ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ရရှိခဲ့တဲ့မျက်နှာအရိုးနှစ်ခုကျိုးဒဏ်ရာကြောင့် ယူရိုကိုလွဲနိုင်တဲ့ ကီဗင်ဒီဘရိုင်း

မန်စီးတီးစတားကီဗင်ဒီဘရိုင်းဟာချဲလ်ဆီးအားရှုံးနိမ့်တဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ရရှိခဲ့တဲ့မျက်နှာမှအရိုးနှစ်ခုကျိုးဒဏ်ရာကြောင့်ယူရိုပြိုင်ပွဲကိုလွဲချော်ဖို့ရှိနေပါတယ်။

အသက်၂၉နှစ်ရှိကီဗင်ဒီဘရိုင်းဟာချဲလ်ဆီးနောက်ခံလူရူဒီဂါနှင့်ထိခိုက်မိကာနှာခေါင်းရိုးအက်ခဲ့တဲ့အပြင်မျက်လုံးအောက်ဘက်ရှိအရိုးလည်းအက်ခဲ့ပါတယ်။

ကီဗင်ဒီဘရိုင်းဟာကွင်းအတွင်းတွင်လဲနေခဲ့စဉ်အတွင်းအထူးစိုးရိမ်ရတဲ့အနေအထားမျိုးမှာရှိနေခဲ့ပါတယ်။သူဟာလူစားလဲပြီးနောက်ရေခဲအုံနေခဲ့သော်လည်းအခြေအနေပိုမိုဆိုးရွားလာမှုကြောင့်ပွဲမပြီးမီဆေးရုံသို့သွားရောက်ခဲ့ရပါတယ်။

ယခုအခါကီဗင်ဒီဘရိုင်းဟာယူရို၂၀၂၀ပြိုင်ပွဲကိုလွဲချော်ရနိုင်တဲ့အခြေအနေမျိုးနှင့်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ယူရိုပြိုင်ပွဲစတင်ဖို့ကလည်းနှစ်ပတ်တောင်မလိုတော့ပါဘူး။

အခြားတစ်ဖက်မှာဘယ်လ်ဂျီယံနည်းပြမာတီနက်ဇ်ဟာကီဗင်ဒီဘရိုင်းကိုအသင်းတွင်ထားရှိကာကစားနိုင်တဲ့အထိစောင့်ဆိုင်းပြီးမှသုံးသွားဖို့လည်းရှိပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ရရွိခဲ့တဲ့မ်က္ႏွာအ႐ိုးႏွစ္ခုက်ိဳးဒဏ္ရာေၾကာင့္ ယူ႐ိုကိုလြဲႏိုင္တဲ့ ကီဗင္ဒီဘ႐ိုင္း

မန္စီးတီးစတားကီဗင္ဒီဘ႐ိုင္းဟာခ်ဲလ္ဆီးအားရႈံးနိမ့္တဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ရရွိခဲ့တဲ့မ်က္ႏွာမွအ႐ိုးႏွစ္ခုက်ိဳးဒဏ္ရာေၾကာင့္ယူ႐ိုၿပိဳင္ပြဲကိုလြဲေခ်ာ္ဖို႔ရွိေနပါတယ္။

အသက္၂၉ႏွစ္ရွိကီဗင္ဒီဘ႐ိုင္းဟာခ်ဲလ္ဆီးေနာက္ခံလူ႐ူဒီဂါႏွင့္ထိခိုက္မိကာႏွာေခါင္း႐ိုးအက္ခဲ့တဲ့အျပင္မ်က္လုံးေအာက္ဘက္ရွိအ႐ိုးလည္းအက္ခဲ့ပါတယ္။

ကီဗင္ဒီဘ႐ိုင္းဟာကြင္းအတြင္းတြင္လဲေနခဲ့စဥ္အတြင္းအထူးစိုးရိမ္ရတဲ့အေနအထားမ်ိဳးမွာရွိေနခဲ့ပါတယ္။သူဟာလူစားလဲၿပီးေနာက္ေရခဲအုံေနခဲ့ေသာ္လည္းအေျခအေနပိုမိုဆိုး႐ြားလာမႈေၾကာင့္ပြဲမၿပီးမီေဆး႐ုံသို႔သြားေရာက္ခဲ့ရပါတယ္။

ယခုအခါကီဗင္ဒီဘ႐ိုင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုလြဲေခ်ာ္ရႏိုင္တဲ့အေျခအေနမ်ိဳးႏွင့္ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။ယူ႐ိုၿပိဳင္ပြဲစတင္ဖို႔ကလည္းႏွစ္ပတ္ေတာင္မလိုေတာ့ပါဘူး။

အျခားတစ္ဖက္မွာဘယ္လ္ဂ်ီယံနည္းျပမာတီနက္ဇ္ဟာကီဗင္ဒီဘ႐ိုင္းကိုအသင္းတြင္ထားရွိကာကစားႏိုင္တဲ့အထိေစာင့္ဆိုင္းၿပီးမွသုံးသြားဖို႔လည္းရွိပါတယ္။