ချန်ပီယံလိဂ်ဝင်ခွင့်ထိပ်ဆုံးလေးသင်းနေရာအတွက် စပါးစ်နည်းပြမော်ရင်ဟိုလက်မလျှော့သေး

ဟိုဆေးမော်ရင်ဟိုကစပါးစ်အသင်းမှာချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပရီးမီးယားလိဂ်ထိပ်ဆုံးလေးသင်းစာရင်း ဝင်ရေးအပေါ်လက်မလျှော့သေးကြောင်းပြောကြားလိုက်ပါတယ်။

စပါးစ်အသင်းမှာပရီးမီးယားလိဂ်တွင်ရလဒ်ဆိုးရွားကာအမှတ်ပေးဇယားအဆင့်၉နေရာသို့ရောက်နေပြီးနည်းပြ မော်ရင်ဟိုတွင်လည်းဖိအားများကျရောက်လျက်ရှိနေပါတယ်။

စပါးစ်ဟာနောက်ဆုံးကစားတဲ့ပရီးမီးယားလိဂ်၅ပွဲတွင်၁ပွဲတည်းသာအနိုင်ရရှိထားပြီးအက်ဖ်အေဖလားပဥ္စမအဆင့် တွင်လည်းအဲဗာတန်ကိုရှုံးနိမ့်ကာထွက်ခွာထားရပါတယ်။

စပါးစ်ဟာထိပ်ဆုံးလေးသင်းနှင့်ရမှတ်၆မှတ်တည်းသာကွာဟနေရာမော်ရင်ဟိုဟာချန်ပီယံလိဂ်ဝင်ခွင့်အတွက်မျှော် လင့်ချက်အပြည့်အဝရှိနေသေးတယ်လို့ယုံကြည်နေပါတယ်။မော်ရင်ဟိုဟာယူရိုပါလိဂ်တွင်ချန်ပီယံဖြစ်ကာချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအပေါ်မမှီခိုဘဲထိပ်ဆုံးလေးသင်းစာရင်းဝင်နိုင်တယ်လို့ယုံကြည်နေတာလည်းဖြစ်ပါတယ်။

မော်ရင်ဟိုက “ဘယ်ရှုထောင့်ကဘဲကြည့်ကြည့်ခက်ခဲနေပါတယ်။ဒါပေမယ့်နှစ်ဖက်စလုံးကလည်းဖြစ်နိုင်ခြေရှိနေ ပါတယ်။ပရီးမီးယားလိဂ်မှာထိပ်ဆုံးလေးသင်းစာရင်းဝင်ရေးကပိုပြီးတော့ခက်ခဲ့ပါတယ်။ဒါပေမယ့်သင်္ချာနည်းအရ တော့မဖြစ်နိုင်တော့တဲ့အနေအထားမှာရှိတာမဟုတ်ပါဘူး။ပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်တို့အလွန်ဆိုးရွားတဲ့ အနေအထားမှာရှိခဲ့တာတောင်ယူရိုပါလိဂ်ဝင်ခွင့်ရအောင်လုပ်နိုင်ခဲ့တယ်။နောက်ဆုံးမိနစ်ရောက်ရင်ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းကဖြစ်နိုင်ခြေရှိတာကြောင့်ကျွန်တော်တို့ကြိုးစားခဲ့သလိုဖြစ်ခဲ့တယ်”လို့ ပြောကြားသွားပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဦးဆောင်တဲ့စပါးစ်အသင်းဟာယနေ့မှာဩစတြီးယားကလပ် ဝုဖ်ဘာဂါအသင်းနှင့် ယူရိုပါလိဂ်၃၂သင်းအဆင့်ပထမအကျော့ပွဲစဉ်ကစားသွားရပါမယ်။

ZawGyi

ခ်န္ပီယံလိဂ္ဝင္ခြင့္ထိပ္ဆုံးေလးသင္းေနရာအတြက္ စပါးစ္နည္းျပေမာ္ရင္ဟိုလက္မေလွ်ာ့ေသး

ဟိုေဆးေမာ္ရင္ဟိုကစပါးစ္အသင္းမွာခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ပရီးမီးယားလိဂ္ထိပ္ဆုံးေလးသင္းစာရင္း ဝင္ေရးအေပၚလက္မေလွ်ာ့ေသးေၾကာင္းေျပာၾကားလိုက္ပါတယ္။

စပါးစ္အသင္းမွာပရီးမီးယားလိဂ္တြင္ရလဒ္ဆိုး႐ြားကာအမွတ္ေပးဇယားအဆင့္၉ေနရာသို႔ေရာက္ေနၿပီးနည္းျပ ေမာ္ရင္ဟိုတြင္လည္းဖိအားမ်ားက်ေရာက္လ်က္ရွိေနပါတယ္။

စပါးစ္ဟာေနာက္ဆုံးကစားတဲ့ပရီးမီးယားလိဂ္၅ပြဲတြင္၁ပြဲတည္းသာအႏိုင္ရရွိထားၿပီးအက္ဖ္ေအဖလားပၪၥမအဆင့္ တြင္လည္းအဲဗာတန္ကိုရႈံးနိမ့္ကာထြက္ခြာထားရပါတယ္။

စပါးစ္ဟာထိပ္ဆုံးေလးသင္းႏွင့္ရမွတ္၆မွတ္တည္းသာကြာဟေနရာေမာ္ရင္ဟိုဟာခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ေမွ်ာ္ လင့္ခ်က္အျပည့္အဝရွိေနေသးတယ္လို႔ယုံၾကည္ေနပါတယ္။ေမာ္ရင္ဟိုဟာယူ႐ိုပါလိဂ္တြင္ခ်န္ပီယံျဖစ္ကာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးအေပၚမမွီခိုဘဲထိပ္ဆုံးေလးသင္းစာရင္းဝင္ႏိုင္တယ္လို႔ယုံၾကည္ေနတာလည္းျဖစ္ပါတယ္။

ေမာ္ရင္ဟိုက “ဘယ္ရႈေထာင့္ကဘဲၾကည့္ၾကည့္ခက္ခဲေနပါတယ္။ဒါေပမယ့္ႏွစ္ဖက္စလုံးကလည္းျဖစ္ႏိုင္ေျခရွိေန ပါတယ္။ပရီးမီးယားလိဂ္မွာထိပ္ဆုံးေလးသင္းစာရင္းဝင္ေရးကပိုၿပီးေတာ့ခက္ခဲ့ပါတယ္။ဒါေပမယ့္သခ်ၤာနည္းအရ ေတာ့မျဖစ္ႏိုင္ေတာ့တဲ့အေနအထားမွာရွိတာမဟုတ္ပါဘူး။ၿပီးခဲ့တဲ့ရာသီတုန္းကကြၽန္ေတာ္တို႔အလြန္ဆိုး႐ြားတဲ့ အေနအထားမွာရွိခဲ့တာေတာင္ယူ႐ိုပါလိဂ္ဝင္ခြင့္ရေအာင္လုပ္ႏိုင္ခဲ့တယ္။ေနာက္ဆုံးမိနစ္ေရာက္ရင္ကြၽန္ေတာ္တို႔ လုပ္ျပႏိုင္ခဲ့ပါတယ္။ၿပီးခဲ့တဲ့ႏွစ္တုန္းကျဖစ္ႏိုင္ေျခရွိတာေၾကာင့္ကြၽန္ေတာ္တို႔ႀကိဳးစားခဲ့သလိုျဖစ္ခဲ့တယ္”လို႔ ေျပာၾကားသြားပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပဦးေဆာင္တဲ့စပါးစ္အသင္းဟာယေန႔မွာဩစႀတီးယားကလပ္ ဝုဖ္ဘာဂါအသင္းႏွင့္ ယူ႐ိုပါလိဂ္၃၂သင္းအဆင့္ပထမအေက်ာ့ပြဲစဥ္ကစားသြားရပါမယ္။