
မီခေးလ်အာတီတာကအာဆင်နယ်ရဲ့ပရီးမီးယားဖလားအတွက်ဦးဆောင်နိုင်မှုတွင်ဆာအဲလက်စ်ဖာဂူဆန်ဘယ်လိုပါဝင်ကူညီခဲ့သလဲဖွင့်ဟလာပါတယ်။
အာဆင်နယ်နည်းပြအာတီတာကယူနိုက်တက်ကိုကိုင်တွယ်တုန်းကဆာအဲလက်စ်ဖာဂူဆန်ရဲ့ရိုးသားမှုများကသူ့ကိုစိတ်ဓာတ်မြင့်တက်စေခဲ့ကြောင်းဆိုသွားပါတယ်။
အာတီတာဟာယူနိုက်တက်တွင်ဖာဂူဆန် ပရီးမီးယားလိဂ်ဖလား၁၃ကြိမ်ရရှိမှုမှ ၅ကြိမ်တွင်အာဆင်နယ်၊အဲဗာတန်တို့တွင်ကစားနေခဲ့တာလည်းဖြစ်ပါတယ်။သူဟာအာဆင်နယ်ကစားသမားဘဝအစောပိုင်းတုန်းကအိုးထရက်ဖို့ဒ်တွင်ယူနိုက်တက်ကို၈-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။
အာတီတာက “ကျွန်တော့်ကိုတကယ်ဖမ်းစားခဲ့တာကတော့သူ့ရဲ့တည်ရှိမှု၊အရည်အချင်းနဲ့စကားပြောဆိုပုံတွေပါ။သူ့ရဲ့ကစားသမားတွေ၊ပွဲနဲ့ပတ်သက်ပြီးသူဟာတကယ်ပဲရိုးရိုးသားသား၊ပြစ်ပြစ်ခါခါပြောမှုကအားကျစရာပါ။ကျွန်တော်တို့စကားအချို့ပြောဖူးတယ်။ဒါပေမဲ့သူ့အနားမှာရှိတဲ့သူတွေကပြောတာထက်နားထောင်ကြတယ်”လို့ပြောကြားသွားပါတယ်။
အာတီတာဟာအာဆင်နယ်သို့ပြောင်းပြီးနောက်၃ရက်အကြာတွင်ဩဂုတ်လ၈ရက်နေ့၊၂၀၁၁ခုနှစ်တုန်းကယူနိုက်တက်ကို၈-၂ဂိုးဖြင့်အရှက်တကွဲရှုံးပွဲကြုံခဲ့ရပါတယ်။
၎င်းက “တခါတလေတချို့တွေအတွက်အခွင့်အရေးရလာဖို့အတွက်ဆိုးဆိုးရွားရွားဖြစ်တာမျိုးလိုအပ်တယ်။ကံဆိုးစွာပဲ၈-၂နဲ့တကယ့်ကိုရှုံးပွဲကြီးကြုံခဲ့တယ်။ဒါကိုရလဒ်တစ်ခုလို့ပဲမတွေးပါဘူး။ဒါပေမဲ့ဒါကအများကြီးအကူအညီဖြစ်ခဲ့တယ်။ဘာပဲဖြစ်ဖြစ်သမိုင်းတော့ကျန်ခဲ့တာပေါ့”လို့ပြောကြားသွားပါတယ်။
အာတီတာရဲ့အာဆင်နယ်ဟာယခုရာသီတွင်တစ်ပွဲတည်းသောရှုံးပွဲအဖြစ် အိုးထရက်ဖို့ဒ်တွင်ယူနိုက်တက်ကိုရှုံးနိမ့်ထားပြီးတစ်ပွဲလျှော့ကစားကာ ဒုတိယနေရာမှမန်စီးတီးကို၅မှတ်ဖြတ်ကာအမှတ်ပေးဇယားကိုဦးဆောင်နေပါတယ်။
အာဆင်နယ်ဟာယနေ့ညတွင်အမ်းမရိတ်ကွင်းတွင်ယူနိုက်တက်ကိုဧည့်ခံကစားသွားရပါမယ်။
ZawGyi
ခ်န္ပီယံဆုအတြက္ ဦးေဆာင္ႏိုင္ေအာင္ ဆာအဲလက္စ္ဖာဂူဆန္ ဘယ္လိုကူညီခဲ့သလဲ အာတီတာဖြင့္ဟလာ
မီေခးလ္အာတီတာကအာဆင္နယ္ရဲ႕ပရီးမီးယားဖလားအတြက္ဦးေဆာင္ႏိုင္မႈတြင္ဆာအဲလက္စ္ဖာဂူဆန္ဘယ္လိုပါဝင္ကူညီခဲ့သလဲဖြင့္ဟလာပါတယ္။
အာဆင္နယ္နည္းျပအာတီတာကယူႏိုက္တက္ကိုကိုင္တြယ္တုန္းကဆာအဲလက္စ္ဖာဂူဆန္ရဲ႕႐ိုးသားမႈမ်ားကသူ႔ကိုစိတ္ဓာတ္ျမင့္တက္ေစခဲ့ေၾကာင္းဆိုသြားပါတယ္။
အာတီတာဟာယူႏိုက္တက္တြင္ဖာဂူဆန္ ပရီးမီးယားလိဂ္ဖလား၁၃ႀကိမ္ရရွိမႈမွ ၅ႀကိမ္တြင္အာဆင္နယ္၊အဲဗာတန္တို႔တြင္ကစားေနခဲ့တာလည္းျဖစ္ပါတယ္။သူဟာအာဆင္နယ္ကစားသမားဘဝအေစာပိုင္းတုန္းကအိုးထရက္ဖို႔ဒ္တြင္ယူႏိုက္တက္ကို၈-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့ဖူးသူလည္းျဖစ္ပါတယ္။
အာတီတာက “ကြၽန္ေတာ့္ကိုတကယ္ဖမ္းစားခဲ့တာကေတာ့သူ႔ရဲ႕တည္ရွိမႈ၊အရည္အခ်င္းနဲ႔စကားေျပာဆိုပုံေတြပါ။သူ႔ရဲ႕ကစားသမားေတြ၊ပြဲနဲ႔ပတ္သက္ၿပီးသူဟာတကယ္ပဲ႐ိုး႐ိုးသားသား၊ျပစ္ျပစ္ခါခါေျပာမႈကအားက်စရာပါ။ကြၽန္ေတာ္တို႔စကားအခ်ိဳ႕ေျပာဖူးတယ္။ဒါေပမဲ့သူ႔အနားမွာရွိတဲ့သူေတြကေျပာတာထက္နားေထာင္ၾကတယ္”လို႔ေျပာၾကားသြားပါတယ္။
အာတီတာဟာအာဆင္နယ္သို႔ေျပာင္းၿပီးေနာက္၃ရက္အၾကာတြင္ဩဂုတ္လ၈ရက္ေန႔၊၂၀၁၁ခုႏွစ္တုန္းကယူႏိုက္တက္ကို၈-၂ဂိုးျဖင့္အရွက္တကြဲရႈံးပြဲႀကဳံခဲ့ရပါတယ္။
၎က “တခါတေလတခ်ိဳ႕ေတြအတြက္အခြင့္အေရးရလာဖို႔အတြက္ဆိုးဆိုး႐ြား႐ြားျဖစ္တာမ်ိဳးလိုအပ္တယ္။ကံဆိုးစြာပဲ၈-၂နဲ႔တကယ့္ကိုရႈံးပြဲႀကီးႀကဳံခဲ့တယ္။ဒါကိုရလဒ္တစ္ခုလို႔ပဲမေတြးပါဘူး။ဒါေပမဲ့ဒါကအမ်ားႀကီးအကူအညီျဖစ္ခဲ့တယ္။ဘာပဲျဖစ္ျဖစ္သမိုင္းေတာ့က်န္ခဲ့တာေပါ့”လို႔ေျပာၾကားသြားပါတယ္။
အာတီတာရဲ႕အာဆင္နယ္ဟာယခုရာသီတြင္တစ္ပြဲတည္းေသာရႈံးပြဲအျဖစ္ အိုးထရက္ဖို႔ဒ္တြင္ယူႏိုက္တက္ကိုရႈံးနိမ့္ထားၿပီးတစ္ပြဲေလွ်ာ့ကစားကာ ဒုတိယေနရာမွမန္စီးတီးကို၅မွတ္ျဖတ္ကာအမွတ္ေပးဇယားကိုဦးေဆာင္ေနပါတယ္။
အာဆင္နယ္ဟာယေန႔ညတြင္အမ္းမရိတ္ကြင္းတြင္ယူႏိုက္တက္ကိုဧည့္ခံကစားသြားရပါမယ္။