ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ နံပါတ်တစ်ဂိုးသမားမင်ဒီ ဒဏ်ရာရရှိသွားမှုကြောင့် ချဲလ်ဆီးစိုးရိမ်နေ

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာစနေနေ့တွင်ကစားရမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီနံပါတ်တစ်ဂိုးသမားအက်ဒူယတ်မင်ဒီရဲ့ကြံ့ခိုင်မှုအခြေအနေအပေါ်စိုးရိမ်နေရပါတယ်။

မင်ဒီဟာဗီလာအား၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာဘာထရန်းထရာအိုရီရဲ့ဂိုးကိုကာကွယ်ရန်ကြိုးပမ်းစဉ်ဒဏ်ရာရရှိကာပထပိုင်းမှာတင်လူစားလဲခဲ့ရပါတယ်။

မင်ဒီရဲ့ဒဏ်ရာအခြေအနေကိုအင်္ဂါနေ့တွင်စစ်ဆေးမှုပြုလုပ်သွားမှာဖြစ်ပြီးပေါ်တိုတွင်ကစားရမယ့်မန်စီးတီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ပါဝင်နိုင်/မနိုင်သိရပါမယ်။

တူချယ်က “သူအရမ်းနာကျင်နေတယ်။နံရိုးမှာဖြစ်တာပါ။ဒဏ်ရာအတိမ်အနက်ဘယ်လောက်ရှိတယ်ဆိုတာစစ်ဆေးရပါမယ်။ကျွန်တော်တို့မှာပြင်ဆင်ချိန်တစ်ပတ်ရထားပါတယ်။ကျွန်တော်တို့ဘက်ကတော့စနေနေ့ပွဲမှာသူပါဝင်နိုင်ဖို့အစွမ်းကုန်လုပ်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

မင်ဒီဟာစက်တင်ဘာလတုန်းကရန်းနက်စ်မှပြောင်းရွှေ့လာပြီးနောက်ချဲလ်ဆီးရဲ့နံပါတ်တစ်ဂိုးသမားနေရာအားရရှိလာခဲ့သူဖြစ်ပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္မီ နံပါတ္တစ္ဂိုးသမားမင္ဒီ ဒဏ္ရာရရွိသြားမႈေၾကာင့္ ခ်ဲလ္ဆီးစိုးရိမ္ေန

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာစေနေန႔တြင္ကစားရမယ့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္မီနံပါတ္တစ္ဂိုးသမားအက္ဒူယတ္မင္ဒီရဲ႕ႀကံ့ခိုင္မႈအေျခအေနအေပၚစိုးရိမ္ေနရပါတယ္။

မင္ဒီဟာဗီလာအား၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွာဘာထရန္းထရာအိုရီရဲ႕ဂိုးကိုကာကြယ္ရန္ႀကိဳးပမ္းစဥ္ဒဏ္ရာရရွိကာပထပိုင္းမွာတင္လူစားလဲခဲ့ရပါတယ္။

မင္ဒီရဲ႕ဒဏ္ရာအေျခအေနကိုအဂၤါေန႔တြင္စစ္ေဆးမႈျပဳလုပ္သြားမွာျဖစ္ၿပီးေပၚတိုတြင္ကစားရမယ့္မန္စီးတီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ပါဝင္ႏိုင္/မႏိုင္သိရပါမယ္။

တူခ်ယ္က “သူအရမ္းနာက်င္ေနတယ္။နံ႐ိုးမွာျဖစ္တာပါ။ဒဏ္ရာအတိမ္အနက္ဘယ္ေလာက္ရွိတယ္ဆိုတာစစ္ေဆးရပါမယ္။ကြၽန္ေတာ္တို႔မွာျပင္ဆင္ခ်ိန္တစ္ပတ္ရထားပါတယ္။ကြၽန္ေတာ္တို႔ဘက္ကေတာ့စေနေန႔ပြဲမွာသူပါဝင္ႏိုင္ဖို႔အစြမ္းကုန္လုပ္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

မင္ဒီဟာစက္တင္ဘာလတုန္းကရန္းနက္စ္မွေျပာင္းေ႐ႊ႕လာၿပီးေနာက္ခ်ဲလ္ဆီးရဲ႕နံပါတ္တစ္ဂိုးသမားေနရာအားရရွိလာခဲ့သူျဖစ္ပါတယ္။