ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လွဲချော်ရမယ့်အရေးနှင့် အဂူရိုရင်ဆိုင်နေရ

ဆာဂျီယိုအဂူရိုဟာနောက်ထပ်ဒဏ်ရာပြဿနာတစ်ခုထပ်မံကြုံဆုံနေရမှုနဲ့အတူချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလွဲချော်ရမယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရပါတယ်။

မန်စီးတီးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့အဂူရိုဟာယခုရာသီအကုန်တွင်မန်စီးတီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးမန်စီးတီးမှထွက်ခွာမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါတယ်။

ဒါပေမယ့်မန်စီးတီးအတွက်၂၅၈ဂိုးသွင်းယူထားတဲ့အဂူရိုဟာခြေထောက်ဒဏ်ရာတစ်ခုထပ်မံရရှိမှုနဲ့အတူချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲကစားပေးပြီးပရိသတ်များကိုနူတ်ဆက်မယ့်အခွင့်အရေးလွဲချော်လာဖို့ရှိနေပါတယ်။

အသက်၃၂နှစ်ရှိအဂူရိုဟာယနေ့ညတွင်ဘရိုက်တန်နှင့်ရင်ဆိုင်ရမယ့်ပွဲကိုလွဲချော်မည်ဖြစ်ပြီးလာမယ့်တနင်္ဂနွေနေ့တွင်ကစားရမယ့်အဲဗာတန်နှင့်ပွဲကိုလည်းလွဲနိုင်ပါတယ်။

ZawGyi




