ချစ်သူဟောင်းပီကေးရဲ့ဖောက်ပြန်မှုကို အလွတ်စုံထောက်ငှားရမ်းပြီး စောင့်ကြည့်နေခဲ့တဲ့ ရှာကီရာ

ရှာကီရာဟာပြီးခဲ့တဲ့နှစ်ဇွန်လတုန်းကဂါရတ်ပီကေးနှင့်လမ်းမခွဲမီနောက်ကွယ်တွင်ချစ်သူဟောင်းရဲ့ဖောက်ပြန်နေမှုများကိုအလွတ်စုံထောက်ငှားရမ်းကာစောင့်ကြည့်နေခဲ့ကြောင်းသိရပါတယ်။

ကိုလံဘီယာပေါ့ပ်စတားဟာဂါရတ်ပီကေးကိုမယုံသင်္ကာဖြစ်ပြီးနောက်စုံစမ်းထောက်လှမ်းခဲ့တာလည်းဖြစ်ပါတယ်။

ရှာကီရာဟာဂါရတ်ပီကေးမှာလက်ရှိချစ်သူကလျာချီယာမာတီအလုပ်လုပ်နေတဲ့နိုက်ကလပ်သို့ဆက်တိုက်သွားနေမှုနဲ့အတူ ဖောက်ပြန်နေတယ်လို့မယုံသင်္ကာဖြစ်လာခဲ့တာဖြစ်ကြောင်း Marca ရဲ့ဖော်ပြမှုအရသိရပါတယ်။

စပိန်ရုပ်သံအစီအစဉ် El Gordo y la Flaca ရဲ့ဖော်ပြမှုအရ ရှာကီရာရဲ့ငှားရမ်းလိုက်တဲ့အလွတ်စုံထောက်ဟာဂါရတ်ပီကေးနှင့်သူ့ချစ်သူတို့ရဲ့ဓာတ်ပုံများကိုပါရိုက်ကူးခဲ့ပါတယ်။

ဒါကြောင့်လည်းရှာကီရာဟာယင်းဓာတ်ပုံများကိုပါပါရာဇီများထံသို့မပေါက်ကြားအောင် ထိန်းသိမ်းထားရန်ယင်းအလွတ်စုံထောက်ကုမ္ပဏီကိုပြောဆိုခဲ့ရပါတယ်။

ပီကေးဟာနိုက်ကလပ်သို့သွားစဉ် ယင်းတွင်စားပွဲထိုးလုပ်နေတဲ့ကလျာချီယာမာတီကိုတွေ့ရှိချစ်ကြိုက်သွားခဲ့တာလည်းဖြစ်ပါတယ်။

ရှာကီရာဟာချစ်သူပီကေးရဲ့ဖောက်ပြန်တဲ့သတင်းကိုအပြင်သို့မဖောက်ကြားစေရန်လုပ်ဆောင်အစွမ်းကုန်လုပ်ခဲ့ပေမဲ့လည်းဘာစီလိုနာနောက်ခံလူဟောင်းမှာယင်းနိုက်ကလပ်သို့မကြာခဏသွားနေမှုနဲ့အတူ လူသိရှင်ကြားဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

ရှာကီရာဟာပီကေးနှင့်လမ်းခွဲလိုက်ပြီးတဲ့နောက်သူမသစ္စာဖောက်သွားတဲ့အကြောင်းများကိုရေးသားထားတဲ့သီချင်းများထွက်လာခဲ့ပြီးယင်းသီချင်းများမှာအကြီးအကျယ်အောင်မြင်လျက်ရှိပါတယ်။

ZawGyi

ခ်စ္သူေဟာင္းပီေကးရဲ႕ေဖာက္ျပန္မႈကို အလြတ္စုံေထာက္ငွားရမ္းၿပီး ေစာင့္ၾကည့္ေနခဲ့တဲ့ ရွာကီရာ

ရွာကီရာဟာၿပီးခဲ့တဲ့ႏွစ္ဇြန္လတုန္းကဂါရတ္ပီေကးႏွင့္လမ္းမခြဲမီေနာက္ကြယ္တြင္ခ်စ္သူေဟာင္းရဲ႕ေဖာက္ျပန္ေနမႈမ်ားကိုအလြတ္စုံေထာက္ငွားရမ္းကာေစာင့္ၾကည့္ေနခဲ့ေၾကာင္းသိရပါတယ္။

ကိုလံဘီယာေပါ့ပ္စတားဟာဂါရတ္ပီေကးကိုမယုံသကၤာျဖစ္ၿပီးေနာက္စုံစမ္းေထာက္လွမ္းခဲ့တာလည္းျဖစ္ပါတယ္။

ရွာကီရာဟာဂါရတ္ပီေကးမွာလက္ရွိခ်စ္သူကလ်ာခ်ီယာမာတီအလုပ္လုပ္ေနတဲ့ႏိုက္ကလပ္သို႔ဆက္တိုက္သြားေနမႈနဲ႔အတူ ေဖာက္ျပန္ေနတယ္လို႔မယုံသကၤာျဖစ္လာခဲ့တာျဖစ္ေၾကာင္း Marca ရဲ႕ေဖာ္ျပမႈအရသိရပါတယ္။

စပိန္႐ုပ္သံအစီအစဥ္ El Gordo y la Flaca ရဲ႕ေဖာ္ျပမႈအရ ရွာကီရာရဲ႕ငွားရမ္းလိုက္တဲ့အလြတ္စုံေထာက္ဟာဂါရတ္ပီေကးႏွင့္သူ႔ခ်စ္သူတို႔ရဲ႕ဓာတ္ပုံမ်ားကိုပါ႐ိုက္ကူးခဲ့ပါတယ္။

ဒါေၾကာင့္လည္းရွာကီရာဟာယင္းဓာတ္ပုံမ်ားကိုပါပါရာဇီမ်ားထံသို႔မေပါက္ၾကားေအာင္ ထိန္းသိမ္းထားရန္ယင္းအလြတ္စုံေထာက္ကုမၸဏီကိုေျပာဆိုခဲ့ရပါတယ္။

ပီေကးဟာႏိုက္ကလပ္သို႔သြားစဥ္ ယင္းတြင္စားပြဲထိုးလုပ္ေနတဲ့ကလ်ာခ်ီယာမာတီကိုေတြ႕ရွိခ်စ္ႀကိဳက္သြားခဲ့တာလည္းျဖစ္ပါတယ္။

ရွာကီရာဟာခ်စ္သူပီေကးရဲ႕ေဖာက္ျပန္တဲ့သတင္းကိုအျပင္သို႔မေဖာက္ၾကားေစရန္လုပ္ေဆာင္အစြမ္းကုန္လုပ္ခဲ့ေပမဲ့လည္းဘာစီလိုနာေနာက္ခံလူေဟာင္းမွာယင္းႏိုက္ကလပ္သို႔မၾကာခဏသြားေနမႈနဲ႔အတူ လူသိရွင္ၾကားျဖစ္လာခဲ့တာလည္းျဖစ္ပါတယ္။

ရွာကီရာဟာပီေကးႏွင့္လမ္းခြဲလိုက္ၿပီးတဲ့ေနာက္သူမသစၥာေဖာက္သြားတဲ့အေၾကာင္းမ်ားကိုေရးသားထားတဲ့သီခ်င္းမ်ားထြက္လာခဲ့ၿပီးယင္းသီခ်င္းမ်ားမွာအႀကီးအက်ယ္ေအာင္ျမင္လ်က္ရွိပါတယ္။