ချစ်သူနှင့် လမ်းခွဲရန် ဂျူလီယန်အယ်ဗာရက်ဇ်ကို လက်မှတ်ထိုးတောင်းဆိုသူ နှစ်သောင်းကျော်အထိရှိနေ

ရယ်စရာကောင်းတဲ့လက်မှတ်ထိုးတောင်းမှုတစ်ခုထွက်ပေါ်လာပါတယ်။ဘောလုံးပရိသတ်များဟာမန်စီးတီးစတားဂျူလီယန်အယ်ဗာရက်ဇ်ကိုသူ့ချစ်သူနှင့်လမ်းခွဲလိုက်ရန်လက်မှတ်ထိုးတောင်းဆိုလာကြတာဖြစ်ပါတယ်။အခုဆိုယင်းလက်မှတ်ထိုးတောင်းဆိုမှုတွင်ပါဝင်သူနှစ်သောင်းကျော်အထိရှိပြီဖြစ်ပါတယ်။

အယ်ဗာရက်ဇ်ဟာဒီဇင်ဘာလတုန်းကကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားအတွက်၄ဂိုးသွင်းကာကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

သူဟာကမ္ဘာ့ဖလားဗိုလ်လုပွဲအထိကစားခဲ့ရမှုကြောင့်မန်စီးတီးရဲ့နားချိန်အပိုပေးခြင်းခံထားရပြီးစနေနေ့တုန်းကအဲဗာတန်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲမှာအရန်အဖြစ်ဝင်ကစားခဲ့ပါတယ်။

ဒါပေမဲ့အယ်ဗာရက်ဇ်ဟာပုံမှန်မဟုတ်တဲ့လက်မှတ်ထိုးတောင်းဆိုမှုနဲ့ရင်ဆိုင်နေရပါတယ်။ပရိသတ်တစ်ဦးက Change တွင်အယ်ဗာရက်ဇ်ကိုသူ့ချစ်သူအီမီလီယာဖာရီရိုအားလမ်းခွဲရန်တောင်းဆိုလာကြတာဖြစ်ပါတယ်။

အယ်ဗာရက်ဇ်နဲ့ဖာရီရိုတို့ဟာတစ်ရွာတည်းသားတွေဖြစ်ပါတယ်။ပရိသတ်တစ်ဦးက “ဂျူလီယန်၊မေရီဂျိန်းနဲ့လမ်းခွဲပါ”ဆိုတဲ့ခေါင်းစဉ်ဖြင့်လက်မှတ်ထိုးတောင်းဆိုမှုကိုစတင်လာတာဖြစ်ပါတယ်။

မေရီဂျိန်းစ်ကစပိုက်ဒါမန်းဖြစ်သူဖြစ်ပါတယ်။ရေးဗားပလိတ်စတားဟောင်းရဲ့ချစ်သူရဲ့အမည်ပြောင်ကလည်း La Arana ဖြစ်ပြီး The Spider လို့အဓိပ္ပါယ်ရပါတယ်။

သူမဟာဟော်ကီအားကစားမယ်တစ်ဦးဖြစ်ပြီးကြံ့ခိုင်ရေးပိုင်းဆရာမတစ်ဦးလည်းဖြစ်ပါတယ်။၎င်းတို့ဟာငယ်သူငယ်ချင်းဘဝမှချစ်သူတွေဘဝသို့အဆင့် တက်ခဲ့ကြသူများလည်းဖြစ်ပါတယ်။

Zawgyi

ခ်စ္သူႏွင့္ လမ္းခြဲရန္ ဂ်ဴလီယန္အယ္ဗာရက္ဇ္ကို လက္မွတ္ထိုးေတာင္းဆိုသူ ႏွစ္ေသာင္းေက်ာ္အထိရွိေန

ရယ္စရာေကာင္းတဲ့လက္မွတ္ထိုးေတာင္းမႈတစ္ခုထြက္ေပၚလာပါတယ္။ေဘာလုံးပရိသတ္မ်ားဟာမန္စီးတီးစတားဂ်ဴလီယန္အယ္ဗာရက္ဇ္ကိုသူ႔ခ်စ္သူႏွင့္လမ္းခြဲလိုက္ရန္လက္မွတ္ထိုးေတာင္းဆိုလာၾကတာျဖစ္ပါတယ္။အခုဆိုယင္းလက္မွတ္ထိုးေတာင္းဆိုမႈတြင္ပါဝင္သူႏွစ္ေသာင္းေက်ာ္အထိရွိၿပီျဖစ္ပါတယ္။

အယ္ဗာရက္ဇ္ဟာဒီဇင္ဘာလတုန္းကကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အာဂ်င္တီးနားအတြက္၄ဂိုးသြင္းကာကမာၻ႔ဖလားခ်န္ပီယံျဖစ္ေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

သူဟာကမာၻ႔ဖလားဗိုလ္လုပြဲအထိကစားခဲ့ရမႈေၾကာင့္မန္စီးတီးရဲ႕နားခ်ိန္အပိုေပးျခင္းခံထားရၿပီးစေနေန႔တုန္းကအဲဗာတန္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲမွာအရန္အျဖစ္ဝင္ကစားခဲ့ပါတယ္။

ဒါေပမဲ့အယ္ဗာရက္ဇ္ဟာပုံမွန္မဟုတ္တဲ့လက္မွတ္ထိုးေတာင္းဆိုမႈနဲ႔ရင္ဆိုင္ေနရပါတယ္။ပရိသတ္တစ္ဦးက Change တြင္အယ္ဗာရက္ဇ္ကိုသူ႔ခ်စ္သူအီမီလီယာဖာရီ႐ိုအားလမ္းခြဲရန္ေတာင္းဆိုလာၾကတာျဖစ္ပါတယ္။

အယ္ဗာရက္ဇ္နဲ႔ဖာရီ႐ိုတို႔ဟာတစ္႐ြာတည္းသားေတြျဖစ္ပါတယ္။ပရိသတ္တစ္ဦးက “ဂ်ဴလီယန္၊ေမရီဂ်ိန္းနဲ႔လမ္းခြဲပါ”ဆိုတဲ့ေခါင္းစဥ္ျဖင့္လက္မွတ္ထိုးေတာင္းဆိုမႈကိုစတင္လာတာျဖစ္ပါတယ္။

ေမရီဂ်ိန္းစ္ကစပိုက္ဒါမန္းျဖစ္သူျဖစ္ပါတယ္။ေရးဗားပလိတ္စတားေဟာင္းရဲ႕ခ်စ္သူရဲ႕အမည္ေျပာင္ကလည္း La Arana ျဖစ္ၿပီး The Spider လို႔အဓိပၸါယ္ရပါတယ္။

သူမဟာေဟာ္ကီအားကစားမယ္တစ္ဦးျဖစ္ၿပီးႀကံ့ခိုင္ေရးပိုင္းဆရာမတစ္ဦးလည္းျဖစ္ပါတယ္။၎တို႔ဟာငယ္သူငယ္ခ်င္းဘဝမွခ်စ္သူေတြဘဝသို႔အဆင့္ တက္ခဲ့ၾကသူမ်ားလည္းျဖစ္ပါတယ္။