ချန်ပီယံလိဂ်ဖလားရယူပေးထားတဲ့ တူချယ်ကို ၂၀၂၄ ခုနှစ်အထိ ချဲလ်ဆီးစာချုပ်သစ်ချုပ်ဆို

သောမတ်စ်တူချယ်ဟာချန်ပီယံလိဂ်ဖလားဆွတ်ခူးပေးပြီးနောက်ရက်အနည်းငယ်အကြာတွင်ပင်ချဲလ်ဆီးနှင့်၂နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။

စာချုပ်သစ်ကြောင့်ဂျာမန်လူမျိုးနည်းပြဟာစတမ်းဖို့ဒ်ဘရစ်ချ်မှာ၂၀၂၄ခုနှစ်အထိရှိနေတော့မှာဖြစ်ပါတယ်။

တူချယ်ဟာယခုနှစ်အစောပိုင်းတုန်းကဖရန့်လမ်းပတ်ရဲ့နေရာမှာအစားထိုးခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီးမေလနှောင်းပိုင်းတုန်းကပေါ်တိုတွင်မန်စီးတီးကိုအနိုင်ယူကာချန်ပီယံလိဂ်ဖလားဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

တူချယ်ဟာဇန်နဝါရီလတုန်းကချဲလ်ဆီးသို့၁၈လစာချုပ်ဖြင့်ရောက်လာခဲ့တာဖြစ်ပြီးယခုအခါနှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလိုက်မှုနှင့်အတူအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားသစ်ခေါ်ယူရေးငွေကြေးအလုံအလောက်ရရှိလာဖို့ရှိပါတယ်။

ZawGyi



စာချုပ်သစ်ကြောင့်ဂျာမန်လူမျိုးနည်းပြဟာစတမ်းဖို့ဒ်ဘရစ်ခ်ျမှာ၂၀၂၄ခုနှစ်အထိရှိနေတော့မှာဖြစ်ပါတယ်။

