ချန်ပီယံရှစ်တစ်နှစ်တာအကောင်းဆုံးကစားသမားအား ပေါင်သန်း ၃၀ ဖြင့် အာဆင်နယ်နှင့်ဗီလာအပြိုင်ကမ်းလှမ်း

အာဆင်နယ်နှင့်ဗီလာတို့ဟာနော့ဝှစ်ချ်ကပြောင်းရွှေ့ကြေးပေါင်သန်း၄၀သတ်မှတ်ထားတဲ့ တောင်ပံတိုက်စစ်သမားအီမီဘူအင်ဒီယာကိုအပြိုင်ကမ်းလှမ်းမှုပြုလုပ်ထားကြောင်းသိရပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်သင်းတို့ဟာအာဂျင်တီးနားတောင်ပံကစားသမားအား ပေါင်သန်း၃၀ Plus ဖြင့်ကမ်းလှမ်းထားပါတယ်။လက်ရှိအနေအထားများအရဘူအင်ဒီယာဟာယခုနွေရာသီမှာနော့ဝှစ်ချ်မှထွက်ခွာဖို့သေချာသလောက်ရှိနေပြီလည်းဖြစ်ပါတယ်။

ယင်းကလပ်နှစ်ခုတို့ကဘူအင်ဒီယာအတွက်ပေါင်သန်း၃၀ကိုကနဦးပေးကာခြေစွမ်းနှင့်အောင်မြင်မှုအပေါ်မူတည်ကာအပိုဆုကြေးများထပ်ပေးမယ့်အချက်ဖြင့်ကမ်းလှမ်းထားတာလည်းဖြစ်ပါတယ်။

ဒါ့ပေမယ့်ငွေကြေးပြဿနာမရှိတဲ့နော့ဝှစ်ချ်အသင်းဟာဘူအင်ဒီယာအားလျှော့ဈေးဖြင့်မရောင်းရန်တင်းခံထားပါတယ်။၎င်းတို့ဟာချန်ပီယံရှစ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင်ဘူအင်ဒီယာအတွက်ပေါင်သန်း၄၀ပေးရန်သာတောင်းဆိုထားပါတယ်။

လက်ရှိအချိန်တွင်ဗီလာနှင့်အာဆင်နယ်တို့အကြားဘူအင်ဒီယာအတွက်ကမ်းလှမ်းမှုအားတိုးမြှင့်ပေးရန်စီစဉ်နေရာအပြောင်းအရွှေ့မှာလာမယ့်ရက်အနည်းငယ်အတွင်းတွင်ပြီးမြောက်လာဖို့ရှိပါတယ်။

နော့ဝှစ်ချ်ဟာအသက်၂၄နှစ်ရှိဘူအင်ဒီယာဟာ၂၀၁၈ခုနှစ်တုန်းကဂီတာဖေးမှပေါင်၁.၅သန်းဖြင့်ဝယ်ယူခဲ့တာဖြစ်ပြီးကစားသမားအားရောင်းချလို့ရရှိတဲ့ငွေကြေးရဲ့၂၀ရာခိုင်နှုန်းကိုစပိန်ကလပ်အားပေးရပါဦးမယ်။

ဘူအင်ဒီယာဟာနော့ဝှစ်ချ်အတွက်ချန်ပီယံရှစ်မှာ၁၅ဂိုးသွင်းယူကာပရီးမီးယားလိဂ်သို့တက်ရောက်နိုင်အောင်ကူညီထားသူလည်းဖြစ်ပါတယ်။သူဟာဘယ်တောင်ပံတွင်ရောညာတောင်ပံတွင်ပါကစားနိုင်ကာဖန်တီးမှု၁၆ကြိမ်အထိပြုလုပ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကတည်းကဘူအင်ဒီယာကိုခေါ်ယူရေးကြိုးပမ်းခဲ့ပေမယ့်ကစားသမားကရာသီဝက်ကာလတွင်မပြောင်းလိုတာမအောင်မြင်ခဲ့တာပါ။

ZawGyi

ခ်န္ပီယံရွစ္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားအား ေပါင္သန္း ၃၀ ျဖင့္ အာဆင္နယ္ႏွင့္ဗီလာအၿပိဳင္ကမ္းလွမ္း

အာဆင္နယ္ႏွင့္ဗီလာတို႔ဟာေနာ့ဝွစ္ခ်္ကေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၄၀သတ္မွတ္ထားတဲ့ ေတာင္ပံတိုက္စစ္သမားအီမီဘူအင္ဒီယာကိုအၿပိဳင္ကမ္းလွမ္းမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

ပရီးမီးယားလိဂ္ကလပ္အသင္းႏွစ္သင္းတို႔ဟာအာဂ်င္တီးနားေတာင္ပံကစားသမားအား ေပါင္သန္း၃၀ Plus ျဖင့္ကမ္းလွမ္းထားပါတယ္။လက္ရွိအေနအထားမ်ားအရဘူအင္ဒီယာဟာယခုေႏြရာသီမွာေနာ့ဝွစ္ခ်္မွထြက္ခြာဖို႔ေသခ်ာသေလာက္ရွိေနၿပီလည္းျဖစ္ပါတယ္။

ယင္းကလပ္ႏွစ္ခုတို႔ကဘူအင္ဒီယာအတြက္ေပါင္သန္း၃၀ကိုကနဦးေပးကာေျခစြမ္းႏွင့္ေအာင္ျမင္မႈအေပၚမူတည္ကာအပိုဆုေၾကးမ်ားထပ္ေပးမယ့္အခ်က္ျဖင့္ကမ္းလွမ္းထားတာလည္းျဖစ္ပါတယ္။

ဒါ့ေပမယ့္ေငြေၾကးျပႆနာမရွိတဲ့ေနာ့ဝွစ္ခ်္အသင္းဟာဘူအင္ဒီယာအားေလွ်ာ့ေဈးျဖင့္မေရာင္းရန္တင္းခံထားပါတယ္။၎တို႔ဟာခ်န္ပီယံရွစ္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုရွင္ဘူအင္ဒီယာအတြက္ေပါင္သန္း၄၀ေပးရန္သာေတာင္းဆိုထားပါတယ္။

လက္ရွိအခ်ိန္တြင္ဗီလာႏွင့္အာဆင္နယ္တို႔အၾကားဘူအင္ဒီယာအတြက္ကမ္းလွမ္းမႈအားတိုးျမႇင့္ေပးရန္စီစဥ္ေနရာအေျပာင္းအေ႐ႊ႕မွာလာမယ့္ရက္အနည္းငယ္အတြင္းတြင္ၿပီးေျမာက္လာဖို႔ရွိပါတယ္။

ေနာ့ဝွစ္ခ်္ဟာအသက္၂၄ႏွစ္ရွိဘူအင္ဒီယာဟာ၂၀၁၈ခုႏွစ္တုန္းကဂီတာေဖးမွေပါင္၁.၅သန္းျဖင့္ဝယ္ယူခဲ့တာျဖစ္ၿပီးကစားသမားအားေရာင္းခ်လို႔ရရွိတဲ့ေငြေၾကးရဲ႕၂၀ရာခိုင္ႏႈန္းကိုစပိန္ကလပ္အားေပးရပါဦးမယ္။

ဘူအင္ဒီယာဟာေနာ့ဝွစ္ခ်္အတြက္ခ်န္ပီယံရွစ္မွာ၁၅ဂိုးသြင္းယူကာပရီးမီးယားလိဂ္သို႔တက္ေရာက္ႏိုင္ေအာင္ကူညီထားသူလည္းျဖစ္ပါတယ္။သူဟာဘယ္ေတာင္ပံတြင္ေရာညာေတာင္ပံတြင္ပါကစားႏိုင္ကာဖန္တီးမႈ၁၆ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကတည္းကဘူအင္ဒီယာကိုေခၚယူေရးႀကိဳးပမ္းခဲ့ေပမယ့္ကစားသမားကရာသီဝက္ကာလတြင္မေျပာင္းလိုတာမေအာင္ျမင္ခဲ့တာပါ။