ချန်ပီယံလိဂ်ဗိုလ်လုပွဲထင်ပြီး ထောင်ပေါင်းများစွာသော ပရိသတ်တို့ YouTube တွင် တိုက်ရိုက်ထုတ်လွှင့်နေတဲ့ Pro Evolution ပွဲကို ကြည့်ခဲ့ကြ

ထောင်ပေါင်းများစွာသောဘောလုံးပရိသတ်များဟာYouTube တွင်တိုက်ရိုက်ထုတ်လွှင့်နေတဲ့ရီးရဲလ်မက်ဒရစ်နှင့်လီဗာပူးတို့ရဲ့Pro Evolution ပွဲကို ချန်ပီယံလိဂ်ဗိုလ်လုပွဲတိုက်ရိုက်ထုတ်လွှင့်မှုလို့ယူဆကာကြည့်ရှုခဲ့ကြပါတယ်။

YouTube တွင်တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရီးရဲလ်မက်ဒရစ်နှင့်လီဗာပူးတို့ရဲ့ပွဲစဉ်မှာလည်းပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီးပထမပိုင်းတွင်၅ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

တကယ်တမ်းမှာတော့အပြင်မှရီးရဲလ်မက်ဒရစ်နှင့်လီဗာပူးတို့ရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ပထမပိုင်းမှာဂိုးမရှိသရေကျနေခဲ့တာလည်းဖြစ်ပါတယ်။

YouTube တွင်တိုက်ရိုက်ထုတ်လွှင့်နေတဲ့ယင်းပွဲကိုပရိသတ်ထောင်ပေါင်းများစွာတို့ဝင်ရောက်ကြည့်ရှုခဲ့ကြပေမဲ့၎င်းတို့ဟာ တကယ့်ပွဲအစစ်အမှန်မဟုတ်မှန်းသိပြီးနောက်ထွက်ခွာသွားခဲ့ကြပါတယ်။

မနေ့ညက Stade de France တွင်ကစားတဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ရီးရဲလ်မက်ဒရစ်ဟာဒုတိယပိုင်းတွင်ဗီနီစီးယပ်စ်ဂျူနီယာသွင်းယူတဲ့တစ်လုံးတည်းသောဂိုးဖြင့်လီဗာပူးကိုအနိုင်ရရှိကာ၁၄ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

မနေ့ညကပွဲတွင်လီဗာပူးဟာအခွင့်အရေးများစွာရရှိခဲ့ပေမဲ့လည်းကော့တွိုက်စ်ရဲ့အကောင်းဆုံးလက်စွမ်းပြမှုနဲ့အတူဂိုးမရရှိခဲ့ပါဘူး။ကော့တွိုက်စ်ဟာချန်ပီယံလိဂ်ဗိုလ်လုပွဲအကာင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲထင္ၿပီး ေထာင္ေပါင္းမ်ားစြာေသာ ပရိသတ္တို႔ YouTube တြင္ တိုက္႐ိုက္ထုတ္လႊင့္ေနတဲ့ Pro Evolution ပြဲကို ၾကည့္ခဲ့ၾက

ေထာင္ေပါင္းမ်ားစြာေသာေဘာလုံးပရိသတ္မ်ားဟာYouTube တြင္တိုက္႐ိုက္ထုတ္လႊင့္ေနတဲ့ရီးရဲလ္မက္ဒရစ္ႏွင့္လီဗာပူးတို႔ရဲ႕Pro Evolution ပြဲကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတိုက္႐ိုက္ထုတ္လႊင့္မႈလို႔ယူဆကာၾကည့္ရႈခဲ့ၾကပါတယ္။

YouTube တြင္တိုက္႐ိုက္ထုတ္လႊင့္ေနတဲ့ ရီးရဲလ္မက္ဒရစ္ႏွင့္လီဗာပူးတို႔ရဲ႕ပြဲစဥ္မွာလည္းပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ၿပီးပထမပိုင္းတြင္၅ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

တကယ္တမ္းမွာေတာ့အျပင္မွရီးရဲလ္မက္ဒရစ္ႏွင့္လီဗာပူးတို႔ရဲ႕ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ပထမပိုင္းမွာဂိုးမရွိသေရက်ေနခဲ့တာလည္းျဖစ္ပါတယ္။

YouTube တြင္တိုက္႐ိုက္ထုတ္လႊင့္ေနတဲ့ယင္းပြဲကိုပရိသတ္ေထာင္ေပါင္းမ်ားစြာတို႔ဝင္ေရာက္ၾကည့္ရႈခဲ့ၾကေပမဲ့၎တို႔ဟာ တကယ့္ပြဲအစစ္အမွန္မဟုတ္မွန္းသိၿပီးေနာက္ထြက္ခြာသြားခဲ့ၾကပါတယ္။

မေန႔ညက Stade de France တြင္ကစားတဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ရီးရဲလ္မက္ဒရစ္ဟာဒုတိယပိုင္းတြင္ဗီနီစီးယပ္စ္ဂ်ဴနီယာသြင္းယူတဲ့တစ္လုံးတည္းေသာဂိုးျဖင့္လီဗာပူးကိုအႏိုင္ရရွိကာ၁၄ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

မေန႔ညကပြဲတြင္လီဗာပူးဟာအခြင့္အေရးမ်ားစြာရရွိခဲ့ေပမဲ့လည္းေကာ့တြိဳက္စ္ရဲ႕အေကာင္းဆုံးလက္စြမ္းျပမႈနဲ႔အတူဂိုးမရရွိခဲ့ပါဘူး။ေကာ့တြိဳက္စ္ဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲအကာင္းဆုံးကစားသမားဆုကိုလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။