
လီဗာပူးစတားမိုဟာမက်ဆာလက်ဟာ လာမယ့်ရာသီတွင် လီဗာပူးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးလိုက်ရမှုအပေါ် အကြီးအကျယ် စိတ်ပျက်လျက်ရှိ နေပါတယ်။
လီဗာပူးဟာ မနေ့ညတုန်းက ယူနိုက်တက်မှာ ချဲလ်ဆီးကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိသွားမှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် မရတော့ဘဲ ယူရိုပါလိဂ်သာ ဝင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
လီဗာပူးဟာ အဆင့် ၅ နေရာဖြင့် လာမယ့်ရာသီ ယူရိုပါလိဂ်သာ ဝင်ခွင့်ရပါတော့တယ်။ ယူနိုက်တက်ကတော့ ချဲလ်ဆီးနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားခဲ့ပါတယ်။
အသက် ၃၀ နှစ်ရှိ ဆာလက်က “ခင်ဗျား(ပရိသတ်)တွေကိုရော ကိုယ့်ကိုယ်ကိုယ်ရော နိမ့်ကျအောင် လုပ်ခဲ့တယ်။ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လိုအပ်တာတွေ အားလုံး ရှိနေခဲ့တယ်။ ဒါပေမဲ့ ကျရှုံးခဲ့တယ်။ ကျွန်တော်တို့က လီဗာပူးပါ။ ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာ ကျွန်တော်တို့ရဲ့အသေးငယ်ဆုံးရည်မှန်းချက်ပါ။ တောင်းပန်ပါတယ်။ ဒါပေမဲ့ အကောင်းမြင်ဖို့ စောသေးသလို စိတ်ဓာတ်မြှင့်ဖို့လည်း စောသေးတယ်”လို့ ပြောကြားသွားပါတယ်။
မိုဟာမက်ဆာလက်ဟာ ပြီးခဲ့တဲ့နွေတုန်းက လီဗာပူးနှင့် ၃ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ သူဟာ ယခုရာသီတွင် လီဗာပူးအတွက် ပရီးမီးယားလိဂ်ဂိုး ၁၉ ဂိုးသွင်းနိုင်ခဲ့ပါတယ်။