ချန်ပီယံလိဂ်ဖလားဆွတ်ခူးပေးပြီးနောက် တူချယ်ကို စာချုပ်သစ်ချုပ်ဆိုရန် ချဲလ်ဆီးစီစဉ်

သောမတ်စ်တူချယ်ဟာချန်ပီယံလိဂ်လိဂ်ဗိုလ်လုပွဲမှာမန်စီးတီးကိုအနိုင်ရရှိကာချဲလ်ဆီးအတွက်ဒုတိယမြောက်ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးပေးပြီးနောက်အနည်းဆုံး၂၀၂၃ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုပြီး ချီးမြှင့်ခြင်းခံရတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာမနေ့ညတုန်းကပေါ်တိုတွင်ကိုင်ဟာဗတ်ဇ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်မန်စီးတီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးဒုတိယမြောက်ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကဖရန့်လမ်းပတ်နေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီး၁၈လစာချုပ်သာချုပ်ဆိုထားပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာတူချယ်က “ရာနှုန်းပြည့်တော့မသေချာပါဘူး။ဒါပေမယ့်အခုစာချုပ်သစ်ချုပ်ဆိုခြင်းခံရဖို့ရှိပါတယ်။ကျွန်တော့်မန်နေဂျာကတော့တစ်ခုခုပြောပါတယ်။ကျွန်တော်အတိအကျတော့မသိသေးပါဘူး။တစ်ချက်တော့ကြည့်ရပါဦးမယ်။ကွင်းထဲမှာပိုင်ရှင်(ရိုမန်အေဘရာမိုဗစ်ချ်)နဲ့တွေ့တယ်။ပထမဆုံးတွေ့ဆုံမှုကတကယ့်ကိုအကောင်းဆုံးအခိုက်အတန့်ပါပဲ။မဟုတ်ရင်လည်းအဆိုးရွားဆုံးတွေ့ဆုံမှုဖြစ်သွားနိုင်တယ်။မနက်ဖြန်မဟုတ်ရင်နောက်ပိုင်းမှာစကားပြောသွားနိုင်ပါတယ်။သူ့ကိုတစ်ခုတော့ကတိပေးနိုင်ပါတယ်။ဆက်လက်ပြီးအောင်မြင်မှုဆာလောင်နေပါဦးမယ်။နောက်ထပ်ဖလားထပ်လိုချင်တယ်။အရမ်းတောင့်တင်းပြီးရည်မှန်းချက်ကြီးတဲ့ကလပ်ရဲ့အစိတ်အပိုင်းဖြစ်ခွင့်ရလို့အရမ်းပျော်တယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးေပးၿပီးေနာက္ တူခ်ယ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ခ်ဲလ္ဆီးစီစဥ္

ေသာမတ္စ္တူခ်ယ္ဟာခ်န္ပီယံလိဂ္လိဂ္ဗိုလ္လုပြဲမွာမန္စီးတီးကိုအႏိုင္ရရွိကာခ်ဲလ္ဆီးအတြက္ဒုတိယေျမာက္ခ်န္ပီယံလိဂ္ဖလားကိုဆြတ္ခူးေပးၿပီးေနာက္အနည္းဆုံး၂၀၂၃ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီး ခ်ီးျမႇင့္ျခင္းခံရေတာ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာမေန႔ညတုန္းကေပၚတိုတြင္ကိုင္ဟာဗတ္ဇ္ရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္မန္စီးတီးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးဒုတိယေျမာက္ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကဖရန႔္လမ္းပတ္ေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံခဲ့ရသူျဖစ္ၿပီး၁၈လစာခ်ဳပ္သာခ်ဳပ္ဆိုထားပါတယ္။

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအၿပီးမွာတူခ်ယ္က “ရာႏႈန္းျပည့္ေတာ့မေသခ်ာပါဘူး။ဒါေပမယ့္အခုစာခ်ဳပ္သစ္ခ်ဳပ္ဆိုျခင္းခံရဖို႔ရွိပါတယ္။ကြၽန္ေတာ့္မန္ေနဂ်ာကေတာ့တစ္ခုခုေျပာပါတယ္။ကြၽန္ေတာ္အတိအက်ေတာ့မသိေသးပါဘူး။တစ္ခ်က္ေတာ့ၾကည့္ရပါဦးမယ္။ကြင္းထဲမွာပိုင္ရွင္(႐ိုမန္ေအဘရာမိုဗစ္ခ်္)နဲ႔ေတြ႕တယ္။ပထမဆုံးေတြ႕ဆုံမႈကတကယ့္ကိုအေကာင္းဆုံးအခိုက္အတန႔္ပါပဲ။မဟုတ္ရင္လည္းအဆိုး႐ြားဆုံးေတြ႕ဆုံမႈျဖစ္သြားႏိုင္တယ္။မနက္ျဖန္မဟုတ္ရင္ေနာက္ပိုင္းမွာစကားေျပာသြားႏိုင္ပါတယ္။သူ႔ကိုတစ္ခုေတာ့ကတိေပးႏိုင္ပါတယ္။ဆက္လက္ၿပီးေအာင္ျမင္မႈဆာေလာင္ေနပါဦးမယ္။ေနာက္ထပ္ဖလားထပ္လိုခ်င္တယ္။အရမ္းေတာင့္တင္းၿပီးရည္မွန္းခ်က္ႀကီးတဲ့ကလပ္ရဲ႕အစိတ္အပိုင္းျဖစ္ခြင့္ရလို႔အရမ္းေပ်ာ္တယ္”လို႔ေျပာၾကားသြားပါတယ္။