ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုမှာအကြီးမားဆုံးအောင်မြင်မှုထဲမှတစ်ခုဖြစ်လာမည်ဟု ကလော့ပ်ဖွင့်ဟ

ပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်ဖလားတို့ဆွတ်ခူးခဲ့တဲ့ဂျာဂင်ကလော့ပ်ကယခုရာသီတွင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းတွင်ရပ်တည်နိုင်ပါကအကြီးမားဆုံးအောင်မြင်မှုများထဲမှတစ်ခုဖြစ်လာမယ်လို့ဆိုသွားပါတယ်။

လီဗာပူးဟာဒဏ်ရာပြဿနာများကြောင့်ယခုရာသီတွင်ရုန်းကန်နေရပြီးပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုမန်စီးတီးအားလွဲပြောင်းပေးထားရပါတယ်။

လီဗာပူးဟာဇန်နဝါရီအစောပိုင်းတုန်းကအမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့ပေမယ့်နောက်ပိုင်းမှာရလဒ်ဆိုးရွားမှုကြောင့်ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ရမယ့်အနေအထားမျိုးနှင့်ရင်ဆိုင်နေရပါတယ်။

ဒါပေမယ့်ချဲလ်ဆီးကအာဆင်နယ်ကိုရှုံးနိမ့်မှု၊မန်ယူနှင့်ဝက်စ်ဘရွန်းတို့အားအနိုင်ရရှိခဲ့မှုတို့ကြောင့်လိဗာပူးဟာချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိလာခဲ့ပါတယ်။

လီဗာပူးဟာယနေ့ညဘန်လေနှင့်အဝေးကွင်းပွဲစဉ်တွင်အနိုင်ရရှိပါကထိပ်ဆုံးလေးသင်းစာရင်းသို့ဝင်ရောက်နိုင်ပါမယ်။

ကလော့ပ်က “တကယ့်ကိုကြီးမားတဲ့အောင်မြင်မှုဖြစ်လာပါမယ်။အကြီးမားဆုံးအောင်မြင်မှုတွေထဲကတစ်ခုဖြစ်လာပါမယ်။ဒါကအမှန်တရားပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိမႈမွာအႀကီးမားဆုံးေအာင္ျမင္မႈထဲမွတစ္ခုျဖစ္လာမည္ဟု ကေလာ့ပ္ဖြင့္ဟ

ပရီးမီးယားလိဂ္ႏွင့္ခ်န္ပီယံလိဂ္ဖလားတို႔ဆြတ္ခူးခဲ့တဲ့ဂ်ာဂင္ကေလာ့ပ္ကယခုရာသီတြင္ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေလးသင္းစာရင္းတြင္ရပ္တည္ႏိုင္ပါကအႀကီးမားဆုံးေအာင္ျမင္မႈမ်ားထဲမွတစ္ခုျဖစ္လာမယ္လို႔ဆိုသြားပါတယ္။

လီဗာပူးဟာဒဏ္ရာျပႆနာမ်ားေၾကာင့္ယခုရာသီတြင္႐ုန္းကန္ေနရၿပီးပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကိုမန္စီးတီးအားလြဲေျပာင္းေပးထားရပါတယ္။

လီဗာပူးဟာဇန္နဝါရီအေစာပိုင္းတုန္းကအမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္တည္ႏိုင္ခဲ့ေပမယ့္ေနာက္ပိုင္းမွာရလဒ္ဆိုး႐ြားမႈေၾကာင့္ခ်န္ပီယံလိဂ္ဝင္ခြင့္လြဲေခ်ာ္ရမယ့္အေနအထားမ်ိဳးႏွင့္ရင္ဆိုင္ေနရပါတယ္။

ဒါေပမယ့္ခ်ဲလ္ဆီးကအာဆင္နယ္ကိုရႈံးနိမ့္မႈ၊မန္ယူႏွင့္ဝက္စ္ဘ႐ြန္းတို႔အားအႏိုင္ရရွိခဲ့မႈတို႔ေၾကာင့္လိဗာပူးဟာခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ရွိလာခဲ့ပါတယ္။

လီဗာပူးဟာယေန႔ညဘန္ေလႏွင့္အေဝးကြင္းပြဲစဥ္တြင္အႏိုင္ရရွိပါကထိပ္ဆုံးေလးသင္းစာရင္းသို႔ဝင္ေရာက္ႏိုင္ပါမယ္။

ကေလာ့ပ္က “တကယ့္ကိုႀကီးမားတဲ့ေအာင္ျမင္မႈျဖစ္လာပါမယ္။အႀကီးမားဆုံးေအာင္ျမင္မႈေတြထဲကတစ္ခုျဖစ္လာပါမယ္။ဒါကအမွန္တရားပါ”လို႔ေျပာၾကားသြားပါတယ္။