ချစ်သူသစ်နှင့်ငယ်ချစ်အကြား တစ်ယောက်ကို ရွေးချယ်ရတော့မယ့် ဂျက်ဂရဲလ်လစ်ရှ်

အီမီလီအတက်ခ်ဟာမန်စီးတီးနှင့်အင်္ဂလန်စတားဂျက်ဂရဲလ်လစ်အားသူမနှင့်ကာလရှည်ကြာတွဲလာခဲ့တဲ့ငယ်ချစ်ဦးအကြားတစ်ဦးကိုပြတ်ပြတ်သားသားရွေးချယ်ရန်ပြောကြားလာခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးစတားဂျက်ဂရဲလ်လစ်ရှ်နှင့်ရုပ်သံတင်ဆက်သူအီမီလီအတက်ခ်တို့ဟာမန်ချက်စတာဟိုတယ်တစ်ခုတွင်တစ်ကြိမ်၊သူမရဲ့နေအိမ်တွင်တစ်ကြိမ်နှစ်ကြိမ်တိုင်တိုင်ချိန်းတွေ့ခဲ့ကြပြီးဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ဖန်တီးရှင်ဟာအီမီလီအတက်ခ်နှင့်တွဲနေတယ်ဆိုပေမယ့်လည်းငယ်ချစ်ဦးဆာရှာအက်ဝုဒ်နှင့်လည်းပြတ်ခြင်းမရှိသေးပါဘူး။ဆာရှာအက်ဝုဒ်ဟာအင်္ဂလန်နှင့်အယ်ဘေးနီးယားပွဲသို့သွားရောက်ကာဂျက်ဂရဲလ်လစ်ရှ်ကိုအားပေးခဲ့ပါသေးတယ်။

ဒါကြောင့်လည်းချစ်သူသစ်အီမီလီအတက်ခ်ကဂျက်ဂရဲလ်လစ်ရှ်အားသူမနှင့်ငယ်ချစ်ဦးဆာရှာအက်ဝုဒ်အကြားတစ်ဦးကိုပြတ်ပြတ်သားသား ရွေးချယ်ရန်နှင့်လှေနံနှစ်ဖက်မနင်းရန်ပြောကြားလာခဲ့ပြီဖြစ်ပါတယ်။

အီမီလီအတက်ခ်နဲ့နီးစပ်သူတစ်ဦးက “အီမီလီကသူ့ကိုတကိုယ်တည်းသမားထင်လို့လက်ခံလိုက်တာ။အီမီလီလည်းသူနဲ့တွဲရတာပျော်ပါတယ်။ဒါပေမယ့်သူသာသူ့ကောင်မလေးနဲ့မပြတ်သေးရင်တော့ဆက်တွဲတော့မှာမဟုတ်ပါဘူး။သူ့ဘက်ကလိုဘယ်လိုပဲဆုံးဖြတ်ပါစေအီမီလီကသူ့ပျော်နေမှာပါ။အခုကသူ့အပေါ်မှာမူတည်သွားပါပြီ”လို့ပြောကြားလာပါတယ်။

အီမီလီအတက်ခ်နှင့်ဂျက်ဂရဲလ်လစ်ရှ်တို့ဟာအင်္ဂလန်လက်ရွေးစင်ကစားသမားတစ်ဦးရဲ့မိတ်ဆက်မှုဖြင့်ရင်းနှီးခဲ့ကြပြီးနောက်ချစ်သူတွေဘဝသို့ရောက်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာမော်ဒယ်ဆာရှာအက်ဝုဒ်နှင့်ကျောင်းတက်စဉ်ကတည်းကချစ်ကြိုက်လာခဲ့ကြတာဖြစ်ပြီး၎င်းတို့အကြားမှာပြတ်လိုက်တွဲလိုက်ဖြစ်လာခဲ့တာကြာပြီဖြစ်ပါတယ်။

ZawGyi

ခ်စ္သူသစ္ႏွင့္ငယ္ခ်စ္အၾကား တစ္ေယာက္ကို ေ႐ြးခ်ယ္ရေတာ့မယ့္ ဂ်က္ဂရဲလ္လစ္ရွ္

အီမီလီအတက္ခ္ဟာမန္စီးတီးႏွင့္အဂၤလန္စတားဂ်က္ဂရဲလ္လစ္အားသူမႏွင့္ကာလရွည္ၾကာတြဲလာခဲ့တဲ့ငယ္ခ်စ္ဦးအၾကားတစ္ဦးကိုျပတ္ျပတ္သားသားေ႐ြးခ်ယ္ရန္ေျပာၾကားလာခဲ့ၿပီျဖစ္ပါတယ္။

မန္စီးတီးစတားဂ်က္ဂရဲလ္လစ္ရွ္ႏွင့္႐ုပ္သံတင္ဆက္သူအီမီလီအတက္ခ္တို႔ဟာမန္ခ်က္စတာဟိုတယ္တစ္ခုတြင္တစ္ႀကိမ္၊သူမရဲ႕ေနအိမ္တြင္တစ္ႀကိမ္ႏွစ္ႀကိမ္တိုင္တိုင္ခ်ိန္းေတြ႕ခဲ့ၾကၿပီးျဖစ္ပါတယ္။

အဂၤလန္ကြင္းလယ္ဖန္တီးရွင္ဟာအီမီလီအတက္ခ္ႏွင့္တြဲေနတယ္ဆိုေပမယ့္လည္းငယ္ခ်စ္ဦးဆာရွာအက္ဝုဒ္ႏွင့္လည္းျပတ္ျခင္းမရွိေသးပါဘူး။ဆာရွာအက္ဝုဒ္ဟာအဂၤလန္ႏွင့္အယ္ေဘးနီးယားပြဲသို႔သြားေရာက္ကာဂ်က္ဂရဲလ္လစ္ရွ္ကိုအားေပးခဲ့ပါေသးတယ္။

ဒါေၾကာင့္လည္းခ်စ္သူသစ္အီမီလီအတက္ခ္ကဂ်က္ဂရဲလ္လစ္ရွ္အားသူမႏွင့္ငယ္ခ်စ္ဦးဆာရွာအက္ဝုဒ္အၾကားတစ္ဦးကိုျပတ္ျပတ္သားသား ေ႐ြးခ်ယ္ရန္ႏွင့္ေလွနံႏွစ္ဖက္မနင္းရန္ေျပာၾကားလာခဲ့ၿပီျဖစ္ပါတယ္။

အီမီလီအတက္ခ္နဲ႔နီးစပ္သူတစ္ဦးက “အီမီလီကသူ႔ကိုတကိုယ္တည္းသမားထင္လို႔လက္ခံလိုက္တာ။အီမီလီလည္းသူနဲ႔တြဲရတာေပ်ာ္ပါတယ္။ဒါေပမယ့္သူသာသူ႔ေကာင္မေလးနဲ႔မျပတ္ေသးရင္ေတာ့ဆက္တြဲေတာ့မွာမဟုတ္ပါဘူး။သူ႔ဘက္ကလိုဘယ္လိုပဲဆုံးျဖတ္ပါေစအီမီလီကသူ႔ေပ်ာ္ေနမွာပါ။အခုကသူ႔အေပၚမွာမူတည္သြားပါၿပီ”လို႔ေျပာၾကားလာပါတယ္။

အီမီလီအတက္ခ္ႏွင့္ဂ်က္ဂရဲလ္လစ္ရွ္တို႔ဟာအဂၤလန္လက္ေ႐ြးစင္ကစာသမားတစ္ဦးရဲ႕မိတ္ဆက္မႈျဖင့္ရင္းႏွီးခဲ့ၾကၿပီးေနာက္ခ်စ္သူေတြဘဝသို႔ေရာက္သြားခဲ့တာလည္းျဖစ္ပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာေမာ္ဒယ္ဆာရွာအက္ဝုဒ္ႏွင့္ေက်ာင္းတက္စဥ္ကတည္းကခ်စ္ႀကိဳက္လာခဲ့ၾကတာျဖစ္ၿပီး၎တို႔အၾကားမွာျပတ္လိုက္တြဲလိုက္ျဖစ္လာခဲ့တာၾကာၿပီျဖစ္ပါတယ္။