ချန်ပီယံလိဂ်တွင် ဗိုလ်လုပွဲနိုင်တဲ့ အသင်း ၅ သင်းစာရင်းတွင် မန်ယူ ထည့်သွင်းခံရ

မန်ယူဟာလာမယ့်ဘောလုံးရာသီတွင်ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်တဲ့အသင်းငါးသင်းစာရင်းတွင်ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်များဖြစ်တဲ့မန်စီးတီး၊လက်ရှိချန်ပီယံချဲလ်ဆီးတို့နှင့်အတူ ထည့်သွင်းခြင်းခံခဲ့ရပါတယ်။

အာဆင်နယ်ဂန္ထဝင်ကစားသမားပေါလ်မာဆင်ကမန်ယူအသင်းမှာလာမယ့်ဘောလုံးရာသီချန်ပီယံလိဂ်ပြိုင်ပွဲတွင်အစွမ်းကုန်တောက်ပလာနိုင်ကြောင်းဟောကိန်းထုတ်လိုက်တာလည်းဖြစ်ပါတယ်။

မန်ယူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကချန်ပီယံလိဂ်တွင်၁၆သင်းအဆင့်သို့တက်ခွင့်မရခဲ့ဘဲ အုပ်စုမှထွက်ခွာခဲ့ရကာယူရိုပါလိဂ်ဆင်းကစားခဲ့ရပါတယ်။ဒါပေမယ့်၎င်းတို့ဟာယူရိုပါလိဂ်ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့ကာဗိုလ်လုပွဲမှာဗီလာရီးရဲလ်ကိုပင်နယ်တီဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

တစ်ဖက်တွင်မန်ယူဟာပရီးမီးယားလိဂ်တွင်အမှတ်ပေးဇယားအဆင့်၂နေရာတွင်ရပ်တည်နိုင်ပြီးဖာဂူဆန်နောက်ပိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ချန်ပီယံဆုအတွက်စိန်ခေါ်နိုင်ခဲ့ပါတယ်။

၎င်းတို့ဟာယခုနွေရာသီတွင်အင်္ဂလန်တောင်ပံကစားသမားဂျာဒွန်ဆန်ချိုနှင့်ပြင်သစ်ဗဟိုနောက်ခံလူရာဖေးလ်ဗာရိန်းတို့အားခေါ်ယူထားပါတယ်။

အာဆင်နယ်သူရဲကောင်းမာဆင်က “ကျွန်တော်ကတော့ချန်ပီယံလိဂ်မှာဗိုလ်စွဲနိုင်တဲ့အသင်းငါးသင်းထဲမှတစ်အသင်းအဖြစ်မန်ယူကိုထည့်ပါတယ်။သူတို့ဟာပြီးခဲ့တဲ့ရာသီတုန်းကအုပ်စုအဆင့်ကနေထွက်ခဲ့ရတာသိပါတယ်။ဒါပေမယ့်သူတို့ကစားပုံကပရီးမီးယားလိဂ်ထက်ချန်ပီယံလိဂ်နဲ့ပိုအသားကျပါတယ်။သူတို့တန်ပြန်တိုက်စစ်ကဥရောပရဲ့အကောင်းဆုံးထဲမှာပါဝင်ပါတယ်။ကွင်းထဲမှာပွဲကိုအနိုင်ရနိုင်သူတွေပါဝင်ပါတယ်။အခုဗာရိန်းနဲ့ဆန်ချိုတို့ပါဝင်လာပါတယ်။ဗာရိန်းကအတွေ့အကြုံရင့်တဲ့နောက်ခံလူတစ်ဦးဖြစ်ပြီးဆန်ချိုကိုပါလာမှုကအသင်းကိုမှန်းရခက်ခဲလာစေပါတယ်။ဟယ်ရီမက်ဂွိုင်းယားနဲ့ပေါင်းဖက်လိုက်တော့ပြီးပြည့်စုံသွားစေပါတယ်။မန်ယူကကမ္ဘာ့ဘောလုံးလောကမှာအကြီးကျယ်ဆုံးကလပ်ပါ။သူတို့ကိုကော်ကောင်လို့မခေါ်ချင်ပါဘူး။သူတို့ဟာပရီးမီးယားလိဂ်(သို့မဟုတ်)ချန်ပီယံလိဂ်ဖလားမရတာရှစ်နှစ်တောင်ရှိပါပြီ။သူတို့သာမလုပ်နိုင်ဘူးဆိုရင်၁၅နှစ်ကနေနှစ်၂၀အထိကြာသွားနိုင်တယ်။။သူတို့ကတောင့်တင်းတဲ့အသင်းတစ်သင်းပါ။တိုက်စစ်မှာဆိုရင်လည်းအရမ်းမြန်တဲ့ကာဗာနီရှိတယ်”လို့ပြောကြားခဲ့ပါတယ်။

ပေါလ်မာဆင်ဟာလာမယ်နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင်ဗိုလ်စွဲနိုင်တဲ့အသင်းငါးသင်းစာရင်းတွင်မန်ယူအပြင်ချဲလ်ဆီး၊မန်စီးတီး၊ဘိုင်ယန်မြူးနစ်၊ပီအက်စ်ဂျီတို့ကိုထည့်သွင်းခဲ့ပါတယ်။

ပီအက်စ်ဂျီဟာယခုနွေတွင်ရာမို့စ်၊ဟာကီမီ၊ဒွန်နာရမ်မာ၊ဝီနယ်ဒမ်တို့ကိုခေါ်ယူထားတဲ့အပြင်မက်ဆီကိုလည်းခေါ်ယူနိုင်ရန်နီးစပ်နေပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္တြင္ ဗိုလ္လုပြဲႏိုင္တဲ့ အသင္း ၅ သင္းစာရင္းတြင္ မန္ယူ ထည့္သြင္းခံရ

မန္ယူဟာလာမယ့္ေဘာလုံးရာသီတြင္ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္တဲ့အသင္းငါးသင္းစာရင္းတြင္ပရီးမီးယားလိဂ္ၿပိဳင္ဘက္ကလပ္မ်ားျဖစ္တဲ့မန္စီးတီး၊လက္ရွိခ်န္ပီယံခ်ဲလ္ဆီးတို႔ႏွင့္အတူ ထည့္သြင္းျခင္းခံခဲ့ရပါတယ္။

အာဆင္နယ္ဂႏၴဝင္ကစားသမားေပါလ္မာဆင္ကမန္ယူအသင္းမွာလာမယ့္ေဘာလုံးရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္အစြမ္းကုန္ေတာက္ပလာႏိုင္ေၾကာင္းေဟာကိန္းထုတ္လိုက္တာလည္းျဖစ္ပါတယ္။

မန္ယူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကခ်န္ပီယံလိဂ္တြင္၁၆သင္းအဆင့္သို႔တက္ခြင့္မရခဲ့ဘဲ အုပ္စုမွထြက္ခြာခဲ့ရကာယူ႐ိုပါလိဂ္ဆင္းကစားခဲ့ရပါတယ္။ဒါေပမယ့္၎တို႔ဟာယူ႐ိုပါလိဂ္ဗိုလ္လုပြဲအထိတက္ေရာက္ႏိုင္ခဲ့ကာဗိုလ္လုပြဲမွာဗီလာရီးရဲလ္ကိုပင္နယ္တီျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

တစ္ဖက္တြင္မန္ယူဟာပရီးမီးယားလိဂ္တြင္အမွတ္ေပးဇယားအဆင့္၂ေနရာတြင္ရပ္တည္ႏိုင္ၿပီးဖာဂူဆန္ေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ခ်န္ပီယံဆုအတြက္စိန္ေခၚႏိုင္ခဲ့ပါတယ္။

၎တို႔ဟာယခုေႏြရာသီတြင္အဂၤလန္ေတာင္ပံကစားသမားဂ်ာဒြန္ဆန္ခ်ိဳႏွင့္ျပင္သစ္ဗဟိုေနာက္ခံလူရာေဖးလ္ဗာရိန္းတို႔အားေခၚယူထားပါတယ္။

အာဆင္နယ္သူရဲေကာင္းမာဆင္က “ကြၽန္ေတာ္ကေတာ့ခ်န္ပီယံလိဂ္မွာဗိုလ္စြဲႏိုင္တဲ့အသင္းငါးသင္းထဲမွတစ္အသင္းအျဖစ္မန္ယူကိုထည့္ပါတယ္။သူတို႔ဟာၿပီးခဲ့တဲ့ရာသီတုန္းကအုပ္စုအဆင့္ကေနထြက္ခဲ့ရတာသိပါတယ္။ဒါေပမယ့္သူတို႔ကစားပုံကပရီးမီးယားလိဂ္ထက္ခ်န္ပီယံလိဂ္နဲ႔ပိုအသားက်ပါတယ္။သူတို႔တန္ျပန္တိုက္စစ္ကဥေရာပရဲ႕အေကာင္းဆုံးထဲမွာပါဝင္ပါတယ္။ကြင္းထဲမွာပြဲကိုအႏိုင္ရႏိုင္သူေတြပါဝင္ပါတယ္။အခုဗာရိန္းနဲ႔ဆန္ခ်ိဳတို႔ပါဝင္လာပါတယ္။ဗာရိန္းကအေတြ႕အႀကဳံရင့္တဲ့ေနာက္ခံလူတစ္ဦးျဖစ္ၿပီးဆန္ခ်ိဳကိုပါလာမႈကအသင္းကိုမွန္းရခက္ခဲလာေစပါတယ္။ဟယ္ရီမက္ဂြိဳင္းယားနဲ႔ေပါင္းဖက္လိုက္ေတာ့ၿပီးျပည့္စုံသြားေစပါတယ္။မန္ယူကကမာၻ႔ေဘာလုံးေလာကမွာအႀကီးက်ယ္ဆုံးကလပ္ပါ။သူတို႔ကိုေကာ္ေကာင္လို႔မေခၚခ်င္ပါဘူး။သူတို႔ဟာပရီးမီးယားလိဂ္(သို႔မဟုတ္)ခ်န္ပီယံလိဂ္ဖလားမရတာရွစ္ႏွစ္ေတာင္ရွိပါၿပီ။သူတို႔သာမလုပ္ႏိုင္ဘူးဆိုရင္၁၅ႏွစ္ကေနႏွစ္၂၀အထိၾကာသြားႏိုင္တယ္။။သူတို႔ကေတာင့္တင္းတဲ့အသင္းတစ္သင္းပါ။တိုက္စစ္မွာဆိုရင္လည္းအရမ္းျမန္တဲ့ကာဗာနီရွိတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ေပါလ္မာဆင္ဟာလာမယ္ႏွစ္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္ဗိုလ္စြဲႏိုင္တဲ့အသင္းငါးသင္းစာရင္းတြင္မန္ယူအျပင္ခ်ဲလ္ဆီး၊မန္စီးတီး၊ဘိုင္ယန္ျမဴးနစ္၊ပီအက္စ္ဂ်ီတို႔ကိုထည့္သြင္းခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာယခုေႏြတြင္ရာမို႔စ္၊ဟာကီမီ၊ဒြန္နာရမ္မာ၊ဝီနယ္ဒမ္တို႔ကိုေခၚယူထားတဲ့အျပင္မက္ဆီကိုလည္းေခၚယူႏိုင္ရန္နီးစပ္ေနပါတယ္။