
မန်စီးတီးစတားဘာနာဒိုဆေးလ်ဗားဟာသူ့ရဲ့ချစ်သူမော်ဒယ်အီနက်စ်သောမတ်ဇ်နှင့်လက်ထပ်တော့မှာဖြစ်ပါတယ်။
ပေါ်တူဂီအလှမယ်လေးကပေါ်တူဂီလက်ရွေးစင်စတားကသူမကိုလက်ထပ်ခွင့်တောင်းလာပြီးသူမကလည်းလက်ခံလိုက်ကြောင်းဖွင့်ဟလာပါတယ်။
အီနက်စ်ဟာအသက်၂၇နှစ်ရှိမန်စီးတီးစတားကလက်ထပ်ခွင့်တောင်းလာတဲ့စိန်လက်စွပ်ကိုဝတ်ဆင်ထားတဲ့ဓာတ်ပုံကိုလည်းတင်သွားပါတယ်။
သူမက “အမြဲခေါင်းညိတ်မယ်။ကျွန်မရဲ့အဆုံးမဲ့အချစ်”လို့ရေးသားကာ အင်စတာဂရမ်တွင်တင်သွားပါတယ်။ ဒါ့အပြင်သူမက “Yes။ အကြိမ်ပေါင်းတစ်ထောင် Yes”လို့ထပ်မံရေးသားသွားပါတယ်။
ဆေးလ်ဗားဟာပြင်သစ်မော်ဒယ်အလီစီယာဗာရာနိုနှင့်လမ်းခွဲလိုက်ပြီးနောက်၂၀၂၀ခုနှစ်၊မတ်လတုန်းကလည်းအီနက်စ်နှင့်ချစ်ကြိုက်လာခဲ့တာဖြစ်ပါတယ်။
၎င်းတို့နှစ်ဦးဟာပြီးခဲ့တဲ့နှစ်မှစတင်ကာမန်ချက်စတာမြို့လယ်တွင်ခွေးကလေးဂျွန်(ကစားဖော်ဂျွန်စတုန်းကိုရည်ရွယ်မှည့်ထားတဲ့ခွေးအမည်)နှင့်အတူနေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။
လစ္စဘွန်းဖွားဘာနာဒိုဆေးလ်ဗားဟာ၂၀၁၇ခုနှစ်တွင်မိုနာကိုမှရောက်လာပြီးနောက်မန်စီးတီးတွင်အဓိကကစားသမားအဖြစ်အထိုင်ကျလာသူလည်းဖြစ်ပြီးပရိသတ်အချစ်တော်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
ZawGyi
ခ်စ္သူေမာ္ဒယ္အီနက္စ္ေသာမတ္ဇ္နဲ႔ လက္ထပ္ေတာ့မယ့္ မန္စီးတီးဘာနာဒိုေဆးလ္ဗား
မန္စီးတီးစတားဘာနာဒိုေဆးလ္ဗားဟာသူ႔ရဲ႕ခ်စ္သူေမာ္ဒယ္အီနက္စ္ေသာမတ္ဇ္ႏွင့္လက္ထပ္ေတာ့မွာျဖစ္ပါတယ္။
ေပၚတူဂီအလွမယ္ေလးကေပၚတူဂီလက္ေ႐ြးစင္စတားကသူမကိုလက္ထပ္ခြင့္ေတာင္းလာၿပီးသူမကလည္းလက္ခံလိုက္ေၾကာင္းဖြင့္ဟလာပါတယ္။
အီနက္စ္ဟာအသက္၂၇ႏွစ္ရွိမန္စီးတီးစတားကလက္ထပ္ခြင့္ေတာင္းလာတဲ့စိန္လက္စြပ္ကိုဝတ္ဆင္ထားတဲ့ဓာတ္ပုံကိုလည္းတင္သြားပါတယ္။
သူမက “အၿမဲေခါင္းညိတ္မယ္။ကြၽန္မရဲ႕အဆုံးမဲ့အခ်စ္”လို႔ေရးသားကာ အင္စတာဂရမ္တြင္တင္သြားပါတယ္။ ဒါ့အျပင္သူမက “Yes။ အႀကိမ္ေပါင္းတစ္ေထာင္ Yes”လို႔ထပ္မံေရးသားသြားပါတယ္။
ေဆးလ္ဗားဟာျပင္သစ္ေမာ္ဒယ္အလီစီယာဗာရာႏိုႏွင့္လမ္းခြဲလိုက္ၿပီးေနာက္၂၀၂၀ခုႏွစ္၊မတ္လတုန္းကလည္းအီနက္စ္ႏွင့္ခ်စ္ႀကိဳက္လာခဲ့တာျဖစ္ပါတယ္။
၎တို႔ႏွစ္ဦးဟာၿပီးခဲ့တဲ့ႏွစ္မွစတင္ကာမန္ခ်က္စတာၿမိဳ႕လယ္တြင္ေခြးကေလးဂြၽန္(ကစားေဖာ္ဂြၽန္စတုန္းကိုရည္႐ြယ္မွည့္ထားတဲ့ေခြးအမည္)ႏွင့္အတူေနထိုင္လာခဲ့ၾကတာျဖစ္ပါတယ္။
လစၥဘြန္းဖြားဘာနာဒိုေဆးလ္ဗားဟာ၂၀၁၇ခုႏွစ္တြင္မိုနာကိုမွေရာက္လာၿပီးေနာက္မန္စီးတီးတြင္အဓိကကစားသမားအျဖစ္အထိုင္က်လာသူလည္းျဖစ္ၿပီးပရိသတ္အခ်စ္ေတာ္ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။