ချန်ပီယံလိဂ်ကစားနေတဲ့ ဘရုဂျက်နည်းပြသစ်ဖြစ်လာတဲ့ စကော့ပါကား

စကော့ပါကားဟာချန်ပီယံလိဂ်ကစားနေတဲ့ ဘရုဂျက်နည်းပြအဖြစ်ဖြင့်ဘောလုံးလောကသို့အကောင်းဆုံးခြေချလာပါတယ်။

အသက်၄၂နှစ်ရှိစကော့ပါကားဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဘုန်းမောက်ကိုပရီးမီးယားလိဂ်သို့တန်းတက်နိုင်အောင်ဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့သူဟာလီဗာပူးကို၉-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်ပရီးမီးယားလိဂ်ပွဲ၄ပွဲကစားပြီးချိန်မှာဘဲဘုန်းမောက်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ယခုအခါသူဟာဘရုဂျက်ကိုကိုင်တွယ်ပြီးဘယ်လ်ဂျီယံတွင်နည်းပြအတွေ့အကြုံသစ်ရယူလာတော့မှာဖြစ်ပါတယ်။

ဘရုဂျက်ဟာလွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်တုန်းကထုတ်ပယ်လိုက်တဲ့ကားလ်ဟိုးကန်ရဲ့နေရာတွင်စကော့ပါကားကိုအစားထိုးခန့်အပ်လိုက်တာဖြစ်ပါတယ်။

ကားလ်ဟိုးကန်ဟာနွေရာသီကမှဘရုဂျက်ကိုကိုင်တွယ်ခဲ့တာဖြစ်ပေမဲ့ ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့သူဟာပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရတဲ့အပြင်အမှတ်ပေးဇယားတွင်လည်းအဆင့်၄နေရာတွင်သာရပ်တည်နိုင်ပြီးနောက်ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ပါကားဟာနည်းပြဘဝတိုတောင်းသေးပေမဲ့လည်းအထင်ကြီးစရာမှတ်တမ်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

သူဟာ၂၀၁၉ခုနှစ်တွင်ဖူလ်ဟမ်ကိုကိုင်တွယ်ကာနည်းပြလောကသို့ဝင်ရောက်ပြီးနောက်၂၀၂၀ခုနှစ်တွင်ပလေးအော့ဖ်မှတဆင့်ပရီးမီးယားလိဂ်သို့တက်ရောက်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။သူဟာတစ်နှစ်အကြာတွင်ဖူလ်ဟမ်မှနုတ်ထွက်ပြီးဘုန်းမောက်ကိုကိုင်တွယ်ကာပထမဆုံးရာသီမှာပဲတန်းတက်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

စကော့ပါကားရဲ့ဘရုဂျက်ဟာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်အဖြစ်ဖေဖော်ဝါရီလ၁၅ရက်နေ့တွင်ပေါ်တူဂီထိပ်သီးဘင်ဖီကာနှင့်ရင်ဆိုင်ရမှာဖြစ်ပြီးဒုတိယအကျော့ပွဲစဉ်အဖြစ်မတ်လ၇ရက်နေ့တွင်ကစားရပါမယ်။

ZawGyi

ခ်န္ပီယံလိဂ္ကစားေနတဲ့ ဘ႐ုဂ်က္နည္းျပသစ္ျဖစ္လာတဲ့ စေကာ့ပါကား

စေကာ့ပါကားဟာခ်န္ပီယံလိဂ္ကစားေနတဲ့ ဘ႐ုဂ်က္နည္းျပအျဖစ္ျဖင့္ေဘာလုံးေလာကသို႔အေကာင္းဆုံးေျခခ်လာပါတယ္။

အသက္၄၂ႏွစ္ရွိစေကာ့ပါကားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဘုန္းေမာက္ကိုပရီးမီးယားလိဂ္သို႔တန္းတက္ႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့သူဟာလီဗာပူးကို၉-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ပရီးမီးယားလိဂ္ပြဲ၄ပြဲကစားၿပီးခ်ိန္မွာဘဲဘုန္းေမာက္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ယခုအခါသူဟာဘ႐ုဂ်က္ကိုကိုင္တြယ္ၿပီးဘယ္လ္ဂ်ီယံတြင္နည္းျပအေတြ႕အႀကဳံသစ္ရယူလာေတာ့မွာျဖစ္ပါတယ္။

ဘ႐ုဂ်က္ဟာလြန္ခဲ့တဲ့ရက္အနည္းငယ္ခန႔္တုန္းကထုတ္ပယ္လိုက္တဲ့ကားလ္ဟိုးကန္ရဲ႕ေနရာတြင္စေကာ့ပါကားကိုအစားထိုးခန႔္အပ္လိုက္တာျဖစ္ပါတယ္။

ကားလ္ဟိုးကန္ဟာေႏြရာသီကမွဘ႐ုဂ်က္ကိုကိုင္တြယ္ခဲ့တာျဖစ္ေပမဲ့ ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ႏိုင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့သူဟာျပည္တြင္းရႈံးထြက္ဖလားၿပိဳင္ပြဲမွထြက္ခြာခဲ့ရတဲ့အျပင္အမွတ္ေပးဇယားတြင္လည္းအဆင့္၄ေနရာတြင္သာရပ္တည္ႏိုင္ၿပီးေနာက္ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ပါကားဟာနည္းျပဘဝတိုေတာင္းေသးေပမဲ့လည္းအထင္ႀကီးစရာမွတ္တမ္းပိုင္ဆိုင္ထားသူျဖစ္ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္တြင္ဖူလ္ဟမ္ကိုကိုင္တြယ္ကာနည္းျပေလာကသို႔ဝင္ေရာက္ၿပီးေနာက္၂၀၂၀ခုႏွစ္တြင္ပေလးေအာ့ဖ္မွတဆင့္ပရီးမီးယားလိဂ္သို႔တက္ေရာက္ႏိုင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။သူဟာတစ္ႏွစ္အၾကာတြင္ဖူလ္ဟမ္မွႏုတ္ထြက္ၿပီးဘုန္းေမာက္ကိုကိုင္တြယ္ကာပထမဆုံးရာသီမွာပဲတန္းတက္ႏိုင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

စေကာ့ပါကားရဲ႕ဘ႐ုဂ်က္ဟာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္အျဖစ္ေဖေဖာ္ဝါရီလ၁၅ရက္ေန႔တြင္ေပၚတူဂီထိပ္သီးဘင္ဖီကာႏွင့္ရင္ဆိုင္ရမွာျဖစ္ၿပီးဒုတိယအေက်ာ့ပြဲစဥ္အျဖစ္မတ္လ၇ရက္ေန႔တြင္ကစားရပါမယ္။