ချန်ပီယံလိဂ်ဝင်ခွင့်လွဲခဲ့သော်လည်း လက်စတာမှထွက်ခွာမည်မဟုတ်ဟု ရော်ဂျာအတည်ပြု

ဘရန်ဒန်ရော်ဂျာကချန်ပီယံလိဂ်ဝင်ခွင့်နှင့်လွဲချော်ခဲ့ရသော်လည်းလက်စတာစီးတီးမှထွက်ခွာမည်မဟုတ်ကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။

လီဗာပူးနည်းပြဟောင်းဘရန်ဒန်ရော်ဂျာဟာယခုရာသီတွင်လက်စတာကိုအက်ဖ်အေဖလားဆွတ်ခူးထားနိုင်သူဖြစ်ပြီးလစ်လပ်နေတဲ့စပါးစ်နည်းပြရာထူးအတွက်ထိပ်ဆုံးမှရေပန်းစားနေပါတယ်။

စပါးစ်အသင်းဥက္ကဌလီဗိုင်းကလက်စတာသာချန်ပီယံလိဂ်ဝင်ခွင့်မရရှိလျှင်ရော်ဂျာကိုခေါ်ယူနိုင်ရေးဆွဲဆောင်နိုင်လိမ့်မယ်လို့အပြည့်အဝယုံကြည်နေပါတယ်။

ဒါပေမယ့်ဘရန်ဒန်ရော်ဂျာက “ကျွန်တော်နဲ့ပတ်သက်ပြီးသူတို့(လက်စတာ)စိုးရိမ်စရာမရှိပါဘူး။လကစ်တာစီးတီးမှာဒီမှာနေရာတာကြိုက်ပါတယ်။ကျွန်တော်တို့မျှော်မှန်းထားတာနဲ့လွဲချော်ရလို့(ချန်ပီယံလိဂ်)စိတ်မကောင်းဖြစ်ရတယ်ဆိုပေမယ့်ဒါကကျွန်တော့်ကိုလာမယ့်ရာသီမှာကလပ်ကိုနောက်တစ်ဆင့်သို့ပို့ပေးနိုင်အောင်လုပ်သွားဖို့တွန်းအားပေးနေပါတယ်။လာမယ့်စိတ်လှုပ်ရှားစရာရာသီအတွက်ပြင်ဆင်မှုတွေပြုလုပ်ပြီးအသင့်ဖြစ်အောင်လုပ်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

လက်စတာဟာပရီးမီးယားလိဂ်ရာသီသိမ်းပွဲဖြစ်တဲ့စပါးစ်နဲ့ပွဲစဉ်မှာ၄-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။၎င်းတို့ဟာလာမယ့်ရာသီမှာယူရိုပါလိဂ်ဝင်ခွင့်ရရှိထားပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ဝင္ခြင့္လြဲခဲ့ေသာ္လည္း လက္စတာမွထြက္ခြာမည္မဟုတ္ဟု ေရာ္ဂ်ာအတည္ျပဳ

ဘရန္ဒန္ေရာ္ဂ်ာကခ်န္ပီယံလိဂ္ဝင္ခြင့္ႏွင့္လြဲေခ်ာ္ခဲ့ရေသာ္လည္းလက္စတာစီးတီးမွထြက္ခြာမည္မဟုတ္ေၾကာင္းအတည္ျပဳေျပာၾကားလိုက္ပါတယ္။

လီဗာပူးနည္းျပေဟာင္းဘရန္ဒန္ေရာ္ဂ်ာဟာယခုရာသီတြင္လက္စတာကိုအက္ဖ္ေအဖလားဆြတ္ခူးထားႏိုင္သူျဖစ္ၿပီးလစ္လပ္ေနတဲ့စပါးစ္နည္းျပရာထူးအတြက္ထိပ္ဆုံးမွေရပန္းစားေနပါတယ္။

စပါးစ္အသင္းဥကၠဌလီဗိုင္းကလက္စတာသာခ်န္ပီယံလိဂ္ဝင္ခြင့္မရရွိလွ်င္ေရာ္ဂ်ာကိုေခၚယူႏိုင္ေရးဆြဲေဆာင္ႏိုင္လိမ့္မယ္လို႔အျပည့္အဝယုံၾကည္ေနပါတယ္။

ဒါေပမယ့္ဘရန္ဒန္ေရာ္ဂ်ာက “ကြၽန္ေတာ္နဲ႔ပတ္သက္ၿပီးသူတို႔(လက္စတာ)စိုးရိမ္စရာမရွိပါဘူး။လကစ္တာစီးတီးမွာဒီမွာေနရာတာႀကိဳက္ပါတယ္။ကြၽန္ေတာ္တို႔ေမွ်ာ္မွန္းထားတာနဲ႔လြဲေခ်ာ္ရလို႔(ခ်န္ပီယံလိဂ္)စိတ္မေကာင္းျဖစ္ရတယ္ဆိုေပမယ့္ဒါကကြၽန္ေတာ့္ကိုလာမယ့္ရာသီမွာကလပ္ကိုေနာက္တစ္ဆင့္သို႔ပို႔ေပးႏိုင္ေအာင္လုပ္သြားဖို႔တြန္းအားေပးေနပါတယ္။လာမယ့္စိတ္လႈပ္ရွားစရာရာသီအတြက္ျပင္ဆင္မႈေတြျပဳလုပ္ၿပီးအသင့္ျဖစ္ေအာင္လုပ္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

လက္စတာဟာပရီးမီးယားလိဂ္ရာသီသိမ္းပြဲျဖစ္တဲ့စပါးစ္နဲ႔ပြဲစဥ္မွာ၄-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။၎တို႔ဟာလာမယ့္ရာသီမွာယူ႐ိုပါလိဂ္ဝင္ခြင့္ရရွိထားပါတယ္။