ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အဆုံးအဖြတ်ပင်နယ်တီကန်ချင်နေတဲ့ မန်စီးတီးဂိုးသမားအီဒါဆင်

မန်စီးတီးဂိုးသမားအီဒါဆင်ဟာလာမယ့်စနေနေ့တွင်ကစားရမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ပင်နယ်တီအဆုံးအဖြတ်ခံယူရပါကပဥ္စမြောက်အဆုံးအဖြတ်ပင်နယ်တီကန်ရန်ဆန္ဒရှိနေပါတယ်။

မန်စီးတီးဟာချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ပထမဆုံးအကြိမ်တက်ရောက်ထားပြီးလာမယ့်စနေနေ့မှာပေါ်တိုရဲ့Estadio do Dragao မှာချဲလ်ဆီးနှင့်ရင်ဆိုင်ကစားရပါမယ်။

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာကမန်စီးတီးတွင်ပင်နယ်တီကန်အကောင်းဆုံးမှာအီဒါဆင်ဖြစ်ကြောင်းဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။

ယခုအခါဘရာဇီးဂိုးသမားကိုယ်တိုင်က “ကျွန်တော်ကစာရင်းထဲမှာပါဝင်ပြီးသားပါ။အများကြီးလေ့ကျင့်စရာမလိုပါဘူး။ဒါပေမယ့်ပဥ္စမအလုံးတော့ကန်ချင်တယ်။အဆုံးအဖြတ်အလုံးပေါ့။ပဥ္စမအလုံးကိုကန်ချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

မန်စီးတီးဟာ၂၀၂၀-၂၁ဘောလုံးရာသီတွင်ပရီးမီးယားလိဂ်နှင့်ကာရာဘောင်းဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။၎င်းတို့ဟာပင်နယ်တီ၁၁ကြိမ်ရရှိခဲ့ရာမှာ၇ကြိမ်တည်းသာဝင်အောင်ကန်နိုင်ခဲ့ပြီးရာဟမ်းစတာလင်း၊ကီဗင်ဒီဘရိုင်း၊အိုင်ကေးဂန်ဒိုဂန်၊ဆာဂျီယိုအဂူရိုတို့ပင်နယ်တီလွဲခဲ့ကြပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ အဆုံးအျဖတ္ပင္နယ္တီကန္ခ်င္ေနတဲ့ မန္စီးတီးဂိုးသမားအီဒါဆင္

မန္စီးတီးဂိုးသမားအီဒါဆင္ဟာလာမယ့္စေနေန႔တြင္ကစားရမယ့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ပင္နယ္တီအဆုံးအျဖတ္ခံယူရပါကပၪၥေျမာက္အဆုံးအျဖတ္ပင္နယ္တီကန္ရန္ဆႏၵရွိေနပါတယ္။

မန္စီးတီးဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔ပထမဆုံးအႀကိမ္တက္ေရာက္ထားၿပီးလာမယ့္စေနေန႔မွာေပၚတိုရဲ႕Estadio do Dragao မွာခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ကစားရပါမယ္။

မန္စီးတီးနည္းျပပက္ဂြါဒီယိုလာကမန္စီးတီးတြင္ပင္နယ္တီကန္အေကာင္းဆုံးမွာအီဒါဆင္ျဖစ္ေၾကာင္းဖြင့္ဟေျပာၾကားခဲ့ဖူးပါတယ္။

ယခုအခါဘရာဇီးဂိုးသမားကိုယ္တိုင္က “ကြၽန္ေတာ္ကစာရင္းထဲမွာပါဝင္ၿပီးသားပါ။အမ်ားႀကီးေလ့က်င့္စရာမလိုပါဘူး။ဒါေပမယ့္ပၪၥမအလုံးေတာ့ကန္ခ်င္တယ္။အဆုံးအျဖတ္အလုံးေပါ့။ပၪၥမအလုံးကိုကန္ခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မန္စီးတီးဟာ၂၀၂၀-၂၁ေဘာလုံးရာသီတြင္ပရီးမီးယားလိဂ္ႏွင့္ကာရာေဘာင္းဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။၎တို႔ဟာပင္နယ္တီ၁၁ႀကိမ္ရရွိခဲ့ရာမွာ၇ႀကိမ္တည္းသာဝင္ေအာင္ကန္ႏိုင္ခဲ့ၿပီးရာဟမ္းစတာလင္း၊ကီဗင္ဒီဘ႐ိုင္း၊အိုင္ေကးဂန္ဒိုဂန္၊ဆာဂ်ီယိုအဂူ႐ိုတို႔ပင္နယ္တီလြဲခဲ့ၾကပါတယ္။