ချန်ပီယံလိဂ်ဗိုလ်လုပွဲနိုင်ပွဲအပြီးအင်တာဗျူးတွင် ရိုင်းစိုင်းစွာပြောကြားခဲ့တဲ့ ဟာဗတ်ဇ်

ချဲလ်ဆီးတိုက်စစ်သမားကိုင်ဟာဗတ်ဇ်ဟာမန်စီးတီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိကာချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် BT Sport နှင့်အင်တာဗျူးတွင်သူ့အတွက်ချဲလ်ဆီးအသင်းပေးခဲ့ရတဲ့ပြောင်းရွှေ့ကြေးအပေါ်xဂရုမစိုက်ကြောင်းရင့်သီးစွာပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာပထမပိုင်းတွင်မေဆင်မောင့်ရဲ့ပေးပို့မှုမှတဆင့်ဟာဗတ်ဇ်သွင်းယူတဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်မန်စီးတီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးချန်ပီယံလိဂ်ဖလားကိုဒုတိယအကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်ကစားသမားဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကလေဗာကူဆင်မှပြောင်းရွှေ့ကြေးပေါင်၇၉သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။

BT Sport က “ခင်ဗျားကချဲလ်ဆီးသမိုင်းမှာပြောင်းရွှေ့ကြေးအများဆုံးကစားသမားဆိုတော့ခင်ဗျားအပေါ်မှာဖိအားတွေအများကြီးရှိနေခဲ့တယ်။ခင်ဗျားဟာဒါတွေအားလုံးကိုတညတည်းနဲ့ပြန်ပေးနိုင်ခဲ့တယ်”လို့မေးခဲ့ပါတယ်။

ချက်ချင်းပင်ဟာဗတ်ဇ်က “အခုအချိန်မှာရိုးရိုးသားသားပြောရရင်ဒါနဲ့ပတ်သက်ပြီးလုံးဝxxဂရုမစိုက်ပါဘူး။ကျုပ်တို့ကအခုချန်ပီယံလိဂ်ဖလားရထားပြီလေ”လို့တုံ့ပြန်ခဲ့ပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲႏိုင္ပြဲအၿပီးအင္တာဗ်ဴးတြင္ ႐ိုင္းစိုင္းစြာေျပာၾကားခဲ့တဲ့ ဟာဗတ္ဇ္

ခ်ဲလ္ဆီးတိုက္စစ္သမားကိုင္ဟာဗတ္ဇ္ဟာမန္စီးတီးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိကာခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ BT Sport ႏွင့္အင္တာဗ်ဴးတြင္သူ႔အတြက္ခ်ဲလ္ဆီးအသင္းေပးခဲ့ရတဲ့ေျပာင္းေ႐ႊ႕ေၾကးအေပၚxဂ႐ုမစိုက္ေၾကာင္းရင့္သီးစြာေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာပထမပိုင္းတြင္ေမဆင္ေမာင့္ရဲ႕ေပးပို႔မႈမွတဆင့္ဟာဗတ္ဇ္သြင္းယူတဲ့တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္မန္စီးတီးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးခ်န္ပီယံလိဂ္ဖလားကိုဒုတိယအႀကိမ္ေျမာက္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ကစားသမားဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကေလဗာကူဆင္မွေျပာင္းေ႐ႊ႕ေၾကးေပါင္၇၉သန္းျဖင့္ေျပာင္းလာခဲ့သူျဖစ္ပါတယ္။

BT Sport က “ခင္ဗ်ားကခ်ဲလ္ဆီးသမိုင္းမွာေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးကစားသမားဆိုေတာ့ခင္ဗ်ားအေပၚမွာဖိအားေတြအမ်ားႀကီးရွိေနခဲ့တယ္။ခင္ဗ်ားဟာဒါေတြအားလုံးကိုတညတည္းနဲ႔ျပန္ေပးႏိုင္ခဲ့တယ္”လို႔ေမးခဲ့ပါတယ္။

ခ်က္ခ်င္းပင္ဟာဗတ္ဇ္က “အခုအခ်ိန္မွာ႐ိုး႐ိုးသားသားေျပာရရင္ဒါနဲ႔ပတ္သက္ၿပီးလုံးဝxxဂ႐ုမစိုက္ပါဘူး။က်ဳပ္တို႔ကအခုခ်န္ပီယံလိဂ္ဖလားရထားၿပီေလ”လို႔တုံ႔ျပန္ခဲ့ပါတယ္။