ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ ဒဏ်ရာသုံးခုရရှိထားတဲ့ ကီဗင်ဒီဘရိုင်း

ကီဗင်ဒီဘရိုင်းဟာချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီဒဏ်ရာသုံးခုရရှိထားကြောင်းသိရပါတယ်။မန်စီးတီးစတားဟာပြီးခဲ့တဲ့လတုန်းကချဲလ်ဆီးအားရှုံးနိမ့်တဲ့အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင်ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။

သူဟာယင်းနောက်ပိုင်းရက်သတ္တပတ်များမှာတံကောက်ကြောဒဏ်ရာနှင့်ခြေသလုံးအသေးစားဒဏ်ရာတို့ရရှိခဲ့ပါတယ်။

ဒါကြောင့်လည်းမန်စီးတီးအသင်းနည်းပြပက်ဂွါဒီယိုလာဟာလာမယ့်စနေနေ့မှာချဲလ်ဆီးနှင့်ရင်ဆိုင်ကစားရမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာကီဗင်ဒီဘရိုင်းပါဝင်မကစားနိုင်မှာစိုးရိမ်လျက်ရှိနေပါတယ်။

သူဟာပြီးခဲ့တဲ့ဘရိုက်တန်နှင့်ပွဲစဉ်တုန်းကကစားဖို့အဆင်သင့်ဖြစ်နေခဲ့ပေမယ့်ဂွါဒီယိုလာကမလိုအပ်ဘဲအရဲစွန့်မသုံးလိုတာကြောင့်အနားပေးခဲ့ပါတယ်။

ကီဗင်ဒီဘရိုင်းဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကအဲဗာတန်အား၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာမိနစ်၉၀ပြည့်ပါဝင်ကစားခဲ့ပြီး၁၁မိနစ်မှာဂိုးသွင်းယူနိုင်ခဲ့ပါတယ်?

ကီဗင်ဒီဘရိုင်းရဲ့လက်ရှိကြံ့ခိုင်မှုအခြေအနေမှာတိုးတက်ကောင်းမွန်နေမှုကြောင့်ချဲလ်ဆီးနှင့်ပွဲတွင်ပါဝင်ကစားရန်သေချာနေပါတယ်။ဒါပေမယ့်မန်စီးတီးဟာကီဗင်ဒီဘရိုင်းရဲ့အခြေအနေဆိုးရွားလာမှာစိုးရိမ်နေပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္မီ ဒဏ္ရာသုံးခုရရွိထားတဲ့ ကီဗင္ဒီဘ႐ိုင္း

ကီဗင္ဒီဘ႐ိုင္းဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္မီဒဏ္ရာသုံးခုရရွိထားေၾကာင္းသိရပါတယ္။မန္စီးတီးစတားဟာၿပီးခဲ့တဲ့လတုန္းကခ်ဲလ္ဆီးအားရႈံးနိမ့္တဲ့အက္ဖ္ေအဖလားဆီမီးဖိုင္နယ္ပြဲစဥ္တြင္ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့ပါတယ္။

သူဟာယင္းေနာက္ပိုင္းရက္သတၱပတ္မ်ားမွာတံေကာက္ေၾကာဒဏ္ရာႏွင့္ေျခသလုံးအေသးစားဒဏ္ရာတို႔ရရွိခဲ့ပါတယ္။

ဒါေၾကာင့္လည္းမန္စီးတီးအသင္းနည္းျပပက္ဂြါဒီယိုလာဟာလာမယ့္စေနေန႔မွာခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ကစားရမယ့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာကီဗင္ဒီဘ႐ိုင္းပါဝင္မကစားႏိုင္မွာစိုးရိမ္လ်က္ရွိေနပါတယ္။

သူဟာၿပီးခဲ့တဲ့ဘ႐ိုက္တန္ႏွင့္ပြဲစဥ္တုန္းကကစားဖို႔အဆင္သင့္ျဖစ္ေနခဲ့ေပမယ့္ဂြါဒီယိုလာကမလိုအပ္ဘဲအရဲစြန႔္မသုံးလိုတာေၾကာင့္အနားေပးခဲ့ပါတယ္။

ကီဗင္ဒီဘ႐ိုင္းဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကအဲဗာတန္အား၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာမိနစ္၉၀ျပည့္ပါဝင္ကစားခဲ့ၿပီး၁၁မိနစ္မွာဂိုးသြင္းယူႏိုင္ခဲ့ပါတယ္?

ကီဗင္ဒီဘ႐ိုင္းရဲ႕လက္ရွိႀကံ့ခိုင္မႈအေျခအေနမွာတိုးတက္ေကာင္းမြန္ေနမႈေၾကာင့္ခ်ဲလ္ဆီးႏွင့္ပြဲတြင္ပါဝင္ကစားရန္ေသခ်ာေနပါတယ္။ဒါေပမယ့္မန္စီးတီးဟာကီဗင္ဒီဘ႐ိုင္းရဲ႕အေျခအေနဆိုး႐ြားလာမွာစိုးရိမ္ေနပါတယ္။