ချန်ပီယံလိဂ်ပွဲကစားနေစဉ် ချန်ပီယံလိဂ်၊စူပါဖလား၊ယူရို၂၀၂၀ဆုတံဆိပ်များကို ခိုးယူခံခဲ့ရတဲ့ ရီစီဂျိမ်းစ်

ရီစီဂျိမ်းစ်ကအင်္ဂါနေ့တုန်းကစတမ်းဖို့ဒ်ဘရစ်ချ်တွင်ချန်ပီယံလိဂ်ပွဲကစားနေစဉ်ချန်ပီယံလိဂ်ဆုတံဆိပ်ထည့်သွင်းထားတဲ့မီးခံသေတ္တာအခိုးခံခဲ့ရကြောင်းအတည်ပြုလာပါတယ်။

အသက်၂၁နှစ်ရှိအင်္ဂလန်နှင့်ချဲလ်ဆီးညာနောက်ခံလူဟာသူ့ရဲ့ချန်ပီယံလိဂ်၊ဥရောပစူပါနှင့်ယူရို၂၀၂၀ဆုတံဆိပ်တို့ထည့်သွင်းထားတဲ့မီးခံသေတ္တာကိုသူ့နေအိမ်မှသူခိုးများခိုးယူသွားတဲ့စီစီတီဗွီမှတ်တမ်းကိုဆိုရှယ်မီဒီယာမှာတင်လာခဲ့တာလည်းဖြစ်ပါတယ်။

အနည်းဆုံးလူ၄ဦးပါဝင်တဲ့သူခိုးအုပ်စုတစ်ခုတို့ဟာအင်္ဂါနေ့တုန်းကစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင်ချဲလ်ဆီးနှင့်ဇင်းနစ်တို့ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲကစားနေစဉ်အင်္ဂလန်ညာနောက်ခံလူရဲ့နေအိမ်သို့ဝင်ရောက်ကာဆုများထည့်သွင်းထားတဲ့မီးခံသေတ္တာကိုရယူသွားခဲ့တာလည်းဖြစ်ပါတယ်။

သူခိုးများကိုရီစီဂျိမ်းစ်ရဲ့နေအိမ်သို့ဝင်ရောက်ကာမီးခံသေတ္တာကိုရယူပြီးနောက် လေးလံနေမှုကြောင့်တွန်းကာကားပေါ်သို့တင်ပြီးရယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်ရီစီဂျိမ်းစ်ဟာနေအိမ်မှာအဖိုးတန်လက်ဝတ်ရတနာများကိုထားလေ့မရှိသူဖြစ်တာနဲ့အညီဆုတံဆိပ်များကိုသာထည့်သွင်းထားတာဖြစ်ပါတယ်။

ယင်းဆုတံဆိပ်များအစားထိုးလို့ရနိုင်တဲ့ဆုတံဆိပ်များမဟုတ်တာနဲ့အညီရီစီဂျိမ်းစ်ဟာသူ့ရဲ့ချဲလ်ဆီးနှင့်အင်္ဂလန်ပရိသတ်များအား သူခိုးများအားရှာဖွေဖော်ထုတ်ရာတွင်အကူအညီပေးရန်တောင်းဆိုသွားခဲ့ပါတယ်။

ရီစီဂျိမ်းစ်ဟာမေလတုန်းကချဲလ်ဆီးနှင့်အတူချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့ပြီးနောက်နွေရာသီတွင်အင်္ဂလန်နှင့်အတူယူရို၂၀၂၀ ဒုတိယဆုကိုလည်းကောင်း၊ပြီးခဲ့တဲ့လတုန်းကဗီလာရီးရဲလ်ကိုအနိုင်ရရှိကာဥရောပစူပါဖလားတို့ကိုလည်းကောင်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ပြဲကစားေနစဥ္ ခ်န္ပီယံလိဂ္၊စူပါဖလား၊ယူ႐ို၂၀၂၀ဆုတံဆိပ္မ်ားကို ခိုးယူခံခဲ့ရတဲ့ ရီစီဂ်ိမ္းစ္

ရီစီဂ်ိမ္းစ္ကအဂၤါေန႔တုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ခ်န္ပီယံလိဂ္ပြဲကစားေနစဥ္ခ်န္ပီယံလိဂ္ဆုတံဆိပ္ထည့္သြင္းထားတဲ့မီးခံေသတၱာအခိုးခံခဲ့ရေၾကာင္းအတည္ျပဳလာပါတယ္။

အသက္၂၁ႏွစ္ရွိအဂၤလန္ႏွင့္ခ်ဲလ္ဆီးညာေနာက္ခံလူဟာသူ႔ရဲ႕ခ်န္ပီယံလိဂ္၊ဥေရာပစူပါႏွင့္ယူ႐ို၂၀၂၀ဆုတံဆိပ္တို႔ထည့္သြင္းထားတဲ့မီးခံေသတၱာကိုသူ႔ေနအိမ္မွသူခိုးမ်ားခိုးယူသြားတဲ့စီစီတီဗြီမွတ္တမ္းကိုဆိုရွယ္မီဒီယာမွာတင္လာခဲ့တာလည္းျဖစ္ပါတယ္။

အနည္းဆုံးလူ၄ဦးပါဝင္တဲ့သူခိုးအုပ္စုတစ္ခုတို႔ဟာအဂၤါေန႔တုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းတြင္ခ်ဲလ္ဆီးႏွင့္ဇင္းနစ္တို႔ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲကစားေနစဥ္အဂၤလန္ညာေနာက္ခံလူရဲ႕ေနအိမ္သို႔ဝင္ေရာက္ကာဆုမ်ားထည့္သြင္းထားတဲ့မီးခံေသတၱာကိုရယူသြားခဲ့တာလည္းျဖစ္ပါတယ္။

သူခိုးမ်ားကိုရီစီဂ်ိမ္းစ္ရဲ႕ေနအိမ္သို႔ဝင္ေရာက္ကာမီးခံေသတၱာကိုရယူၿပီးေနာက္ ေလးလံေနမႈေၾကာင့္တြန္းကာကားေပၚသို႔တင္ၿပီးရယူသြားခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ရီစီဂ်ိမ္းစ္ဟာေနအိမ္မွာအဖိုးတန္လက္ဝတ္ရတနာမ်ားကိုထားေလ့မရွိသူျဖစ္တာနဲ႔အညီဆုတံဆိပ္မ်ားကိုသာထည့္သြင္းထားတာျဖစ္ပါတယ္။

ယင္းဆုတံဆိပ္မ်ားအစားထိုးလို႔ရႏိုင္တဲ့ဆုတံဆိပ္မ်ားမဟုတ္တာနဲ႔အညီရီစီဂ်ိမ္းစ္ဟာသူ႔ရဲ႕ခ်ဲလ္ဆီးႏွင့္အဂၤလန္ပရိသတ္မ်ားအား သူခိုးမ်ားအားရွာေဖြေဖာ္ထုတ္ရာတြင္အကူအညီေပးရန္ေတာင္းဆိုသြားခဲ့ပါတယ္။

ရီစီဂ်ိမ္းစ္ဟာေမလတုန္းကခ်ဲလ္ဆီးႏွင့္အတူခ်န္ပီယံလိဂ္ဖလားဆြတ္ခူးခဲ့ၿပီးေနာက္ေႏြရာသီတြင္အဂၤလန္ႏွင့္အတူယူ႐ို၂၀၂၀ ဒုတိယဆုကိုလည္းေကာင္း၊ၿပီးခဲ့တဲ့လတုန္းကဗီလာရီးရဲလ္ကိုအႏိုင္ရရွိကာဥေရာပစူပါဖလားတို႔ကိုလည္းေကာင္းရယူႏိုင္ခဲ့တာျဖစ္ပါတယ္။