ချန်ပီယံလိဂ်ပြိုင်ပွဲကို CR7 Champion League လို့အမည်ပေးသင့်တယ်လို့ ခရစ္စတီယာနိုရော်နယ်ဒိုယုံကြည်

ခရစ္စတီယာနိုရော်နယ်ဒိုကချန်ပီယံလိဂ်ပြိုင်ပွဲကိုသူ့ရဲ့လွှမ်းမိုးနိုင်မှုမြင့်မားလွန်းမှုကြောင့် CR7 Champions League လို့အမည်ပြောင်းသင့်ကြောင်း တစ်ခါတုန်းကပြောကြားခဲ့ဖူးပါတယ်။

Ballon d’Or ဆုငါးကြိမ်ရခရစ္စတီယာနိုရော်နယ်ဒိုဟာဗုဒ္ဓဟူးနေ့တုန်းကဗီလာရီးရဲလ်အားအနိုင်ရရှိတဲ့ပွဲတွင်ချန်ပီယံလိဂ်ပွဲ၁၇၈ပွဲမြောက်ပွဲကိုကစားကာချန်ပီယံလိဂ်သမိုင်းတွင်ပွဲအများဆုံးကစားသူဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင်သူဟာဗီလာရီးရဲလ်နှင့်ပွဲတွင်နာကျင်အချိန်ပို၉၅မိနစ်တွင်အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်မန်ယူရဲ့ချန်ပီယံလိဂ်သမိုင်းတွင်နောက်အကျဆုံးချန်ပီယံလိဂ်ဂိုးသွင်းနိုင်သူအဖြစ်လည်းမှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

၂၀၁၈ခုနှစ်၊မေလတုန်းကအင်တာဗျူးတစ်ခုတွင် ရော်နယ်ဒိုက “ချန်ပီယံလိဂ်မှာဘယ်သူဂိုးသွင်းဘုရင်ထပ်ဖြစ်ဦးမှာလဲ။ချန်ပီယံလိဂ်ပြိုင်ပွဲကိုအမည်တောင်ပြောင်းသင့်တယ်။ CR7 Champions League လို့အမည်ပြောင်းလိုက်သင့်တယ်။ကျွန်တော်ငါးကြိမ်ရထားပြီးပြီ။ဂိုးသွင်းဘုရင်ထပ်ဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်မပျော်နိုင်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာရီးရဲလ်မက်ဒရစ်နှင့်အတူသူ့ရဲ့ငါးကြိမ်မြောက်ချန်ပီယံလိဂ်ဖလားနှင့် ဂိုးသွင်းဘုရင်ဆုထပ်မံရယူနိုင်ပြီးနောက်ပြောကြားခဲ့ပါတယ်။

တစ်ဖက်ကြည့်ရင်လည်းချန်ပီယံလိဂ်ပြိုင်ပွဲမှာရော်နယ်ဒိုတင်ထားတဲ့စံချိန်တွေကအများကြီးပါ။ရော်နယ်ဒိုဟာချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲအများဆုံးကစားသူ(၁၇၈ပွဲ)၊ဂိုးအများဆုံးသွင်းသူ(၁၃၆ဂိုး)၊တစ်ရာသီဂိုးအများဆုံးသွင်းသူ(၁၇ဂိုး)၊ရှုံးထွက်အဆင့်တွင်ဂိုးအများဆုံးသွင်းထားသူ(၆၇ဂိုး)၊ဆယ့်တစ်ပွဲဆက်တိုက်ဂိုးသွင်းထားသူ၊ဗိုလ်လုပွဲသုံးကြိမ်တွင်ဂိုးသွင်းထားတဲ့တစ်ဦးတည်းသောကစားသမားစတဲ့စံချိန်တို့ရေးထိုးထားပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို CR7 Champion League လို႔အမည္ေပးသင့္တယ္လို႔ ခရစၥတီယာႏိုေရာ္နယ္ဒိုယုံၾကည္

ခရစၥတီယာႏိုေရာ္နယ္ဒိုကခ်န္ပီယံလိဂ္ၿပိဳင္ပြဲကိုသူ႔ရဲ႕လႊမ္းမိုးႏိုင္မႈျမင့္မားလြန္းမႈေၾကာင့္ CR7 Champions League လို႔အမည္ေျပာင္းသင့္ေၾကာင္း တစ္ခါတုန္းကေျပာၾကားခဲ့ဖူးပါတယ္။

Ballon d’Or ဆုငါးႀကိမ္ရခရစၥတီယာႏိုေရာ္နယ္ဒိုဟာဗုဒၶဟူးေန႔တုန္းကဗီလာရီးရဲလ္အားအႏိုင္ရရွိတဲ့ပြဲတြင္ခ်န္ပီယံလိဂ္ပြဲ၁၇၈ပြဲေျမာက္ပြဲကိုကစားကာခ်န္ပီယံလိဂ္သမိုင္းတြင္ပြဲအမ်ားဆုံးကစားသူျဖစ္လာခဲ့ပါတယ္။

ဒါ့အျပင္သူဟာဗီလာရီးရဲလ္ႏွင့္ပြဲတြင္နာက်င္အခ်ိန္ပို၉၅မိနစ္တြင္အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္မန္ယူရဲ႕ခ်န္ပီယံလိဂ္သမိုင္းတြင္ေနာက္အက်ဆုံးခ်န္ပီယံလိဂ္ဂိုးသြင္းႏိုင္သူအျဖစ္လည္းမွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။

၂၀၁၈ခုႏွစ္၊ေမလတုန္းကအင္တာဗ်ဴးတစ္ခုတြင္ ေရာ္နယ္ဒိုက “ခ်န္ပီယံလိဂ္မွာဘယ္သူဂိုးသြင္းဘုရင္ထပ္ျဖစ္ဦးမွာလဲ။ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကိုအမည္ေတာင္ေျပာင္းသင့္တယ္။ CR7 Champions League လို႔အမည္ေျပာင္းလိုက္သင့္တယ္။ကြၽန္ေတာ္ငါးႀကိမ္ရထားၿပီးၿပီ။ဂိုးသြင္းဘုရင္ထပ္ျဖစ္တယ္။ဒါနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္မေပ်ာ္ႏိုင္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူသူ႔ရဲ႕ငါးႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားႏွင့္ ဂိုးသြင္းဘုရင္ဆုထပ္မံရယူႏိုင္ၿပီးေနာက္ေျပာၾကားခဲ့ပါတယ္။

တစ္ဖက္ၾကည့္ရင္လည္းခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေရာ္နယ္ဒိုတင္ထားတဲ့စံခ်ိန္ေတြကအမ်ားႀကီးပါ။ေရာ္နယ္ဒိုဟာခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပြဲအမ်ားဆုံးကစားသူ(၁၇၈ပြဲ)၊ဂိုးအမ်ားဆုံးသြင္းသူ(၁၃၆ဂိုး)၊တစ္ရာသီဂိုးအမ်ားဆုံးသြင္းသူ(၁၇ဂိုး)၊ရႈံးထြက္အဆင့္တြင္ဂိုးအမ်ားဆုံးသြင္းထားသူ(၆၇ဂိုး)၊ဆယ့္တစ္ပြဲဆက္တိုက္ဂိုးသြင္းထားသူ၊ဗိုလ္လုပြဲသုံးႀကိမ္တြင္ဂိုးသြင္းထားတဲ့တစ္ဦးတည္းေသာကစားသမားစတဲ့စံခ်ိန္တို႔ေရးထိုးထားပါတယ္။