ချန်ပီယံလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းမှ ကစားသမားတို့ အပိုဆုကြေးငွေ သန်းပေါင်းများစွာ ရရှိ

ချဲလ်ဆီးကစားသမားများဟာမန်စီးတီးကိုအနိုင်ရရှိကာချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက်အပိုဆုကြေးငွေပေါင်၁၀သန်းအထိရရှိခဲ့ကြောင်းသိရပါတယ်။

သောမတ်စ်တူချယ်ဦးဆောင်တဲ့ချဲလ်ဆီးဟာပေါ်တိုတွင်ကစားတဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာကိုင်ဟာဗတ်ဇ်သွင်းယူတဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်ပရီးမီးယားလိဂ်ချန်ပီယံကိုအနိုင်ရရှိခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားများဟာယခုလအစောပိုင်းတုန်းကချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင်ရီးရဲလ်မက်ဒရစ်ကိုအနိုင်ရရှိကာဗိုလ်လုပွဲသို့တက်ပြီးနောက်အပိုဆုကြေးငွေပေါင်၅သန်းရရှိခဲ့ပြီးလည်းဖြစ်ပါတယ်။

ချဲလ်ဆီးကစားသမားများဟာရာသီမစတင်မီကတည်းကဆုကြေးငွေနှင့်ပတ်သက်ပြီးသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ယခုအခါ၎င်းတို့ဟာပရီးမီးယားလိဂ်ချန်ပီယံအားအနိုင်ယူကာဒုတိယအကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးကစားသမားများဟာအက်ဖ်အေဖလားဗိုလ်လုပွဲသို့တက်ရောက်နိုင်မှုအတွက်လည်းဆုကြေးငွေရရှိခဲ့ကြပြီးဖြစ်ပါတယ်။

ZawGyi





