ချန်ပီယံလိဂ်သေမင်းတမန်အုပ်စုမှာကျရောက်ဖို့ ရှိနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာမန်စီးတီးကိုအနိုင်ရရှိကာချန်ပီယံလိဂ်ဖလားကိုပူပူနွေးနွေးဆွတ်ခူးထားပေမယ့်လာမယ့်နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာသေမင်းတမန်အုပ်စုအတွင်းမှာကျရောက်မယ့်အခြေအနေဆိုးနှင့်ရင်ဆိုင်နေရပါတယ်။

ချဲလ်ဆီးဟာစနေနေ့တုန်းကပေါ်တူဂီမှာကိုင်ဟာဗတ်ဇ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်မန်စီးတီးကိုအနိုင်ရရှိကာချန်ပီယံဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်မဲခွဲမှုရဲ့မဲအိုးနံပါတ်(၁)မှာအင်္ဂလန်ရဲ့မန်စီးတီး၊ပြင်သစ်ရဲ့လိုင်လီ၊ဂျာမနီရဲ့ဘိုင်ယန်မြူးနစ်၊အီတလီရဲ့အင်တာမီလန်၊စပိန်ရဲ့အက်သလက်တီကို၊ပေါ်တူဂီရဲ့စပို့တင်းလစ္စဘွန်းတို့နဲ့အတူရှိနေပါမယ်။

အနောက်လန်ဒန်သားများဟာနွေရာသီမှာဗီလာရီးရဲလ်နှင့်ဥရောပစူပါဖလားပွဲကစားရဦးမယ့်အပြင်ယခုနှစ်နှောင်းပိုင်းမှာဖီဖာကမ္ဘာ့ကလပ်ဖလားကစားရပါဦးမယ်။

ဒါပေမယ့်၎င်းတို့ဟာလာမယ့်၂၀၂၁-၂၂ဘောလုံးရာသီမှာချန်ပီယံလိဂ်အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ဖို့ခက်ခက်ခဲခဲကြိုးစားရပါမယ်။

ချဲလ်ဆီးဟာမဲအိုး(၂)မှာရှိနေတဲ့ချန်ပီယံမဖြစ်ခဲ့တဲ့ဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်၊ပီအက်စ်ဂျီတို့မှတစ်ဆင့်နှင့်ဆုံပါမယ်။ဒါ့အပြင်မဲအိုး(၃)တွင်ရှိနေကြမယ့်အေဂျက်စ်(သို့မဟုတ်)လိုက်ဇစ်တို့နှင့်လည်းရင်ဆိုင်ရပါမယ်။အခြားတစ်ဖက်တွင်ချန်ပီယံလိဂ်သို့တစ်ကျော့ပြန်ရောက်လာတဲ့အေစီမီလန်မှာလည်းမဲအိုး(၄)တွင်နေရာချဲလ်ဆီးနှင့်ရင်ဆိုင်ရနိုင်ပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာချန်ပီယံလိဂ်ဖလားဆွတ်ခူးထားနိုင်မှုနဲ့အတူနွေရာသီအပြောင်းအရွှေ့မှာကစားသမားခေါ်ယူအားဖြည့်ဖို့ငွေအလုံအလောက်ရရှိဖို့ရှိနေပါတယ်။ဒါ့အပြင်တူချယ်ဟာစာချုပ်သစ်လည်းချုပ်ဆိုခြင်းခံရဖို့ရှိပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ေသမင္းတမန္အုပ္စုမွာက်ေရာက္ဖို႔ ရွိေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာမန္စီးတီးကိုအႏိုင္ရရွိကာခ်န္ပီယံလိဂ္ဖလားကိုပူပူေႏြးေႏြးဆြတ္ခူးထားေပမယ့္လာမယ့္ႏွစ္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေသမင္းတမန္အုပ္စုအတြင္းမွာက်ေရာက္မယ့္အေျခအေနဆိုးႏွင့္ရင္ဆိုင္ေနရပါတယ္။

ခ်ဲလ္ဆီးဟာစေနေန႔တုန္းကေပၚတူဂီမွာကိုင္ဟာဗတ္ဇ္ရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္မန္စီးတီးကိုအႏိုင္ရရွိကာခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ခ်န္ပီယံလိဂ္မဲခြဲမႈရဲ႕မဲအိုးနံပါတ္(၁)မွာအဂၤလန္ရဲ႕မန္စီးတီး၊ျပင္သစ္ရဲ႕လိုင္လီ၊ဂ်ာမနီရဲ႕ဘိုင္ယန္ျမဴးနစ္၊အီတလီရဲ႕အင္တာမီလန္၊စပိန္ရဲ႕အက္သလက္တီကို၊ေပၚတူဂီရဲ႕စပို႔တင္းလစၥဘြန္းတို႔နဲ႔အတူရွိေနပါမယ္။

အေနာက္လန္ဒန္သားမ်ားဟာေႏြရာသီမွာဗီလာရီးရဲလ္ႏွင့္ဥေရာပစူပါဖလားပြဲကစားရဦးမယ့္အျပင္ယခုႏွစ္ေႏွာင္းပိုင္းမွာဖီဖာကမာၻ႔ကလပ္ဖလားကစားရပါဦးမယ္။

ဒါေပမယ့္၎တို႔ဟာလာမယ့္၂၀၂၁-၂၂ေဘာလုံးရာသီမွာခ်န္ပီယံလိဂ္အုပ္စုအဆင့္ကိုေက်ာ္ျဖတ္ႏိုင္ဖို႔ခက္ခက္ခဲခဲႀကိဳးစားရပါမယ္။

ခ်ဲလ္ဆီးဟာမဲအိုး(၂)မွာရွိေနတဲ့ခ်န္ပီယံမျဖစ္ခဲ့တဲ့ဘာစီလိုနာ၊ရီးရဲလ္မက္ဒရစ္၊ဂ်ဴဗင္တပ္၊ပီအက္စ္ဂ်ီတို႔မွတစ္ဆင့္ႏွင့္ဆုံပါမယ္။ဒါ့အျပင္မဲအိုး(၃)တြင္ရွိေနၾကမယ့္ေအဂ်က္စ္(သို႔မဟုတ္)လိုက္ဇစ္တို႔ႏွင့္လည္းရင္ဆိုင္ရပါမယ္။အျခားတစ္ဖက္တြင္ခ်န္ပီယံလိဂ္သို႔တစ္ေက်ာ့ျပန္ေရာက္လာတဲ့ေအစီမီလန္မွာလည္းမဲအိုး(၄)တြင္ေနရာခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ရႏိုင္ပါတယ္။

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာခ်န္ပီယံလိဂ္ဖလားဆြတ္ခူးထားႏိုင္မႈနဲ႔အတူေႏြရာသီအေျပာင္းအေ႐ႊ႕မွာကစားသမားေခၚယူအားျဖည့္ဖို႔ေငြအလုံအေလာက္ရရွိဖို႔ရွိေနပါတယ္။ဒါ့အျပင္တူခ်ယ္ဟာစာခ်ဳပ္သစ္လည္းခ်ဳပ္ဆိုျခင္းခံရဖို႔ရွိပါတယ္။