ချန်ပီယံလိဂ်ချန်ပီယံဖြစ်အောင် အံ့မခန်းခြေစွမ်းဖြင့် ကစားပြီးနောက် ကွင်းနဲ့မထိခဲ့ရတဲ့ အန်ဂိုလိုကန်တီ

အန်ဂိုလိုကန်တီဟာမနေ့ညတုန်းကမန်စီးတီးကိုချဲလ်ဆီးက၁-၀ဂိုးဖြင့်အနိုင်ရရှိအောင်ကွင်းလယ်ကိုစိုးမိုးကစားနိုင်ခဲ့ကာချန်ပီယံလိဂ်ဗိုလ်လုပွဲသမိုင်းတွင်အကောင်းဆုံးခြေစွမ်းများထဲမှတစ်ခုအဖြစ်လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။

ယင်းသို့အံ့မခန်းခြေစွမ်းမျိုးဖြင့်ကစားပြနိုင်ခဲ့မှုနဲ့အတူပွဲပြီးခရာမှုတ်ပြီးချိန်တွင်အန်ဂိုလိုကန်တီဟာချဲလ်ဆီးကစားဖော်များရဲ့ချီမြှောက်ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

ဦးစွာပြင်သစ်နောက်ခံလူကတ်ဇူးမားကကန်တီကိုကလေးတစ်ယောက်လိုချီရွက်ကာကွင်းအတွင်းမှာသယ်ခဲ့သလိုနောက်ပိုင်းတွင်အခြားကစားဖော်များကလည်းချီမြှောက်ဂုဏ်ပြုခဲ့ကြပါတယ်။

ချဲလ်ဆီးကစားသမားများဟာချန်ပီယံလိဂ်ဖလားအတွက်ကန်တီကိုကျေးဇူးတင်တဲ့အနေဖြင့်ချီမြှောက်ခဲ့တာလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်မန်စီးတီးနည်းပြဂွါဒီယိုလာဟာပွဲထွက်လူစာရင်းတွင်ကွင်းလယ်အဖျက်ကစားသမားထည့်သွင်းခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်လည်းပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားကန်တီဟာမန်စီးတီးကွင်းလယ်ကိုစိတ်ကြိုက်အုပ်စိုးကစားနိုင်ခဲ့ပါတယ်။ဒါ့အပြင်သူဟာကွင်းရဲ့နေရာတိုင်းသို့ရောက်ရှိနေပြီးဘောလုံးဖျက်ထုတ်မှုများစွာ၊ဘောလုံးရှင်းထုတ်မှုများစွာ၊ကြားဖြတ်ယူခြင်းတို့ပြုလုပ်နိုင်ခဲ့ပါတယ်။

မန်စီးတီးနဲ့ပွဲမှာကန်တီလုပ်ဆောင်ခဲ့တဲ့အကောင်းဆုံးအရာကတော့ဂိုးကန်သွင်းဖို့ဆွဲပြေးတဲ့ကီဗင်ဒီဘရိုင်းဆီမှဘောလုံးကိုပြီးပြည့်စုံစွာဖျက်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနှင့်ပွဲတွင်ကန်တီဟာဘောလုံးထိတွေ့မှု၅၁ကြိမ်၊တစ်ဦးချင်းထိပ်တိုက်တွေ့ရာတွင်အသာရမှု၁၁ကြိမ်၊ဘောလုံးဖျက်ထုတ်မှု၃ကြိမ်၊ဘောလုံးဖြတ်တောက်မှု၂ကြိမ်၊ရှင်းထုတ်မှု၂ကြိမ်၊အခွင့်အမရေးဖန်တီးမှု၁ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ယင်းသို့စွမ်းဆောင်နိုင်မှုနဲ့အတူကန်တီဟာချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးခဲ့ပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ေအာင္ အံ့မခန္းေျခစြမ္းျဖင့္ ကစားၿပီးေနာက္ ကြင္းနဲ႔မထိခဲ့ရတဲ့ အန္ဂိုလိုကန္တီ

အန္ဂိုလိုကန္တီဟာမေန႔ညတုန္းကမန္စီးတီးကိုခ်ဲလ္ဆီးက၁-၀ဂိုးျဖင့္အႏိုင္ရရွိေအာင္ကြင္းလယ္ကိုစိုးမိုးကစားႏိုင္ခဲ့ကာခ်န္ပီယံလိဂ္ဗိုလ္လုပြဲသမိုင္းတြင္အေကာင္းဆုံးေျခစြမ္းမ်ားထဲမွတစ္ခုအျဖစ္လုပ္ေဆာင္ျပႏိုင္ခဲ့ပါတယ္။

ယင္းသို႔အံ့မခန္းေျခစြမ္းမ်ိဳးျဖင့္ကစားျပႏိုင္ခဲ့မႈနဲ႔အတူပြဲၿပီးခရာမႈတ္ၿပီးခ်ိန္တြင္အန္ဂိုလိုကန္တီဟာခ်ဲလ္ဆီးကစားေဖာ္မ်ားရဲ႕ခ်ီေျမႇာက္ဂုဏ္ျပဳျခင္းခံခဲ့ရပါတယ္။

ဦးစြာျပင္သစ္ေနာက္ခံလူကတ္ဇူးမားကကန္တီကိုကေလးတစ္ေယာက္လိုခ်ီ႐ြက္ကာကြင္းအတြင္းမွာသယ္ခဲ့သလိုေနာက္ပိုင္းတြင္အျခားကစားေဖာ္မ်ားကလည္းခ်ီေျမႇာက္ဂုဏ္ျပဳခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးကစားသမားမ်ားဟာခ်န္ပီယံလိဂ္ဖလားအတြက္ကန္တီကိုေက်းဇူးတင္တဲ့အေနျဖင့္ခ်ီေျမႇာက္ခဲ့တာလည္းျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္မန္စီးတီးနည္းျပဂြါဒီယိုလာဟာပြဲထြက္လူစာရင္းတြင္ကြင္းလယ္အဖ်က္ကစားသမားထည့္သြင္းခဲ့ျခင္းမရွိပါဘူး။ဒါေၾကာင့္လည္းျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားကန္တီဟာမန္စီးတီးကြင္းလယ္ကိုစိတ္ႀကိဳက္အုပ္စိုးကစားႏိုင္ခဲ့ပါတယ္။ဒါ့အျပင္သူဟာကြင္းရဲ႕ေနရာတိုင္းသို႔ေရာက္ရွိေနၿပီးေဘာလုံးဖ်က္ထုတ္မႈမ်ားစြာ၊ေဘာလုံးရွင္းထုတ္မႈမ်ားစြာ၊ၾကားျဖတ္ယူျခင္းတို႔ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

မန္စီးတီးနဲ႔ပြဲမွာကန္တီလုပ္ေဆာင္ခဲ့တဲ့အေကာင္းဆုံးအရာကေတာ့ဂိုးကန္သြင္းဖို႔ဆြဲေျပးတဲ့ကီဗင္ဒီဘ႐ိုင္းဆီမွေဘာလုံးကိုၿပီးျပည့္စုံစြာဖ်က္ထုတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးႏွင့္ပြဲတြင္ကန္တီဟာေဘာလုံးထိေတြ႕မႈ၅၁ႀကိမ္၊တစ္ဦးခ်င္းထိပ္တိုက္ေတြ႕ရာတြင္အသာရမႈ၁၁ႀကိမ္၊ေဘာလုံးဖ်က္ထုတ္မႈ၃ႀကိမ္၊ေဘာလုံးျဖတ္ေတာက္မႈ၂ႀကိမ္၊ရွင္းထုတ္မႈ၂ႀကိမ္၊အခြင့္အမေရးဖန္တီးမႈ၁ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ယင္းသို႔စြမ္းေဆာင္ႏိုင္မႈနဲ႔အတူကန္တီဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲရဲ႕ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကိုလည္းဆြတ္ခူးခဲ့ပါတယ္။