ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့မှုရဲ့အံ့ဩဖွယ် လျို့ဝှက်ချက်ကြီးကို ဖွင့်ဟလာတဲ့ သောမတ်စ်တူချယ်

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကမန်စီးတီးအားအနိုင်ရရှိကာချဲလ်ဆီးအသင်းချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့မှုမှာသူ့ရဲ့ကံကောင်းစေတဲ့ဖိနပ်ကြောင့်ဖြစ်ကြောင်းဖွင့်ဟလာပါတယ်။

ချဲလ်ဆီးဟာမနေ့ညတုန်းကမန်စီးတီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာကိုင်ဟာဗတ်ဇ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်ဒုတိယအကြိမ်မြောက်ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

သောမတ်စ်တူချယ်ဟာပီအက်စ်ဂျီနှင့်အတူချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ပြီးနောက်၁၂လခန့်အကြာတွင်ချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျာမနီလူမျိုးနည်းပြဟာဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်တဲ့ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲတုန်းကပီအက်စ်ဂျီဥက္ကဌလက်ဆောင်ပေးထားတဲ့ဖိနပ်ကိုစီးဖို့မေ့ခဲ့ပါတယ်။

ဒါပေမယ့်ယခုတစ်ကြိမ်မှာတော့တူချယ်ဟာသူ့ရဲ့ကံကောင်းစေတဲ့ဖိနပ်ကိုစီးဖို့မမေ့ခဲ့ပါဘူး။

ပွဲအပြီးမှာတူချယ်က “ကျွန်တော့်ဆီမှာပီအက်စ်ဂျီဥက္ကဌဆီကလက်ဆောင်ပေးထားတဲ့ဖိနပ်တစ်ရံရှိပါတယ်။ဗိုလ်လုပွဲရောက်ရင်အဲဒီဖိနပ်ကိုစီးမယ်လို့ဝန်ထမ်းကိုကတိပေးခဲ့ဖူးတယ်။ဒါပေမယ့်ကျွန်တော်မစီးခဲ့မိဘူး။ကျွန်တော်တို့ရှုံးသွားခဲ့တယ်။ဒီနေ့ကျွန်တော်အဲဒီဖိနပ်ကိုစီးခဲ့တယ်။တကယ်ဘဲအလုပ်ဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာမန်စီးတီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်အိမ်ကွင်းဝတ်စုံသစ်ဖြင့်ကစားရန်စီစဉ်ခဲ့ပြီးမှ၂၀၂၀-၂၁ရာသီအိမ်ကွင်းဝတ်စုံကိုပြောင်းဝတ်ခဲ့ပါတယ်။ချဲလ်ဆီးဟာအိမ်ကွင်းဝတ်စုံသစ်ဖြင့်ဗိုလ်လုပွဲ(အမျိုးသမီးအသင်းကချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ရှုံး)တွင်ရှုံးနိမ့်ပြီးနောက်ကံဆိုးစေတယ်လို့ယုံကြည်ကမန်စီးတီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ၂၀၂၀-၂၁ရာသီအိမ်ကွင်းဝတ်စုံကိုပြောင်းဝတ်ဆင်ခဲ့တာပါ။

ZawGyi

ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့မႈရဲ႕အံ့ဩဖြယ္ လ်ိဳ႕ဝွက္ခ်က္ႀကီးကို ဖြင့္ဟလာတဲ့ ေသာမတ္စ္တူခ်ယ္

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ကမန္စီးတီးအားအႏိုင္ရရွိကာခ်ဲလ္ဆီးအသင္းခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့မႈမွာသူ႔ရဲ႕ကံေကာင္းေစတဲ့ဖိနပ္ေၾကာင့္ျဖစ္ေၾကာင္းဖြင့္ဟလာပါတယ္။

ခ်ဲလ္ဆီးဟာမေန႔ညတုန္းကမန္စီးတီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာကိုင္ဟာဗတ္ဇ္ရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္ဒုတိယအႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ေသာမတ္စ္တူခ်ယ္ဟာပီအက္စ္ဂ်ီႏွင့္အတူခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ဘိုင္ယန္ျမဴးနစ္ကိုရႈံးနိမ့္ၿပီးေနာက္၁၂လခန႔္အၾကာတြင္ခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ာမနီလူမ်ိဳးနည္းျပဟာဘိုင္ယန္ျမဴးနစ္ကိုရႈံးနိမ့္တဲ့ခ်န္ပီယံလိဂ္ဖလားဗိုလ္လုပြဲတုန္းကပီအက္စ္ဂ်ီဥကၠဌလက္ေဆာင္ေပးထားတဲ့ဖိနပ္ကိုစီးဖို႔ေမ့ခဲ့ပါတယ္။

ဒါေပမယ့္ယခုတစ္ႀကိမ္မွာေတာ့တူခ်ယ္ဟာသူ႔ရဲ႕ကံေကာင္းေစတဲ့ဖိနပ္ကိုစီးဖို႔မေမ့ခဲ့ပါဘူး။

ပြဲအၿပီးမွာတူခ်ယ္က “ကြၽန္ေတာ့္ဆီမွာပီအက္စ္ဂ်ီဥကၠဌဆီကလက္ေဆာင္ေပးထားတဲ့ဖိနပ္တစ္ရံရွိပါတယ္။ဗိုလ္လုပြဲေရာက္ရင္အဲဒီဖိနပ္ကိုစီးမယ္လို႔ဝန္ထမ္းကိုကတိေပးခဲ့ဖူးတယ္။ဒါေပမယ့္ကြၽန္ေတာ္မစီးခဲ့မိဘူး။ကြၽန္ေတာ္တို႔ရႈံးသြားခဲ့တယ္။ဒီေန႔ကြၽန္ေတာ္အဲဒီဖိနပ္ကိုစီးခဲ့တယ္။တကယ္ဘဲအလုပ္ျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာမန္စီးတီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္အိမ္ကြင္းဝတ္စုံသစ္ျဖင့္ကစားရန္စီစဥ္ခဲ့ၿပီးမွ၂၀၂၀-၂၁ရာသီအိမ္ကြင္းဝတ္စုံကိုေျပာင္းဝတ္ခဲ့ပါတယ္။ခ်ဲလ္ဆီးဟာအိမ္ကြင္းဝတ္စုံသစ္ျဖင့္ဗိုလ္လုပြဲ(အမ်ိဳးသမီးအသင္းကခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ရႈံး)တြင္ရႈံးနိမ့္ၿပီးေနာက္ကံဆိုးေစတယ္လို႔ယုံၾကည္ကမန္စီးတီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ၂၀၂၀-၂၁ရာသီအိမ္ကြင္းဝတ္စုံကိုေျပာင္းဝတ္ဆင္ခဲ့တာပါ။