ချန်ပီယံလိဂ်သမိုင်းမှတ်တမ်းရေးထိုးခဲ့တဲ့ ပီအက်စ်ဂျီရဲ့အသက် ၁၆နှစ်အရွယ်ပါရမီရှင်

ပီအက်စ်ဂျီရဲ့အသက်၁၆နှစ်အရွယ်လူငယ်ပါရမီရှင်ဝါရန်းဇိုင်ရီအမ်မရီဟာချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင်အသက်အငယ်ဆုံးပွဲထွက်ကစားခွင့်ရသူအဖြစ်သမိုင်းမှတ်တမ်းရေးထိုးလာပါတယ်။

၂၀၀၆ခုနှစ်ဖွားတောင်ပံကစားသမားဝါရန်းဇိုင်ရီအမ်မရီဟာအသက်၁၆နှစ်နှင့်၃၄၃ရက်ဖြင့်သမိုင်းမှတ်တမ်းရေးထိုးလာတာလည်းဖြစ်ပါတယ်။

သူဟာယခုရာသီတွင်ပီအက်စ်ဂျီအတွက်၁၅ပွဲကစားထားကာ၃ဂိုးသွင်းထားသူဖြစ်ပြီး ALIEN လို့အမည်ပြောင်ပေးထားခြင်းခံထားရပါတယ်။

ပီအက်စ်ဂျီဟာဇိုင်ရီအမ်မရီ၊လီယွန်နယ်မက်ဆီ၊ဆာဂျီယိုရာမို့စ်တို့နှင့် ဘိုင်ယန်မြူးနစ်ကိုရင်ဆိုင်ခဲ့ပေမဲ့လည်းရှုံးနိမ့်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာဒုတိယပိုင်းတွင်ကင်စလေကိုးမန်းသွင်းယူတဲ့တစ်လုံးတည်းသောဂိုးကြောင့်၁-၀ဂိုးဖြင့်အိမ်ကွင်းမှာရှုံးနိမ့်သွားခဲ့တာဖြစ်ပြီးချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်ရေးခက်ခဲသွားပြီဖြစ်ပါတယ်။

ZawGyi





