ချန်ပီယံလိဂ်သမိုင်းတွင် ပွဲအများဆုံးကစားသူဖြစ်လာခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာဗီလာရီးရဲလ်ကိုမန်ယူကအနိုင်ရရှိတဲ့ပွဲစဉ်မှာချန်ပီယံလိဂ်သမိုင်းတွင်ပွဲအများဆုံးကစားသူအဖြစ်သမိုင်းမှတ်တမ်းရေးထိုးလာပါတယ်။

ပေါ်တူဂီစူပါစတားဟာဗီလာရီးရဲလ်နှင့်ပွဲမှာချန်ပီယံလိဂ်ပွဲ၁၇၈ပွဲမြောက်ပွဲအဖြစ်ကစားခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲစဉ်မှာခရစ္စတီယာနိုရော်နယ်ဒိုဟာနာကျင်အချိန်ပို၉၅မိနစ်မှာမန်ယူအတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါသေးတယ်။

ဗီလာရီးရဲလ်နှင့်ပွဲတွင်ပါဝင်ကစားမှုနဲ့အတူခရစ္စတီယာနိုရော်နယ်ဒိုဟာချန်ပီယံလိဂ်သမိုင်းတွင်ပွဲအများဆုံးကစားသူအဖြစ်ရပ်တည်နေခဲ့တဲ့ကာဆီးလက်စ်ထက်တစ်ပွဲပိုကစားပြီးချန်ပီယံလိဂ်သမိုင်းတွင်ပွဲအများဆုံးကစားသူဖြစ်လာခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုအတွက်ပိုပြီးတော့အမှတ်ရစရာကောင်းစေတာကတော့အဖိုးတန်အနိုင်ဂိုးကိုလည်းနာကျင်အချိန်ပိုမှာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာ၉၅မိနစ်အနိုင်ဂိုးကြောင့်မန်ယူရဲ့ချန်ပီယံလိဂ်ဂိုးသမိုင်းတွင်နောက်အကျဆုံးဂိုးဖြစ်လာခဲ့ပါတယ်။

တစ်ဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးကချန်ပီယံလိဂ်၁၃၆ဂိုးမြောက်ဂိုးဖြစ်ပြီးချန်ပီယံလိဂ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူစံချိန်သစ်ကိုလည်းဆက်လက်ရေးထိုးနေပါတယ်။

ရော်နယ်ဒိုဟာချန်ပီယံလိဂ်ပွဲ၁၇၈ပွဲမှာ၁၃၆ဂိုးသွင်းယူထားနိုင်ပြီး ချန်ပီယံလိဂ်တစ်ရာသီအတွင်းသွင်းဂိုးအများဆုံးမှတ်တမ်းအဖြစ်၁၇ဂိုးဖြင့်ရပ်တည်နေပါတယ်။ဒါ့အပြင်သူဟာရှုံးထွက်အဆင့်မှာဂိုးအများဆုံးသွင်းယူသူအဖြစ်၆၇ဂိုးဖြင့်လည်း ရပ်တည်နေပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္သမိုင္းတြင္ ပြဲအမ်ားဆုံးကစားသူျဖစ္လာခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ကြင္းမွာဗီလာရီးရဲလ္ကိုမန္ယူကအႏိုင္ရရွိတဲ့ပြဲစဥ္မွာခ်န္ပီယံလိဂ္သမိုင္းတြင္ပြဲအမ်ားဆုံးကစားသူအျဖစ္သမိုင္းမွတ္တမ္းေရးထိုးလာပါတယ္။

ေပၚတူဂီစူပါစတားဟာဗီလာရီးရဲလ္ႏွင့္ပြဲမွာခ်န္ပီယံလိဂ္ပြဲ၁၇၈ပြဲေျမာက္ပြဲအျဖစ္ကစားခဲ့တာျဖစ္ပါတယ္။အဆိုပါပြဲစဥ္မွာခရစၥတီယာႏိုေရာ္နယ္ဒိုဟာနာက်င္အခ်ိန္ပို၉၅မိနစ္မွာမန္ယူအတြက္အဖိုးတန္အႏိုင္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါေသးတယ္။

ဗီလာရီးရဲလ္ႏွင့္ပြဲတြင္ပါဝင္ကစားမႈနဲ႔အတူခရစၥတီယာႏိုေရာ္နယ္ဒိုဟာခ်န္ပီယံလိဂ္သမိုင္းတြင္ပြဲအမ်ားဆုံးကစားသူအျဖစ္ရပ္တည္ေနခဲ့တဲ့ကာဆီးလက္စ္ထက္တစ္ပြဲပိုကစားၿပီးခ်န္ပီယံလိဂ္သမိုင္းတြင္ပြဲအမ်ားဆုံးကစားသူျဖစ္လာခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ပိုၿပီးေတာ့အမွတ္ရစရာေကာင္းေစတာကေတာ့အဖိုးတန္အႏိုင္ဂိုးကိုလည္းနာက်င္အခ်ိန္ပိုမွာသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၉၅မိနစ္အႏိုင္ဂိုးေၾကာင့္မန္ယူရဲ႕ခ်န္ပီယံလိဂ္ဂိုးသမိုင္းတြင္ေနာက္အက်ဆုံးဂိုးျဖစ္လာခဲ့ပါတယ္။

တစ္ဖက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဂိုးကခ်န္ပီယံလိဂ္၁၃၆ဂိုးေျမာက္ဂိုးျဖစ္ၿပီးခ်န္ပီယံလိဂ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူစံခ်ိန္သစ္ကိုလည္းဆက္လက္ေရးထိုးေနပါတယ္။

ေရာ္နယ္ဒိုဟာခ်န္ပီယံလိဂ္ပြဲ၁၇၈ပြဲမွာ၁၃၆ဂိုးသြင္းယူထားႏိုင္ၿပီး ခ်န္ပီယံလိဂ္တစ္ရာသီအတြင္းသြင္းဂိုးအမ်ားဆုံးမွတ္တမ္းအျဖစ္၁၇ဂိုးျဖင့္ရပ္တည္ေနပါတယ္။ဒါ့အျပင္သူဟာရႈံးထြက္အဆင့္မွာဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္၆၇ဂိုးျဖင့္လည္း ရပ္တည္ေနပါတယ္။