ချန်ပီယံလိဂ်တွင် ရှုံးနိမ့်ပြီးနောက် အင်တာနောက်ခံလူဘာစတိုနီကို အသက်အန္တရာယ်ခြိမ်းခြောက်လာတဲ့ ဘာစီလိုနာပရိသတ်များ

ဘာစီလိုနာပရိသတ်များဟာအင်္ဂါနေ့ညတုန်းကဆန်စီရိုတွင်အင်တာမီလန်ကို ရှုံးနိမ့်ပြီးနောက်အင်တာမီလန်နောက်ခံလူအလက်ဆန္ဒရိုဘာစတိုနီအားအသက်အန္တရာယ်ခြိမ်းခြောက်စာများပေးပို့လျက်ရှိကြောင်းသိရပါတယ်။

အင်တာမီလန်ဟာပထမပိုင်းပြီးခါနီးတွင်ဟာကန်ကယ်ဟန်နိုဂလူရဲ့သွင်းဂိုးကြောင့် ဘာစီလိုနာကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်အငြင်းပွားဖွယ်ရာအဖြစ်အပျက်များဖြစ်ခဲ့ပြီးဘာစီလိုနာမှာ ပွဲပြီးခါနီးတွင်အင်တာမီလန်နောက်ခံလူဒန်ဇဲလ်ဒမ်ဖရိုင်း လက်ထိဘောဖြစ်ခဲ့ပေမဲ့ပင်နယ်တီမရရှိခဲ့ပါဘူး။

ပွဲအပြီးတွင်ဘာစီလိုနာနည်းပြဇာဗီးဟာဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်များနှင့် အကြီးအကျယ်ဒေါသထွက်ခဲ့တာတွေ့ရပါတယ်။

ဘာစီလိုနာဟာအဆိုပါပွဲစဉ်မှ ဒိုင်လူကြီးရဲ့အငြင်းပွားရာဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး ဓာတ်ပုံနှင့်ဗီဒီယိုသက်သေအထောက်အထားများဖြင့်ယူအီးအက်ဖ်အေထံသို့ တိုင်ကြားသွားဖို့စီစဉ်နေပါတယ်။

တဖက်တွင်ဘာစီလိုနာပရိသတ်များဟာလည်းဘာစတိုနီကိုသာမက အီတလီလက်ရွေးစင်ရဲ့ချစ်သူကာမယ်လာဘရက်စီယာနီကိုလည်းအသက်အန္တရာယ်ခြိမ်းခြောက်စာများရေးသားပေးပို့လျက်ရှိကြပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္တြင္ ရႈံးနိမ့္ၿပီးေနာက္ အင္တာေနာက္ခံလူဘာစတိုနီကို အသက္အႏၲရာယ္ၿခိမ္းေျခာက္လာတဲ့ ဘာစီလိုနာပရိသတ္မ်ား

ဘာစီလိုနာပရိသတ္မ်ားဟာအဂၤါေန႔ညတုန္းကဆန္စီ႐ိုတြင္အင္တာမီလန္ကို ရႈံးနိမ့္ၿပီးေနာက္အင္တာမီလန္ေနာက္ခံလူအလက္ဆႏၵ႐ိုဘာစတိုနီအားအသက္အႏၲရာယ္ၿခိမ္းေျခာက္စာမ်ားေပးပို႔လ်က္ရွိေၾကာင္းသိရပါတယ္။

အင္တာမီလန္ဟာပထမပိုင္းၿပီးခါနီးတြင္ဟာကန္ကယ္ဟန္ႏိုဂလူရဲ႕သြင္းဂိုးေၾကာင့္ ဘာစီလိုနာကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္အျငင္းပြားဖြယ္ရာအျဖစ္အပ်က္မ်ားျဖစ္ခဲ့ၿပီးဘာစီလိုနာမွာ ပြဲၿပီးခါနီးတြင္အင္တာမီလန္ေနာက္ခံလူဒန္ဇဲလ္ဒမ္ဖ႐ိုင္း လက္ထိေဘာျဖစ္ခဲ့ေပမဲ့ပင္နယ္တီမရရွိခဲ့ပါဘူး။

ပြဲအၿပီးတြင္ဘာစီလိုနာနည္းျပဇာဗီးဟာဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္မ်ားႏွင့္ အႀကီးအက်ယ္ေဒါသထြက္ခဲ့တာေတြ႕ရပါတယ္။

ဘာစီလိုနာဟာအဆိုပါပြဲစဥ္မွ ဒိုင္လူႀကီးရဲ႕အျငင္းပြားရာဆုံးျဖတ္ခ်က္မ်ားႏွင့္ပတ္သက္ၿပီး ဓာတ္ပုံႏွင့္ဗီဒီယိုသက္ေသအေထာက္အထားမ်ားျဖင့္ယူအီးအက္ဖ္ေအထံသို႔ တိုင္ၾကားသြားဖို႔စီစဥ္ေနပါတယ္။

တဖက္တြင္ဘာစီလိုနာပရိသတ္မ်ားဟာလည္းဘာစတိုနီကိုသာမက အီတလီလက္ေ႐ြးစင္ရဲ႕ခ်စ္သူကာမယ္လာဘရက္စီယာနီကိုလည္းအသက္အႏၲရာယ္ၿခိမ္းေျခာက္စာမ်ားေရးသားေပးပို႔လ်က္ရွိၾကပါတယ္။