္ကခ်စ္သူတကၠသိုလ္ေက်ာင္းသူႏွင့္လက္ထပ္ရန္စီစဥ္ထားေၾကာင္းမိသားစုဝင္မ်ားကိုအသိေပးလိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။
ေမဆင္ဂရင္းဝုဒ္ဟာယူႏိုက္တက္ရဲ႕အလားအလာအေကာင္းဆုံးလူငယ္ပါရမီရွင္တစ္ဦးျဖစ္ေပမဲ့လည္း၂၀၂၂ခုႏွစ္၊ဇန္နဝါရီလတုန္းကအမ်ိဳးသမီးတစ္ဦးကိုဗလကၠာယျပဳက်င့္ရန္ႀကိဳးပမ္းမႈ၊ထိန္းခ်ဳပ္မႈ၊အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈတို႔ျဖင့္ဖမ္းဆီးျခင္းခံခဲ့ရၿပီးေနာက္ ယူႏိုက္တက္ရဲ႕တာဝန္မွရပ္ဆိုင္းျခင္းခံခဲ့ရပါတယ္။
သူဟာေဖေဖာ္ဝါရီလတုန္းကမ်က္ျမင္သက္ေသမ်ားကပူးေပါင္းေဆာင္႐ြက္ရန္ျငင္းဆိုမႈေၾကာင့္အမႈအားလုံးမွကြင္းလုံးကြၽတ္လြတ္ေျမာက္သြားခဲ့ပါတယ္။
ဒါေပမဲ့သူဟာယူႏိုက္တက္ရဲ႕စုံစမ္းစစ္ေဆးျခင္းခံေနရတုန္းျဖစ္ကာကလပ္ႏွင့္ပတ္သက္ခြင့္ပိတ္ပင္ခံထားရတုန္းျဖစ္ပါတယ္။
သူဟာအဲရစ္တန္ဟက္အပါအဝင္ယူႏိုက္တက္ကလပ္တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံစကားေျပာထားၿပီးျဖစ္ေပမဲ့လည္းအနာဂတ္မွာမေရမရာျဖစ္ေနတုန္းျဖစ္ပါတယ္။
သူဟာဖမ္းဆီးျခင္းမခံရမီတုန္းကေျပာင္းေ႐ႊ႕ေၾကးတန္ေၾကးေပါင္သန္း၅၀ရွိကာဥေရာပရဲ႕အလားအလာအေကာင္းဆုံးလူငယ္ပါရမီရွင္အျဖစ္ရပ္တည္ေနခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမဲ့သူဟာဖမ္းဆီးျခင္းခံရၿပီးေနာက္ Nike ရဲ႕စပြန္ဆာဖ်က္သိမ္းျခင္းခံခဲ့ရသလို FIFA 22 ဗီဒီယိုဂိမ္းမွလည္းဖယ္ရွားျခင္းခံခဲ့ရပါတယ္။