ချန်ပီယံလိဂ်ဝင်ခွင့်မရလျှင် အာဆင်နယ်မှ ထွက်ခွာရန် ဆာကာတိုက်တွန်းခံရ

ဂါရတ်ခရော့ခ်ကဘူကာယိုဆာကာအနေဖြင့်လာမယ့်ရာသီတွင်အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရရှိပါကအသင်းပြောင်းရန်တိုက်တွန်းပြောကြားလိုက်ပါတယ်။

အသက်၂၀နှစ်ရှိအာဆင်နယ်စတားဟာယခုရာသီတွင်လည်းအာဆင်နယ်နှင့်အတူထိပ်တန်းခြေစွမ်းပြကစားလျက်ရှိပါတယ်။

ဆာကာဟာတနင်္ဂနွေနေ့တုန်းကဝက်ဖို့ဒ်ကို၃-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာကိုယ်တိုင်ဂိုးသွင်းခဲ့တဲ့အပြင်ဖန်တီးမှုလည်းပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ်ဟာယင်းနိုင်ပွဲကြောင့်အမှတ်ပေးဇယားအဆင့်၄နေရာသို့တက်လှမ်းလာပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အခြေအနေကောင်းလာပါတယ်။

ဒါပေမဲ့တကယ်လို့များချန်ပီယံလိဂ်ဝင်ခွင့်မရရှိလျှင် ဆာကာအနေဖြင့်အသင်းပြောင်းသင့်ကြောင်းစပါးစ်ကစားသမားဟောင်းခရော့ခ်ကဆိုလာပါတယ်။

၎င်းက “သင်သာစပါးစ်ပရိသတ်တစ်ဦးဆိုရင်ဒေသခံပြိုင်ဘက်ကလပ်အသင်း အမှတ်တွေရယူပြီးချန်ပီယံလိဂ်ဝင်ခွင့်ရတာမြင်ချင်မှာမဟုတ်ပါဘူး။အာဆင်နယ်ရဲ့ဝက်ဖို့ဒ်နဲ့ပွဲတုန်းကခြေစွမ်းကရမှတ်သုံးရမှတ်ရဖို့ထိုက်တန်ပါတယ်။ဒါပေမဲ့နောက်တန်းကစိတ်ပျက်စရာဖြစ်နေတုန်းပါ။အာဆင်နယ်အသင်း အဆင့်၄နေရာမှာရပ်တည်နေနိုင်တာဘူကာယိုဆာကာကြောင့်ပါ။အင်္ဂလန်လက်ရွေးစင်စတားဟာယူရိုချန်ပီယံရှစ်နောက်ပိုင်းမှာ အရမ်းကောင်းတဲ့ခြေစွမ်းနဲ့ကစားနေတယ်။တကယ်လို့အာဆင်နယ်သာချန်ပီယံလိဂ်ဝင်ခွင့်မရဘူးဆိုရင်တော့ကျွန်တော်ကတော့ဒီကလေးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းသို့ပြောင်းသင့်တယ်လို့ထင်တယ်။သူ့လိုပါရမီရှင်ကစားသမားမျိုးကိုအာဆင်နယ်မှာမဖြုန်းတီးသင့်ပါဘူး”လို့ဘီဘီစီကနေ ရေးသားသွားပါတယ်။

အာဆင်နယ်ဟာအဆင့်၅နေရာမှယူနိုက်တက်ကိုရမှတ်၁မှတ်ဖြတ်ထားပြီး ပွဲသုံးပွဲလျှော့ကစားထားပါတယ်။၎င်းတို့ဟာစပါးစ်ကိုလည်းရမှတ်၆မှတ်ဖြတ်ထားပါတယ်။အာဆင်နယ်ဟာပွဲကျန်သုံးပွဲအဖြစ်လီဗာပူး၊ချဲလ်ဆီး၊စပါးစ်တို့နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ဝင္ခြင့္မရလွ်င္ အာဆင္နယ္မွ ထြက္ခြာရန္ ဆာကာတိုက္တြန္းခံရ

ဂါရတ္ခေရာ့ခ္ကဘူကာယိုဆာကာအေနျဖင့္လာမယ့္ရာသီတြင္အာဆင္နယ္အသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္မရရွိပါကအသင္းေျပာင္းရန္တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

အသက္၂၀ႏွစ္ရွိအာဆင္နယ္စတားဟာယခုရာသီတြင္လည္းအာဆင္နယ္ႏွင့္အတူထိပ္တန္းေျခစြမ္းျပကစားလ်က္ရွိပါတယ္။

ဆာကာဟာတနဂၤေႏြေန႔တုန္းကဝက္ဖို႔ဒ္ကို၃-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာကိုယ္တိုင္ဂိုးသြင္းခဲ့တဲ့အျပင္ဖန္တီးမႈလည္းျပဳလုပ္ခဲ့ပါတယ္။

အာဆင္နယ္ဟာယင္းႏိုင္ပြဲေၾကာင့္အမွတ္ေပးဇယားအဆင့္၄ေနရာသို႔တက္လွမ္းလာၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္အေျခအေနေကာင္းလာပါတယ္။

ဒါေပမဲ့တကယ္လို႔မ်ားခ်န္ပီယံလိဂ္ဝင္ခြင့္မရရွိလွ်င္ ဆာကာအေနျဖင့္အသင္းေျပာင္းသင့္ေၾကာင္းစပါးစ္ကစားသမားေဟာင္းခေရာ့ခ္ကဆိုလာပါတယ္။

၎က “သင္သာစပါးစ္ပရိသတ္တစ္ဦးဆိုရင္ေဒသခံၿပိဳင္ဘက္ကလပ္အသင္း အမွတ္ေတြရယူၿပီးခ်န္ပီယံလိဂ္ဝင္ခြင့္ရတာျမင္ခ်င္မွာမဟုတ္ပါဘူး။အာဆင္နယ္ရဲ႕ဝက္ဖို႔ဒ္နဲ႔ပြဲတုန္းကေျခစြမ္းကရမွတ္သုံးရမွတ္ရဖို႔ထိုက္တန္ပါတယ္။ဒါေပမဲ့ေနာက္တန္းကစိတ္ပ်က္စရာျဖစ္ေနတုန္းပါ။အာဆင္နယ္အသင္း အဆင့္၄ေနရာမွာရပ္တည္ေနႏိုင္တာဘူကာယိုဆာကာေၾကာင့္ပါ။အဂၤလန္လက္ေ႐ြးစင္စတားဟာယူ႐ိုခ်န္ပီယံရွစ္ေနာက္ပိုင္းမွာ အရမ္းေကာင္းတဲ့ေျခစြမ္းနဲ႔ကစားေနတယ္။တကယ္လို႔အာဆင္နယ္သာခ်န္ပီယံလိဂ္ဝင္ခြင့္မရဘူးဆိုရင္ေတာ့ကြၽန္ေတာ္ကေတာ့ဒီကေလးအေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရတဲ့အသင္းသို႔ေျပာင္းသင့္တယ္လို႔ထင္တယ္။သူ႔လိုပါရမီရွင္ကစားသမားမ်ိဳးကိုအာဆင္နယ္မွာမျဖဳန္းတီးသင့္ပါဘူး”လို႔ဘီဘီစီကေန ေရးသားသြားပါတယ္။

အာဆင္နယ္ဟာအဆင့္၅ေနရာမွယူႏိုက္တက္ကိုရမွတ္၁မွတ္ျဖတ္ထားၿပီး ပြဲသုံးပြဲေလွ်ာ့ကစားထားပါတယ္။၎တို႔ဟာစပါးစ္ကိုလည္းရမွတ္၆မွတ္ျဖတ္ထားပါတယ္။အာဆင္နယ္ဟာပြဲက်န္သုံးပြဲအျဖစ္လီဗာပူး၊ခ်ဲလ္ဆီး၊စပါးစ္တို႔နဲ႔ရင္ဆိုင္ရမွာျဖစ္ပါတယ္။