ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလျှင် အာဆင်နယ်ကစားသမားတို့ ပေါင် ၅ သိန်းစီ အပိုဆုကြေးရရှိမည်

အာဆင်နယ်ကစားသမားများဟာ၂၀၁၇ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ကလပ်ကိုချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင်နိုင်ပါကအပိုဆုကြေးငွေပေါင်၅၀၀၀၀၀အထိရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။

မီခေးလ်အာတီတာဦးဆောင်တဲ့အာဆင်နယ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၄နေရာမှာရပ်တည်နေပါတယ်။၎င်းတို့ဟာယူနိုက်တက်ကိုရမှတ်၁မှတ်ဖြတ်ထားတဲ့အပြင်သုံးပွဲလျှော့ကစားထားပါသေးတယ်။

အာဆင်နယ်ဟာချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါကဆုကြေးငွေပေါင်သန်း၅၀ရရှိလာမယ့်အပြင်ရုပ်သံလွှင့်ခဝင်ငွေ၊လက်မှတ်ရောင်းချမှုဝင်ငွေလည်းမြင့်မားလာပါတယ်။

ကလပ်ရဲ့ဝင်ငွေများပြားလာမယ့်အခြေအနေနှင့်အတူအာဆင်နယ်ကစားသမားများမှာလည်းလုပ်ခတိုးမြှင့်ရရှိလာကြပါမယ်။

အာဆင်နယ်ကစားသမားတစ်ဦးချင်းစီတိုင်းဟာချန်ပီယံလိဂ်ဝင်ခွင့်ရရှိလျှင်အပိုဆုကြေးပေါင်၅၀၀၀၀၀စီရရှိပါမယ်။ဒါ့အပြင်ကစားသမားအချို့တို့ဟာလည်းစာချုပ်ပါအချက်ကြောင့်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလျှင်လုပ်ခအလိုအလျှောက်မြင့်တက်လာပါမယ်။

ဒါ့အပြင်အာဆင်နယ်အတွက်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမှာဘူကာယိုဆာကာကဲ့သို့လူငယ်ပါရမီရှင်ကစားသမားမျိုးကို အသင်းမှာထိန်းသိမ်းထားနိုင်ရေးအတွက်လည်းအလွန်အရေးကြီးနေပါတယ်။

တဖက်တွင်အာဆင်နယ်ဟာချန်ပီယံလိဂ်ဝင်ခွင့်ရရှိလျှင်နွေရာသီမှာအသင်းကိုအကြီးအကျယ်အားဖြည့်မှုပြုလုပ်လာဖို့ရှိနေပါတယ်။၎င်းတို့ဟာနွေရာသီမှာထိပ်တန်းတိုက်စစ်မှူးနှစ်ဦး၊အလယ်တန်းတိုက်စစ်သမားတစ်ဦးနှင့်ဗဟိုခံစစ်မှူးတစ်ဦးတို့ခေါ်ယူရန်စီစဉ်နေပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိလွ်င္ အာဆင္နယ္ကစားသမားတို႔ ေပါင္ ၅ သိန္းစီ အပိုဆုေၾကးရရွိမည္

အာဆင္နယ္ကစားသမားမ်ားဟာ၂၀၁၇ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ကလပ္ကိုခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္စြမ္းေဆာင္ႏိုင္ပါကအပိုဆုေၾကးေငြေပါင္၅၀၀၀၀၀အထိရရွိလာမွာျဖစ္ေၾကာင္းသိရပါတယ္။

မီေခးလ္အာတီတာဦးေဆာင္တဲ့အာဆင္နယ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၄ေနရာမွာရပ္တည္ေနပါတယ္။၎တို႔ဟာယူႏိုက္တက္ကိုရမွတ္၁မွတ္ျဖတ္ထားတဲ့အျပင္သုံးပြဲေလွ်ာ့ကစားထားပါေသးတယ္။

အာဆင္နယ္ဟာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိပါကဆုေၾကးေငြေပါင္သန္း၅၀ရရွိလာမယ့္အျပင္႐ုပ္သံလႊင့္ခဝင္ေငြ၊လက္မွတ္ေရာင္းခ်မႈဝင္ေငြလည္းျမင့္မားလာပါတယ္။

ကလပ္ရဲ႕ဝင္ေငြမ်ားျပားလာမယ့္အေျခအေနႏွင့္အတူအာဆင္နယ္ကစားသမားမ်ားမွာလည္းလုပ္ခတိုးျမႇင့္ရရွိလာၾကပါမယ္။

အာဆင္နယ္ကစားသမားတစ္ဦးခ်င္းစီတိုင္းဟာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိလွ်င္အပိုဆုေၾကးေပါင္၅၀၀၀၀၀စီရရွိပါမယ္။ဒါ့အျပင္ကစားသမားအခ်ိဳ႕တို႔ဟာလည္းစာခ်ဳပ္ပါအခ်က္ေၾကာင့္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိလွ်င္လုပ္ခအလိုအေလွ်ာက္ျမင့္တက္လာပါမယ္။

ဒါ့အျပင္အာဆင္နယ္အတြက္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးမွာဘူကာယိုဆာကာကဲ့သို႔လူငယ္ပါရမီရွင္ကစားသမားမ်ိဳးကို အသင္းမွာထိန္းသိမ္းထားႏိုင္ေရးအတြက္လည္းအလြန္အေရးႀကီးေနပါတယ္။

တဖက္တြင္အာဆင္နယ္ဟာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိလွ်င္ေႏြရာသီမွာအသင္းကိုအႀကီးအက်ယ္အားျဖည့္မႈျပဳလုပ္လာဖို႔ရွိေနပါတယ္။၎တို႔ဟာေႏြရာသီမွာထိပ္တန္းတိုက္စစ္မႉးႏွစ္ဦး၊အလယ္တန္းတိုက္စစ္သမားတစ္ဦးႏွင့္ဗဟိုခံစစ္မႉးတစ္ဦးတို႔ေခၚယူရန္စီစဥ္ေနပါတယ္။