ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးကို ဂယ်ရီနဗီးလ်နှင့် ရီချက်လီဆင်တို့ လှောင်ပြောင်

အဲဗာတန်စတားရီချက်လီဆင်နှင့်ယူနိုက်တက်ဂန္ထဝင်ဂယ်ရီနဗီးလ်တို့ဟာချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ရှုံးနိမ့်ခဲ့တဲ့ခါးသီးတဲ့ပြိုင်ဘက်လီဗာပူးကိုလှောင်ပြောင်မှုပြုလုပ်လာကြပါတယ်။

လီဗာပူးဟာမနေ့ညတုန်းStade de France တွင်ကစားတဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ရီးရဲလ်မက်ဒရစ်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

အဲဗာတန်စတားရီချက်လီဆင်ဟာသူကိုယ်တိုင်ဘတ်စ်ကားဒရိုင်ဘာအဖြစ်ပါဝင်နေတဲ့ဓာတ်ပုံတစ်ပုံကိုတင်ပြီးချန်ပီယံလိဂ်ဗိုလ်လုပွဲရှုံးနိမ့်တဲ့အသည်းကွဲနေတဲ့လီဗာပူးပရိသတ်များကိုလှောင်ပြောင်လာတာလည်းဖြစ်ပါတယ်။

ဘရာဇီးစတားဟာအဆိုပါဓာတ်ပုံကိုအစောပိုင်းကတည်းက Save ထားပုံရပြီး လီဗာပူးရှုံးပွဲကြုံပြီးနောက်ချက်ချင်းတင်ကာလှောင်ပြောင်လာပါတယ်။

ဒါ့အပြင်လီဗာပူးရဲ့ရှုံးနိမ့်မှုများကိုလှောင်ပြောင်မှုများပြုလုပ်လာခဲ့တဲ့ဂယ်ရီနဗီးလ်ကလည်းမန်ချက်စတာအခြေစိုက် Band တစ်ခုဖြစ်တဲ့ James ရဲ့Sit Down သီချင်းကို သီဆိုတဲ့ယူနိုက်တက်ပရိသတ်များဗီဒီယိုကိုShare လုပ်ကာ ယူနိုက်တက်ပရိသတ်ဆိုလျှင်ယခုညမှာပျော်စရာကောင်းတဲ့ညတစ်ညဖြစ်လာမှာဖြစ်ကြောင်းဆိုသွားပါတယ်။

မနေ့ညကချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လီဗာပူးပရိသတ်များ ကွင်းအတွင်းဝင်ရောက်နိုင်ခြင်းမရှိမှုကြောင့်ပွဲကိုနာရီဝက်ခန့်ရွှေ့ဆိုင်းခဲ့ရပါတယ်။လီဗာပူးပရိသတ်များဟာရဲတပ်ဖွဲ့ရဲ့အထူးကြပ်မတ်စစ်ဆေးမှုကြောင့်ကွင်းထဲသို့အချိန်မီဝင်ရောက်နိုင်ခြင်းမရှိပါဘူး။

ဒါကြောင့်လည်းလီဗာပူးပရိသတ်များဟာကွင်းအတွင်းသို့ခြံကျော်ဝင်ရောက်မှုများပြုလုပ်ခဲ့ကြပြီးရဲတပ်ဖွဲ့ဝင်များက ငရုပ်ကောင်းမှုန့်ဖြင့်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

မနေ့ညတုန်းကချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လီဗာပူးတို့ပွဲကိုလွှမ်းမိုကစားနိုင်ခဲ့ပေမဲ့လည်းဗီနီစီးယပ်စ်တစ်လုံးတည်းသောဂိုးဖြင့်ရီးရဲလ်မက်ဒရစ်တို့အနိုင်ရဗိုလ်စွဲသွားပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ ရႈံးနိမ့္ခဲ့တဲ့ လီဗာပူးကို ဂယ္ရီနဗီးလ္ႏွင့္ ရီခ်က္လီဆင္တို႔ ေလွာင္ေျပာင္

အဲဗာတန္စတားရီခ်က္လီဆင္ႏွင့္ယူႏိုက္တက္ဂႏၴဝင္ဂယ္ရီနဗီးလ္တို႔ဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ရႈံးနိမ့္ခဲ့တဲ့ခါးသီးတဲ့ၿပိဳင္ဘက္လီဗာပူးကိုေလွာင္ေျပာင္မႈျပဳလုပ္လာၾကပါတယ္။

လီဗာပူးဟာမေန႔ညတုန္းStade de France တြင္ကစားတဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ရီးရဲလ္မက္ဒရစ္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

အဲဗာတန္စတားရီခ်က္လီဆင္ဟာသူကိုယ္တိုင္ဘတ္စ္ကားဒ႐ိုင္ဘာအျဖစ္ပါဝင္ေနတဲ့ဓာတ္ပုံတစ္ပုံကိုတင္ၿပီးခ်န္ပီယံလိဂ္ဗိုလ္လုပြဲရႈံးနိမ့္တဲ့အသည္းကြဲေနတဲ့လီဗာပူးပရိသတ္မ်ားကိုေလွာင္ေျပာင္လာတာလည္းျဖစ္ပါတယ္။

ဘရာဇီးစတားဟာအဆိုပါဓာတ္ပုံကိုအေစာပိုင္းကတည္းက Save ထားပုံရၿပီး လီဗာပူးရႈံးပြဲႀကဳံၿပီးေနာက္ခ်က္ခ်င္းတင္ကာေလွာင္ေျပာင္လာပါတယ္။

ဒါ့အျပင္လီဗာပူးရဲ႕ရႈံးနိမ့္မႈမ်ားကိုေလွာင္ေျပာင္မႈမ်ားျပဳလုပ္လာခဲ့တဲ့ဂယ္ရီနဗီးလ္ကလည္းမန္ခ်က္စတာအေျခစိုက္ Band တစ္ခုျဖစ္တဲ့ James ရဲ႕Sit Down သီခ်င္းကို သီဆိုတဲ့ယူႏိုက္တက္ပရိသတ္မ်ားဗီဒီယိုကိုShare လုပ္ကာ ယူႏိုက္တက္ပရိသတ္ဆိုလွ်င္ယခုညမွာေပ်ာ္စရာေကာင္းတဲ့ညတစ္ညျဖစ္လာမွာျဖစ္ေၾကာင္းဆိုသြားပါတယ္။

မေန႔ညကခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္လီဗာပူးပရိသတ္မ်ား ကြင္းအတြင္းဝင္ေရာက္ႏိုင္ျခင္းမရွိမႈေၾကာင့္ပြဲကိုနာရီဝက္ခန႔္ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။လီဗာပူးပရိသတ္မ်ားဟာရဲတပ္ဖြဲ႕ရဲ႕အထူးၾကပ္မတ္စစ္ေဆးမႈေၾကာင့္ကြင္းထဲသို႔အခ်ိန္မီဝင္ေရာက္ႏိုင္ျခင္းမရွိပါဘူး။

ဒါေၾကာင့္လည္းလီဗာပူးပရိသတ္မ်ားဟာကြင္းအတြင္းသို႔ၿခံေက်ာ္ဝင္ေရာက္မႈမ်ားျပဳလုပ္ခဲ့ၾကၿပီးရဲတပ္ဖြဲ႕ဝင္မ်ားက င႐ုပ္ေကာင္းမႈန႔္ျဖင့္တိုက္ခိုက္မႈျပဳလုပ္ခဲ့ပါတယ္။

မေန႔ညတုန္းကခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္လီဗာပူးတို႔ပြဲကိုလႊမ္းမိုကစားႏိုင္ခဲ့ေပမဲ့လည္းဗီနီစီးယပ္စ္တစ္လုံးတည္းေသာဂိုးျဖင့္ရီးရဲလ္မက္ဒရစ္တို႔အႏိုင္ရဗိုလ္စြဲသြားပါတယ္။