ချန်ပီယံလိဂ်ကလပ်များအကြား အပြောင်းအရွှေ့လုပ်မှု ပိတ်ပင်လာမယ့် ဥရောပကလပ်များအဖွဲ့ချုပ်

ယူအီးအက်ဖ်အေဟာဘောလုံးအဆင့်မြှင့်တင်နိုင်ရေးအတွက်ထိပ်သီးကလပ်ကြီးများအကြားအပြောင်းအရွှေ့ ပြုလုပ်မှုပိတ်ပင်လာနိုင်ကြောင်းသိရပါတယ်။

မဖြစ်နိုင်တဲ့ယင်းစိတ်ကူးကိုပြောကြားလာတာကတော့ဥရောပကလပ်များအဖွဲ့ချုပ်ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ ဂျူဗင်တပ်ဥက္ကဌအက်ဂနယ်လီကပြောကြားလာတာပါ။

ဂျူဗင်တပ်ဟာ၁၉၉၆ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ရေးအတွက်၂၀၁၈ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်မှခရစ္စတီယာနိုရော်နယ်ဒိုကိုပေါင်သန်း၁၀၀နီးပါးပေးကာခေါ်ယူခဲ့ပါတယ်။ဘာစီလိုနာဟာလည်း နွေရာသီတုန်းကကလပ်မှထွက်ခွာလိုခဲ့တဲ့မက်ဆီအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၅၀၀တောင်းဆိုခဲ့ပါတယ်။

လာမယ့်နွေရာသီတွင်ဥရောပထိပ်သီးကလပ်များဟာပီအက်စ်ဂျီမှကိုင်လီအမ်ဘက်ပီ၊နေမာ၊ ဒေါ့မွန်မှအာလင်းဟာ လန်း၊ဆန်ချိုတို့ကိုခေါ်ယူရေးကြိုးပမ်းလာကြဦးမှာဖြစ်ပါတယ်။

ဒါပေမယ့်အက်ဂနယ်လီကတော့၂၀၂၄ခုနှစ်မှစတင်ကာချန်ပီယံလိဂ်ပြိုင်ပွဲဝင်ကလပ်များအကြားကစားသမားအ ရောင်းအဝယ်မပြုလုပ်တဲ့စည်းမျဉ်းချမှတ်ရန်စီစဉ်နေပြီးယင်းအစီအစဉ်ကြောင့်အခြားကလပ်များအတွက်လည်းအ ကျိုးရှိလာမယ်လို့ယုံကြည်နေပါတယ်။

အက်ဂနယ်လီရဲ့ကြိုးပမ်းမှုကဥရောပရဲ့လွတ်လပ်စွာလုပ်ဆောင်ခွင့်ဥပဒေနှင့်လည်းညှိစွန်းနေရာအငြင်းပွားစရာ အနေအထားများစွာရှိနေပါတယ်။

အခြားတစ်ဖက်မှာအက်ဂနယ်လီဟာကိုဗစ်ကြောင့်ကလပ်များရဲ့ငွေကြေးထိခိုက်မှုများစွာရှိမှုနဲ့အတူကလပ်ကြီးများရဲ့ အကျိုးစီးပွားရေးကိုကာကွယ်ရန်အလို့ငှာယင်းသို့ပြောဆိုအကြံပြုလာတာလို့လည်းယူဆလို့ရပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ကလပ္မ်ားအၾကား အေျပာင္းအေ႐ႊ႕လုပ္မႈ ပိတ္ပင္လာမယ့္ ဥေရာပကလပ္မ်ားအဖြဲ႕ခ်ဳပ္

ယူအီးအက္ဖ္ေအဟာေဘာလုံးအဆင့္ျမႇင့္တင္ႏိုင္ေရးအတြက္ထိပ္သီးကလပ္ႀကီးမ်ားအၾကားအေျပာင္းအေ႐ႊ႕ ျပဳလုပ္မႈပိတ္ပင္လာႏိုင္ေၾကာင္းသိရပါတယ္။

မျဖစ္ႏိုင္တဲ့ယင္းစိတ္ကူးကိုေျပာၾကားလာတာကေတာ့ဥေရာပကလပ္မ်ားအဖြဲ႕ခ်ဳပ္ဥကၠဌအျဖစ္ေဆာင္႐ြက္ေနတဲ့ ဂ်ဴဗင္တပ္ဥကၠဌအက္ဂနယ္လီကေျပာၾကားလာတာပါ။

ဂ်ဴဗင္တပ္ဟာ၁၉၉၆ခုႏွစ္ေနာက္ပိုင္းေဝးကြာေနတဲ့ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ေရးအတြက္၂၀၁၈ခုႏွစ္တုန္းက ရီးရဲလ္မက္ဒရစ္မွခရစၥတီယာႏိုေရာ္နယ္ဒိုကိုေပါင္သန္း၁၀၀နီးပါးေပးကာေခၚယူခဲ့ပါတယ္။ဘာစီလိုနာဟာလည္း ေႏြရာသီတုန္းကကလပ္မွထြက္ခြာလိုခဲ့တဲ့မက္ဆီအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၅၀၀ေတာင္းဆိုခဲ့ပါတယ္။

လာမယ့္ေႏြရာသီတြင္ဥေရာပထိပ္သီးကလပ္မ်ားဟာပီအက္စ္ဂ်ီမွကိုင္လီအမ္ဘက္ပီ၊ေနမာ၊ ေဒါ့မြန္မွအာလင္းဟာ လန္း၊ဆန္ခ်ိဳတို႔ကိုေခၚယူေရးႀကိဳးပမ္းလာၾကဦးမွာျဖစ္ပါတယ္။

ဒါေပမယ့္အက္ဂနယ္လီကေတာ့၂၀၂၄ခုႏွစ္မွစတင္ကာခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္ကလပ္မ်ားအၾကားကစားသမားအ ေရာင္းအဝယ္မျပဳလုပ္တဲ့စည္းမ်ဥ္းခ်မွတ္ရန္စီစဥ္ေနၿပီးယင္းအစီအစဥ္ေၾကာင့္အျခားကလပ္မ်ားအတြက္လည္းအ က်ိဳးရွိလာမယ္လို႔ယုံၾကည္ေနပါတယ္။

အက္ဂနယ္လီရဲ႕ႀကိဳးပမ္းမႈကဥေရာပရဲ႕လြတ္လပ္စြာလုပ္ေဆာင္ခြင့္ဥပေဒႏွင့္လည္းညႇိစြန္းေနရာအျငင္းပြားစရာ အေနအထားမ်ားစြာရွိေနပါတယ္။

အျခားတစ္ဖက္မွာအက္ဂနယ္လီဟာကိုဗစ္ေၾကာင့္ကလပ္မ်ားရဲ႕ေငြေၾကးထိခိုက္မႈမ်ားစြာရွိမႈနဲ႔အတူကလပ္ႀကီးမ်ားရဲ႕ အက်ိဳးစီးပြားေရးကိုကာကြယ္ရန္အလို႔ငွာယင္းသို႔ေျပာဆိုအႀကံျပဳလာတာလို႔လည္းယူဆလို႔ရပါတယ္။