ချစ်သူရှိပေမယ့် ဆယ်လီချစ်သူရှာဖွေရေး App မှာ အကောင့်ဖွင့်ထားတဲ့ ဂျက်ဂရဲလ်လစ်ရှ်

အင်္ဂလန်စတားဂျက်ဂရဲလ်လစ်ရှ်ဟာချစ်သူငုတ်တုတ်ရှိနေရက်နဲ့ Celebrity Dating Ap မှာအကောင့်ဖွင့်ကာအသုံးပြုနေပါတယ်။

မန်စီးတီးရဲ့ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀တန်ကစားသမားဂျက်ဂရဲလ်လစ်ရှ်ဟာယူရို၂၀၂၀ပြိုင်ပွဲမတိုင်မီငယ်ချစ် ဆာရှာအတ်ဝုဒ်နှင့်ပြန်လည်လက်တွဲခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်းသူဟာတနင်္ဂနွေနေ့တုန်းကစပါးစ်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲအပြီးမှာတော့ Raya ဝက်ဘ်ဆိုက်မှာအကောင့်ဖွင့်ကာအသုံးပြုလာတာတွေ့ရပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ရဲ့Raya အကောင့်ကို ပရိသတ်၃.၇သန်းအထိရှိတဲ့သူ့ရဲ့အင်စတာဂရမ်အကောင့်နှင့်လည်းချိတ်ဆက်ထားတာတွေ့ရပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်နဲ့သူ့ချစ်သူဆာရှာအက်ဝုဒ်တို့ဟာဆိုလီဟူးလ်တွင်ကျောင်းတက်စဉ်ဆယ်ကျော်သက်တုန်းကတွေ့ဆုံချစ်ကြိုက်လာခဲ့ကြတာဖြစ်ပြီးယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ခရိုအေးရှားသို့အတူအပန်းဖြေခရီးထွက်ခဲ့ကြပါတယ်။

ယခုအခါကဲ့သို့ဂျက်ဂရဲလ်လစ်ရှ်ဘက်က Raya မှာအကောင့်ဖွင့်ကာအသုံးပြုလာမှုကသူ့ချစ်သူနဲ့တစ်စုံတစ်ရာပြဿနာရှိနေပြီလားလို့မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

ZawGyi






