ချန်ပီယံလိဂ်တွင် ဘယ်အသင်း ဗိုလ်စွဲမလဲ စူပါကွန်ပျူတာ ဟောကိန်းထုတ်လာ

စူပါကွန်ပျူတာဟာချန်ပီယံလိဂ်တွင်ဥရောပထိပ်သီးကလပ်များရဲ့ချန်ပီယံဖြစ်နိုင်ခြေရှိမှုရာခိုင်နှုန်းကိုတွက်ချက်ပေးလာပါတယ်။မန်စီးတီးကချန်ပီယံလိဂ်ချန်ပီယံဖြစ်နိုင်ခြေအများဆုံးအသင်းအဖြစ်ရပ်တည်နေပါတယ်။

ယူအီးအက်ဖ်အေဟာမနေ့ညတုန်းကချန်ပီယံလိဂ်အုပ်စုမဲခွဲမှုပြုလုပ်ခဲ့ပါတယ်။ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲမှုမှာအသင်းကြီးအများစုကအုပ်စုကျပ်ထဲကျရောက်နေတာတွေ့ရပါတယ်။

FiveThirtyEight ကပက်ဂွါဒီယိုလာရဲ့မန်စီးတီးဟာယခုနှစ်မှာတော့ပထမဆုံးချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးလာနိုင်မယ်လို့ဆိုလာပါတယ်။

မန်စီးတီးဟာချန်ပီယံဖြစ်နိုင်ခြေ၁၆ရာခိုင်နှုန်းဖြင့်ထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပြီးဘိုင်ယန်မြူးနစ်ကချန်ပီယံဖြစ်နိုင်ခြေ၁၁ရာခိုင်နှုန်းရရှိထားပါတယ်။လက်ရှိချန်ပီယံချဲလ်ဆီးကချန်ပီယံဖြစ်နိုင်ခြေ၁၀ရာခိုင်နှုန်းရှိပြီးလီဗာပူးကချန်ပီယံဖြစ်နိုင်ခြေ၉ရာခိုင်နှုန်းရှိနေကြောင်းတွေ့ရပါတယ်။

မက်ဆီကိုဆုံးရှုံးထားရတဲ့ဘာစီလိုနာဟာချန်ပီယံလိဂ်ချန်ပီယံဖြစ်နိုင်ခြေ၈ရာခိုင်နှုန်းအထိရှိကာနံပါတ်၅နေရာမှာရပ်တည်နေပါတယ်။ရီးရဲလ်မက်ဒရစ်က၆ရာခိုင်နှုန်း၊မန်ယူက၅ရာခိုင်နှုန်း၊အေဂျက်စ်က၅ရာခိုင်နှုန်း၊လိုက်ဇစ်က၄ရာခိုင်နှုန်း၊ပီအက်စ်ဂျီ၊ဒေါ့မွန်၊အက်သလက်တီကို၊အင်တာမီလန်တို့က၄ရာခိုင်နှုန်းရရှိထားပါတယ်။

ချန်ပီယံဖြစ်နိုင်ခြေအနည်းဆုံးအသင်းများအဖြစ်ရှရေးတီရာစပိုလ်၊မယ်လ်မို၊ဒိုင်နမိုကိဗ်၊ဘီဆစ်တပ်၊ဘရုဂျက်၊ယန်းဘွိုင်း၊ရှက်တာဒိုးနက်စ်၊လိုင်လီ၊ဇင်းနစ်၊စပို့တင်းလစ္စဘွန်း၊မီလန်၊ဗီလာရီးရဲလ်၊ပေါ်တို၊ဘင်ဖီကာ၊ဝုဖ်ဘတ်၊ဆဲလ်ဘတ်၊အတ္တလန္တာတို့က၁ရာခိုင်နှုန်းဖြင့်ရပ်တည်နေပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္တြင္ ဘယ္အသင္း ဗိုလ္စြဲမလဲ စူပါကြန္ပ်ဴတာ ေဟာကိန္းထုတ္လာ

စူပါကြန္ပ်ဴတာဟာခ်န္ပီယံလိဂ္တြင္ဥေရာပထိပ္သီးကလပ္မ်ားရဲ႕ခ်န္ပီယံျဖစ္ႏိုင္ေျခရွိမႈရာခိုင္ႏႈန္းကိုတြက္ခ်က္ေပးလာပါတယ္။မန္စီးတီးကခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ႏိုင္ေျခအမ်ားဆုံးအသင္းအျဖစ္ရပ္တည္ေနပါတယ္။

ယူအီးအက္ဖ္ေအဟာမေန႔ညတုန္းကခ်န္ပီယံလိဂ္အုပ္စုမဲခြဲမႈျပဳလုပ္ခဲ့ပါတယ္။ခ်န္ပီယံလိဂ္အုပ္စုအဆင့္မဲခြဲမႈမွာအသင္းႀကီးအမ်ားစုကအုပ္စုက်ပ္ထဲက်ေရာက္ေနတာေတြ႕ရပါတယ္။

FiveThirtyEight ကပက္ဂြါဒီယိုလာရဲ႕မန္စီးတီးဟာယခုႏွစ္မွာေတာ့ပထမဆုံးခ်န္ပီယံလိဂ္ဖလားကိုဆြတ္ခူးလာႏိုင္မယ္လို႔ဆိုလာပါတယ္။

မန္စီးတီးဟာခ်န္ပီယံျဖစ္ႏိုင္ေျခ၁၆ရာခိုင္ႏႈန္းျဖင့္ထိပ္ဆုံးမွာရပ္တည္ေနတာျဖစ္ၿပီးဘိုင္ယန္ျမဴးနစ္ကခ်န္ပီယံျဖစ္ႏိုင္ေျခ၁၁ရာခိုင္ႏႈန္းရရွိထားပါတယ္။လက္ရွိခ်န္ပီယံခ်ဲလ္ဆီးကခ်န္ပီယံျဖစ္ႏိုင္ေျခ၁၀ရာခိုင္ႏႈန္းရွိၿပီးလီဗာပူးကခ်န္ပီယံျဖစ္ႏိုင္ေျခ၉ရာခိုင္ႏႈန္းရွိေနေၾကာင္းေတြ႕ရပါတယ္။

မက္ဆီကိုဆုံးရႈံးထားရတဲ့ဘာစီလိုနာဟာခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ႏိုင္ေျခ၈ရာခိုင္ႏႈန္းအထိရွိကာနံပါတ္၅ေနရာမွာရပ္တည္ေနပါတယ္။ရီးရဲလ္မက္ဒရစ္က၆ရာခိုင္ႏႈန္း၊မန္ယူက၅ရာခိုင္ႏႈန္း၊ေအဂ်က္စ္က၅ရာခိုင္ႏႈန္း၊လိုက္ဇစ္က၄ရာခိုင္ႏႈန္း၊ပီအက္စ္ဂ်ီ၊ေဒါ့မြန္၊အက္သလက္တီကို၊အင္တာမီလန္တို႔က၄ရာခိုင္ႏႈန္းရရွိထားပါတယ္။

ခ်န္ပီယံျဖစ္ႏိုင္ေျခအနည္းဆုံးအသင္းမ်ားအျဖစ္ရွေရးတီရာစပိုလ္၊မယ္လ္မို၊ဒိုင္နမိုကိဗ္၊ဘီဆစ္တပ္၊ဘ႐ုဂ်က္၊ယန္းဘြိဳင္း၊ရွက္တာဒိုးနက္စ္၊လိုင္လီ၊ဇင္းနစ္၊စပို႔တင္းလစၥဘြန္း၊မီလန္၊ဗီလာရီးရဲလ္၊ေပၚတို၊ဘင္ဖီကာ၊ဝုဖ္ဘတ္၊ဆဲလ္ဘတ္၊အတၱလႏၲာတို႔က၁ရာခိုင္ႏႈန္းျဖင့္ရပ္တည္ေနပါတယ္။