ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီးနောက် ကွန်တီရဲ့စပါးစ်နည်းပြအနာဂတ်မရေမရာဖြစ်လာ

စပါးစ်နည်းပြအန်တိုနီယိုကွန်တီကဆိုးရွားလှတဲ့ခြေစွမ်းဖြင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာရမှုနှင့်အတူ စပါးစ်နည်းပြအနာဂတ်မရေရာတော့ကြောင်းဝန်ခံပြောကြားလာပါတယ်။

စပါးစ်ဟာမနေ့ညတုန်းကအိမ်ကွင်းတွင်စိတ်ပျက်ဖွယ်ခြေစွမ်းဖြင့်ကစားကာအေစီမီလန်နှင့်ဂိုးမရှိသရေကျပြီးနှစ်ကျော့ပေါင်းရလဒ်၁-၀ဂိုးဖြင့်ရှုံးနိမ့်ကာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထွက်ခဲ့ရပါတယ်။

ချန်ပီယံလိဂ်မှထွက်ခွာရမှုနှင့်အတူအန်တိုနီယိုကွန်တီဟာစပါးစ်ရဲ့၁၅နှစ်ကြာဆုဖလားနှင့်ဝေးကွာနေမှုကိုအောင်မြင်အောင်မစွမ်းဆောင်နိုင်တဲ့၇ဦးမြောက်နည်းပြဖြစ်လာတော့မှာလည်းဖြစ်ပါတယ်။

အီတလီလူမျိုးနည်းပြရဲ့လက်ရှိစာချုပ်မှာဇွန်လအကုန်တွင်ကုန်ဆုံးမှာဖြစ်ပြီးရာသီမကုန်ဆုံးမီဆွေးနွေးမှုပြုလုပ်ကာအနာဂတ်ကိုဆုံးဖြတ်လာကြပါမယ်။

ကွန်တီက “စပါးစ်နဲ့စာချုပ်ရှိပါတယ်။စာချုပ်ကိုလေးစားပါတယ်။ရာသီကုန်တော့မှကလပ်နဲ့ဆွေးနွေးပြီးအသင့်တော်ဆုံးဖြစ်မဲ့အရာတွေကိုရွေးပါမယ်။ရာသီဘယ်လိုအဆုံးသတ်မလဲကြည့်ရပါမယ်။သူတို့ကျွန်တော့်ကိုစောစောစီးစီးအိမ်ပြန်ပို့နိုင်ပါတယ်။ကျွန်တော့်အတွေးထဲမှာဘယ်လိုရှိနေမယ်ဆိုတာစပါးစ်သိထားပြီးသားဖြစ်မှာပါ။ရာသီကုန်ရင်တွေ့ပြီးဆုံးဖြတ်ချက်ချပါမယ်။ကစားသမားတွေရဲ့ပေးဆပ်မှုနဲ့ပတ်သက်ပြီးအပြုသဘောမဆောင်တာပြောစရာမရှိပါဘူး။သူတို့ဟာရာသီအစကနေအဆုံးအထိအစွမ်းကုန်ပေးဆပ်ခဲ့ကြတယ်။ခြေလှမ်းတစ်လှမ်းတိုးနိုင်ခဲ့တယ်။ဒါပေမဲ့မလုံလောက်ခဲ့ဘူး။ပြိုင်ဆိုင်ချင်ရင်ကျွန်တော်တို့တိုက်ပွဲဝင်ရပါမယ်”လို့ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင်ကွန်တီရဲ့အဓိကပစ်မှတ်မှာလာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးဖြစ်ပါတယ်။စပါးစ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၄နေရာမှာရပ်တည်နေပေမဲ့လည်းအဆင့်၅နေရာမှလီဗာပူးကို၃မှတ်တည်းသာဖြတ်ထားနိုင်ပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္မွ ထြက္ခြာခဲ့ရၿပီးေနာက္ ကြန္တီရဲ႕စပါးစ္နည္းျပအနာဂတ္မေရမရာျဖစ္လာ

စပါးစ္နည္းျပအန္တိုနီယိုကြန္တီကဆိုး႐ြားလွတဲ့ေျခစြမ္းျဖင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာရမႈႏွင့္အတူ စပါးစ္နည္းျပအနာဂတ္မေရရာေတာ့ေၾကာင္းဝန္ခံေျပာၾကားလာပါတယ္။

စပါးစ္ဟာမေန႔ညတုန္းကအိမ္ကြင္းတြင္စိတ္ပ်က္ဖြယ္ေျခစြမ္းျဖင့္ကစားကာေအစီမီလန္ႏွင့္ဂိုးမရွိသေရက်ၿပီးႏွစ္ေက်ာ့ေပါင္းရလဒ္၁-၀ဂိုးျဖင့္ရႈံးနိမ့္ကာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွထြက္ခဲ့ရပါတယ္။

ခ်န္ပီယံလိဂ္မွထြက္ခြာရမႈႏွင့္အတူအန္တိုနီယိုကြန္တီဟာစပါးစ္ရဲ႕၁၅ႏွစ္ၾကာဆုဖလားႏွင့္ေဝးကြာေနမႈကိုေအာင္ျမင္ေအာင္မစြမ္းေဆာင္ႏိုင္တဲ့၇ဦးေျမာက္နည္းျပျဖစ္လာေတာ့မွာလည္းျဖစ္ပါတယ္။

အီတလီလူမ်ိဳးနည္းျပရဲ႕လက္ရွိစာခ်ဳပ္မွာဇြန္လအကုန္တြင္ကုန္ဆုံးမွာျဖစ္ၿပီးရာသီမကုန္ဆုံးမီေဆြးေႏြးမႈျပဳလုပ္ကာအနာဂတ္ကိုဆုံးျဖတ္လာၾကပါမယ္။

ကြန္တီက “စပါးစ္နဲ႔စာခ်ဳပ္ရွိပါတယ္။စာခ်ဳပ္ကိုေလးစားပါတယ္။ရာသီကုန္ေတာ့မွကလပ္နဲ႔ေဆြးေႏြးၿပီးအသင့္ေတာ္ဆုံးျဖစ္မဲ့အရာေတြကိုေ႐ြးပါမယ္။ရာသီဘယ္လိုအဆုံးသတ္မလဲၾကည့္ရပါမယ္။သူတို႔ကြၽန္ေတာ့္ကိုေစာေစာစီးစီးအိမ္ျပန္ပို႔ႏိုင္ပါတယ္။ကြၽန္ေတာ့္အေတြးထဲမွာဘယ္လိုရွိေနမယ္ဆိုတာစပါးစ္သိထားၿပီးသားျဖစ္မွာပါ။ရာသီကုန္ရင္ေတြ႕ၿပီးဆုံးျဖတ္ခ်က္ခ်ပါမယ္။ကစားသမားေတြရဲ႕ေပးဆပ္မႈနဲ႔ပတ္သက္ၿပီးအျပဳသေဘာမေဆာင္တာေျပာစရာမရွိပါဘူး။သူတို႔ဟာရာသီအစကေနအဆုံးအထိအစြမ္းကုန္ေပးဆပ္ခဲ့ၾကတယ္။ေျခလွမ္းတစ္လွမ္းတိုးႏိုင္ခဲ့တယ္။ဒါေပမဲ့မလုံေလာက္ခဲ့ဘူး။ၿပိဳင္ဆိုင္ခ်င္ရင္ကြၽန္ေတာ္တို႔တိုက္ပြဲဝင္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္ကြန္တီရဲ႕အဓိကပစ္မွတ္မွာလာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးျဖစ္ပါတယ္။စပါးစ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၄ေနရာမွာရပ္တည္ေနေပမဲ့လည္းအဆင့္၅ေနရာမွလီဗာပူးကို၃မွတ္တည္းသာျဖတ္ထားႏိုင္ပါတယ္။