ချစ်သူဟောင်းပီကေးကို ပယ်ပယ်နယ်နယ်ဆော်ထားတဲ့ သီချင်းများမှ ငွေအမြောက်အမြားရရှိနေတဲ့ ရှာကီရာ

ပေါ့ပ်စတားရှာကီရာဟာချစ်သူဟောင်းဂါရတ်ပီကေးကိုပယ်ပယ်နယ်နယ်ဆော်ထားတဲ့သီချင်းများမှငွေအမြောက်အမြားရရှိလျက်ရှိနေပါတယ်။

ဂါရတ်ပီကေးနှင့်ရှာကီရာတို့ဟာနှစ်ပေါင်းများစွာလက်တွဲလာပြီးတဲ့နောက် ပြီးခဲ့တဲ့နွေရာသီတုန်းကလူသိရှင်ကြားလမ်းခွဲခဲ့ကြပါတယ်။

ရှာကီရာဟာပီကေးရဲ့အသက်၂၃နှစ်အရွယ်ကလျာချီယာမာတီနှင့်ခြေပုန်းခုတ်နေကြောင်းသိရှိသွားပြီးနောက် လမ်းခွဲလိုက်တာလည်းဖြစ်ပါတယ်။ယခုအခါမှာတော့ပီကေးဟာချစ်သူသစ်ကလျာချီယာမာတီနှင့်လူသိရှင်ကြားတွဲနေပြီဖြစ်ပါတယ်။

ရှာကီရာဟာပီကေးနှင့်လမ်းခွဲလိုက်ပြီးတဲ့နောက်မှာ ပီကေးရဲ့သစ္စာဖောက်မှုများကိုတိုက်ခိုက်ရေးသားထားတဲ့သီချင်းများထုတ်လွှင့်လာခဲ့ပါတယ်။

ရှာကီရာရဲ့နောက်ဆုံးသီချင်းကအာဂျင်တီးနားပရိုဂျူဆာနှင့် DJ Bizarrap နှင့်ပူးပေါင်းဖန်တီးထားတာဖြစ်ပြီးလက်ရှိအချိန်တွင်ကြည့်ရှုသူသန်း၁၃၁ကျော်နေပြီဖြစ်ပါတယ်။

ယင်းသီချင်းတွင်ရှာကီရာကပီကေးနှင့်ကလျာချီယာမာရီယာတို့ကိုရည်ရွယ်တိုက်ခိုက်ထားတဲ့ I’m worth two 22-year-olds. You traded a Ferrari for a Twingo. You traded a Rolex for a Casio ဆိုတဲ့စာသားများထည့်သွင်းထားပါတယ်။

Marca ရဲ့ဖော်ပြချက်အရရှာကီရာဟာယင်းသီချင်းမှငွေကြေးများစွာရရှိနေကြောင်းသိရပါတယ်။

ရှာကီရာဟာ YouTube မှဒေါ်လာ၅၁၂၀၀၀၊Amazon Music မှဒေါ်လာ၅၀၀၀၀၀၊Apple Music မှဒေါ်လာ၁၂၀၀၀၀ ရရှိထားကာစုစုပေါင်းဒေါ်လာ၂.၅သန်းရရှိထားပါတယ်။

ရှာကီရာဟာလွန်ခဲ့တဲ့နှစ်လတုန်းကလည်း’Monotonia’အမည်ရှိသီချင်းတစ်ပုဒ်လည်းထုတ်လွှင့်ခဲ့ပြီးဒေါ်လာ၁၅သန်းအထိရရှိခဲ့ပါတယ်။

ပီကေးဟာလည်းရှာကီရာကသူ့ကို Casio အဖြစ်လှောင်ပြောင်မှုကို သူတည်ထောင်တဲ့ Kings League ရဲ့အဓိကစပွန်ဆာအဖြစ် Casioနှင့်ပူးပေါင်းပြီးတုံ့ပြန်ထားပါတယ်။

ZawGyi

ခ်စ္သူေဟာင္းပီေကးကို ပယ္ပယ္နယ္နယ္ေဆာ္ထားတဲ့ သီခ်င္းမ်ားမွ ေငြအေျမာက္အျမားရရွိေနတဲ့ ရွာကီရာ

ေပါ့ပ္စတားရွာကီရာဟာခ်စ္သူေဟာင္းဂါရတ္ပီေကးကိုပယ္ပယ္နယ္နယ္ေဆာ္ထားတဲ့သီခ်င္းမ်ားမွေငြအေျမာက္အျမားရရွိလ်က္ရွိေနပါတယ္။

ဂါရတ္ပီေကးႏွင့္ရွာကီရာတို႔ဟာႏွစ္ေပါင္းမ်ားစြာလက္တြဲလာၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ေႏြရာသီတုန္းကလူသိရွင္ၾကားလမ္းခြဲခဲ့ၾကပါတယ္။

ရွာကီရာဟာပီေကးရဲ႕အသက္၂၃ႏွစ္အ႐ြယ္ကလ်ာခ်ီယာမာတီႏွင့္ေျခပုန္းခုတ္ေနေၾကာင္းသိရွိသြားၿပီးေနာက္ လမ္းခြဲလိုက္တာလည္းျဖစ္ပါတယ္။ယခုအခါမွာေတာ့ပီေကးဟာခ်စ္သူသစ္ကလ်ာခ်ီယာမာတီႏွင့္လူသိရွင္ၾကားတြဲေနၿပီျဖစ္ပါတယ္။

ရွာကီရာဟာပီေကးႏွင့္လမ္းခြဲလိုက္ၿပီးတဲ့ေနာက္မွာ ပီေကးရဲ႕သစၥာေဖာက္မႈမ်ားကိုတိုက္ခိုက္ေရးသားထားတဲ့သီခ်င္းမ်ားထုတ္လႊင့္လာခဲ့ပါတယ္။

ရွာကီရာရဲ႕ေနာက္ဆုံးသီခ်င္းကအာဂ်င္တီးနားပ႐ိုဂ်ဴဆာႏွင့္ DJ Bizarrap ႏွင့္ပူးေပါင္းဖန္တီးထားတာျဖစ္ၿပီးလက္ရွိအခ်ိန္တြင္ၾကည့္ရႈသူသန္း၁၃၁ေက်ာ္ေနၿပီျဖစ္ပါတယ္။

ယင္းသီခ်င္းတြင္ရွာကီရာကပီေကးႏွင့္ကလ်ာခ်ီယာမာရီယာတို႔ကိုရည္႐ြယ္တိုက္ခိုက္ထားတဲ့ I’m worth two 22-year-olds. You traded a Ferrari for a Twingo. You traded a Rolex for a Casio ဆိုတဲ့စာသားမ်ားထည့္သြင္းထားပါတယ္။

Marca ရဲ႕ေဖာ္ျပခ်က္အရရွာကီရာဟာယင္းသီခ်င္းမွေငြေၾကးမ်ားစြာရရွိေနေၾကာင္းသိရပါတယ္။

ရွာကီရာဟာ YouTube မွေဒၚလာ၅၁၂၀၀၀၊Amazon Music မွေဒၚလာ၅၀၀၀၀၀၊Apple Music မွေဒၚလာ၁၂၀၀၀၀ ရရွိထားကာစုစုေပါင္းေဒၚလာ၂.၅သန္းရရွိထားပါတယ္။

ရွာကီရာဟာလြန္ခဲ့တဲ့ႏွစ္လတုန္းကလည္း’Monotonia’အမည္ရွိသီခ်င္းတစ္ပုဒ္လည္းထုတ္လႊင့္ခဲ့ၿပီးေဒၚလာ၁၅သန္းအထိရရွိခဲ့ပါတယ္။

ပီေကးဟာလည္းရွာကီရာကသူ႔ကို Casio အျဖစ္ေလွာင္ေျပာင္မႈကို သူတည္ေထာင္တဲ့ Kings League ရဲ႕အဓိကစပြန္ဆာအျဖစ္ Casioႏွင့္ပူးေပါင္းၿပီးတုံ႔ျပန္ထားပါတယ္။