ချန်ပီယံလိဂ်ဝင်ခွင့်ရလျှင် ဟာလန်းကို ပေါင်သန်း ၁၃၀ ဖြင့် ဝယ်ယူပေးမယ်လို့ တူချယ်ကို ချဲလ်ဆီးကတိပေး

ချဲလ်ဆီးကနည်းပြသောမတ်စ်တူချယ်အားချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင်ပေးနိုင်လျှင် အာလင်းဟာလန်းအားပေါင်သန်း၁၃၀ဖြင့်ခေါ်ယူပေးသွားမယ်လို့ကတိပြုထားကြောင်းသိရပါတယ်။

ဒေါ့မွန်တိုက်စစ်မှူးဟာယခုရာသီမှာပြိုင်ပွဲအရပ်ရပ်မှာပွဲ၃၀ကစားထားရာမှာ၃၁ဂိုးအထိသွင်းယူထားပြီးဥရောပမှထိပ်သီးကလပ်တိုင်းလိုချင်နေတဲ့တိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။

၎င်းကိုခေါ်ယူလိုနေတဲ့ကလပ်များတွင်ရီးရဲလ်မက်ဒရစ်၊မန်စီးတီး၊မန်ယူတို့အပြင်ချဲလ်ဆီးတို့ကထိပ်ဆုံးမှ ပါဝင်နေပါတယ်။ယင်းကလပ်များဟာဟာလန်းကိုခေါ်ယူရေးအတွက်ငွေများစွာအသုံးပြုရန်လည်းဆုံးဖြတ်ထားကြပါတယ်။

ဟာလန်းရဲ့အေးဂျင့်အဖြစ်ဆောင်ရွက်နေတဲ့မီနိုရိုင်အိုလာကနော်ဝေတိုက်စစ်မှူးကိုခေါ်ယူနိုင်တဲ့ကလပ်ဆယ်ခုမှလေးခုမှာအင်္ဂလန်မှဖြစ်ကြောင်းဖွင့်ဟထားပါတယ်။

အသက်၂၀နှစ်ရှိတိုက်စစ်မှူးကလည်းသူ့အနာဂတ်နဲ့ပတ်သက်ပြီးအေးဂျင့်မီနိုရိုင်အိုလာအားစိတ်ကြိုက် ဆုံးဖြတ်ခွင့်ပေးထားကြောင်းသိရပါတယ်။

ဒေါ့မွန်ကလာမယ့်ရာသီအထိဟာလန်းကိုထိန်းထားလိုသော်လည်းပြောင်းရွှေ့ကြေးပေါင်သန်း၁၃၀ဖြင့်ကမ်းလှမ်းမှုရှိလာလျှင်ရောင်းချသွားမည်ဖြစ်ကြောင်းသိရပါတယ်။

ယင်းသို့အနေအထားကြောင့်ဟာလန်းကိုခေါ်ယူရေးအတွက်ချဲလ်ဆီးနှင့်ရီးရဲလ်မက်ဒရစ်တို့ကထိပ်ဆုံးမှ ရေပန်းစားလာပါတယ်။

ယခုအခါချဲလ်ဆီးအသင်းတာဝန်ရှိသူများကသောမတ်စ်တူချယ်အားလာမယ့်ဘောလုံးရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါကဟာလန်းကိုခေါ်ယူပေးသွားမယ်လို့ကတိပြုထားကြောင်းသိရပါတယ်။

ချဲလ်ဆီးဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၄နေရာမှာရပ်တည်နေပြီးတတိယနေရာမှလက်စတာနှင့်၅မှတ်၊ပဥ္စမနေရာမှဝက်စ်ဟမ်းနှင့်၃မှတ်အသီးသီးကွာဟနေပါတယ်။၎င်းတို့ဟာလာမယ့်တနင်္ဂနွေနေ့မှာရှက်ဖီးလ်ယူနိုက်တက်နှင့်အက်ဖ်အေဖလားကွာတားဖိုင်နယ်ကစားသွားရပါမယ်။

ZawGyi

ခ်န္ပီယံလိဂ္ဝင္ခြင့္ရလွ်င္ ဟာလန္းကို ေပါင္သန္း ၁၃၀ ျဖင့္ ဝယ္ယူေပးမယ္လို႔ တူခ်ယ္ကို ခ်ဲလ္ဆီးကတိေပး

ခ်ဲလ္ဆီးကနည္းျပေသာမတ္စ္တူခ်ယ္အားခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္စြမ္းေဆာင္ေပးႏိုင္လွ်င္ အာလင္းဟာလန္းအားေပါင္သန္း၁၃၀ျဖင့္ေခၚယူေပးသြားမယ္လို႔ကတိျပဳထားေၾကာင္းသိရပါတယ္။

ေဒါ့မြန္တိုက္စစ္မႉးဟာယခုရာသီမွာၿပိဳင္ပြဲအရပ္ရပ္မွာပြဲ၃၀ကစားထားရာမွာ၃၁ဂိုးအထိသြင္းယူထားၿပီးဥေရာပမွထိပ္သီးကလပ္တိုင္းလိုခ်င္ေနတဲ့တိုက္စစ္မႉးတစ္ဦးလည္းျဖစ္ပါတယ္။

၎ကိုေခၚယူလိုေနတဲ့ကလပ္မ်ားတြင္ရီးရဲလ္မက္ဒရစ္၊မန္စီးတီး၊မန္ယူတို႔အျပင္ခ်ဲလ္ဆီးတို႔ကထိပ္ဆုံးမွ ပါဝင္ေနပါတယ္။ယင္းကလပ္မ်ားဟာဟာလန္းကိုေခၚယူေရးအတြက္ေငြမ်ားစြာအသုံးျပဳရန္လည္းဆုံးျဖတ္ထားၾကပါတယ္။

ဟာလန္းရဲ႕ေအးဂ်င့္အျဖစ္ေဆာင္႐ြက္ေနတဲ့မီႏို႐ိုင္အိုလာကေနာ္ေဝတိုက္စစ္မႉးကိုေခၚယူႏိုင္တဲ့ကလပ္ဆယ္ခုမွေလးခုမွာအဂၤလန္မွျဖစ္ေၾကာင္းဖြင့္ဟထားပါတယ္။

အသက္၂၀ႏွစ္ရွိတိုက္စစ္မႉးကလည္းသူ႔အနာဂတ္နဲ႔ပတ္သက္ၿပီးေအးဂ်င့္မီႏို႐ိုင္အိုလာအားစိတ္ႀကိဳက္ ဆုံးျဖတ္ခြင့္ေပးထားေၾကာင္းသိရပါတယ္။

ေဒါ့မြန္ကလာမယ့္ရာသီအထိဟာလန္းကိုထိန္းထားလိုေသာ္လည္းေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၃၀ျဖင့္ကမ္းလွမ္းမႈရွိလာလွ်င္ေရာင္းခ်သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ယင္းသို႔အေနအထားေၾကာင့္ဟာလန္းကိုေခၚယူေရးအတြက္ခ်ဲလ္ဆီးႏွင့္ရီးရဲလ္မက္ဒရစ္တို႔ကထိပ္ဆုံးမွ ေရပန္းစားလာပါတယ္။

ယခုအခါခ်ဲလ္ဆီးအသင္းတာဝန္ရွိသူမ်ားကေသာမတ္စ္တူခ်ယ္အားလာမယ့္ေဘာလုံးရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိပါကဟာလန္းကိုေခၚယူေပးသြားမယ္လို႔ကတိျပဳထားေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၄ေနရာမွာရပ္တည္ေနၿပီးတတိယေနရာမွလက္စတာႏွင့္၅မွတ္၊ပၪၥမေနရာမွဝက္စ္ဟမ္းႏွင့္၃မွတ္အသီးသီးကြာဟေနပါတယ္။၎တို႔ဟာလာမယ့္တနဂၤေႏြေန႔မွာရွက္ဖီးလ္ယူႏိုက္တက္ႏွင့္အက္ဖ္ေအဖလားကြာတားဖိုင္နယ္ကစားသြားရပါမယ္။