ချစ်သူမော်ဒယ်နှင့်လမ်းခွဲလိုက်ပြီး အချစ်သစ်ရှာဖွေနေတဲ့ ချဲလ်ဆီးစတားမေဆင်မောင့်

ချဲလ်ဆီးစတားမေဆင်မောင့်ဟာချစ်သူဟောင်းနှင့်လမ်းခွဲလိုက်ပြီးတဲ့နောက် Single တစ်ဦးဖြစ်နေပြီဖြစ်ကာချစ်သူသစ်ရှာဖွေနေပါတယ်။

ချဲလ်ဆီးနှင့်အင်္ဂလန်စတားဟာယခင်တုန်းက မော်ဒယ်ချိုလိုဝယ်လီယန်ဝတ်နှင့်တွဲခဲ့တာဖြစ်ပြီး၎င်းတို့နှစ်ဦးဟာ၂၀၁၇ခုနှစ်ကတည်းကတွဲလာခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးမီတုန်းက Tatler နှင့်အင်တာဗျူးမှာတော့မေဆင်မောင့်က၎င်းမှာ ချစ်သူလက်မဲ့ဖြစ်နေပြီဖြစ်ကြောင်းဖွင့်ဟလာခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့်လည်း၎င်းက လက်ရှိအချိန်တွင်ဘောလုံးကသူ့ရဲ့ပထမဦးစားပေးဖြစ်ကြောင်းဆိုထားပါတယ်။

အသက်၂၃နှစ်ရှိမေဆင်မောင့်ဟာချစ်သူဟောင်းနှင့်ဘာကြောင့်လမ်းခွဲလိုက်ရသလဲဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။

ZawGyi





