ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ပြီးနောက် နာပိုလီနည်းပြရာထူးမှ ဂတ်တူဆိုထွက်ခွာ

ဂန်နာရိုဂတ်တူဆိုဟာတနင်္ဂနွေနေ့ကစီးရီးအေရာသီသိမ်းပွဲစဉ်တွင်ဗီရိုနာနှင့်တစ်ဂိုးစီသရေကျကာချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးရပြီးနောက်နာပိုလီနည်းပြရာထူးမှထွက်ခွာသွားခဲ့ပါတယ်။

နာပိုလီဟာဗီရိုနာနှင့်ပွဲမတိုင်မီစီးရီးအေအမှတ်ပေးဇယားအဆင့်၄နေရာမှာရပ်တည်နေပြီးချန်ပီယံလိဂ်ဝင်ခွင့်အတွက်မဖြစ်မနေနိုင်ပွဲရရှိရန်လိုအပ်နေပါတယ်။

ဒါပေမယ့်ဂတ်တူဆိုရဲ့နာပိုလီကဗီရိုနာကိုတစ်ဂိုးစီသရေကျပြီးဘိုလော့ဂ်နာကိုဂျူဗင်တပ်က၄-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ဒါကြောင့်ပီယာလိုရဲ့ဂျူဗင်တပ်ကအဆင့်၄နေရာသို့တက်လှမ်းကာချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားပြီးနာပိုလီကတော့ယူရိုပါလိဂ်ဝင်ခွင့်ဖြင့်သာကျေနပ်ခဲ့ရပါတယ်။

နာပိုလီဥက္ကဌအော်ရယ်လီယိုဒီလော်ရန်တစ်က “ရီနို(ဂတ်တူဆို)ရေမင်းနဲ့နှစ်ရာသီကြာလက်တွဲခဲ့ရတဲ့ဝမ်းသာရတယ်။မင်းလုပ်ဆောင်ပေးခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်။မင်းရောက်လေရာမှာအောင်မြင်မှုရပါစေကွာ”လို့အင်စတာဂရမ်တွင်ရေးသားသွားပါတယ်။

လက်ရှိအချိန်တွင်လစ်လပ်နေတဲ့နာပိုလီနည်းပြရာထူးအတွက်ဂျူဗင်တပ်နှင့်အေစီမီလန်နည်းပြဟောင်းမက်ဆီမိုအယ်လ်လီဂရီနှင့်ရိုးမားနှင့်အင်တာနည်းပြဟောင်းစပယ်လက်တီတို့ကရေပန်းစားနေပါတယ်။အယ်လ်လီဂရီဟာလစ်လပ်နေတဲ့စပါးစ်နည်းပြရာထူးအတွက်ကမ်းလှမ်းမှုရရှိခဲ့သော်လည်းပယ်ချထားပါတယ်။နာပိုလီဟာအယ်လ်လီဂရီအားခန့်အပ်ရန်ကြိုးပမ်းမှုမအောင်မြင်မှသာလျှင်စပယ်လက်တီကိုကမ်းလှမ်းသွားပါမယ်။

ZawGyi

ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့ၿပီးေနာက္ နာပိုလီနည္းျပရာထူးမွ ဂတ္တူဆိုထြက္ခြာ

ဂန္နာ႐ိုဂတ္တူဆိုဟာတနဂၤေႏြေန႔ကစီးရီးေအရာသီသိမ္းပြဲစဥ္တြင္ဗီ႐ိုနာႏွင့္တစ္ဂိုးစီသေရက်ကာခ်န္ပီယံလိဂ္ဝင္ခြင့္ဆုံးရႈံးရၿပီးေနာက္နာပိုလီနည္းျပရာထူးမွထြက္ခြာသြားခဲ့ပါတယ္။

နာပိုလီဟာဗီ႐ိုနာႏွင့္ပြဲမတိုင္မီစီးရီးေအအမွတ္ေပးဇယားအဆင့္၄ေနရာမွာရပ္တည္ေနၿပီးခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္မျဖစ္မေနႏိုင္ပြဲရရွိရန္လိုအပ္ေနပါတယ္။

ဒါေပမယ့္ဂတ္တူဆိုရဲ႕နာပိုလီကဗီ႐ိုနာကိုတစ္ဂိုးစီသေရက်ၿပီးဘိုေလာ့ဂ္နာကိုဂ်ဴဗင္တပ္က၄-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ဒါေၾကာင့္ပီယာလိုရဲ႕ဂ်ဴဗင္တပ္ကအဆင့္၄ေနရာသို႔တက္လွမ္းကာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိသြားၿပီးနာပိုလီကေတာ့ယူ႐ိုပါလိဂ္ဝင္ခြင့္ျဖင့္သာေက်နပ္ခဲ့ရပါတယ္။

နာပိုလီဥကၠဌေအာ္ရယ္လီယိုဒီေလာ္ရန္တစ္က “ရီႏို(ဂတ္တူဆို)ေရမင္းနဲ႔ႏွစ္ရာသီၾကာလက္တြဲခဲ့ရတဲ့ဝမ္းသာရတယ္။မင္းလုပ္ေဆာင္ေပးခဲ့တာေတြအတြက္ေက်းဇူးတင္ပါတယ္။မင္းေရာက္ေလရာမွာေအာင္ျမင္မႈရပါေစကြာ”လို႔အင္စတာဂရမ္တြင္ေရးသားသြားပါတယ္။

လက္ရွိအခ်ိန္တြင္လစ္လပ္ေနတဲ့နာပိုလီနည္းျပရာထူးအတြက္ဂ်ဴဗင္တပ္ႏွင့္ေအစီမီလန္နည္းျပေဟာင္းမက္ဆီမိုအယ္လ္လီဂရီႏွင့္႐ိုးမားႏွင့္အင္တာနည္းျပေဟာင္းစပယ္လက္တီတို႔ကေရပန္းစားေနပါတယ္။အယ္လ္လီဂရီဟာလစ္လပ္ေနတဲ့စပါးစ္နည္းျပရာထူးအတြက္ကမ္းလွမ္းမႈရရွိခဲ့ေသာ္လည္းပယ္ခ်ထားပါတယ္။နာပိုလီဟာအယ္လ္လီဂရီအားခန႔္အပ္ရန္ႀကိဳးပမ္းမႈမေအာင္ျမင္မွသာလွ်င္စပယ္လက္တီကိုကမ္းလွမ္းသြားပါမယ္။